ပန်ထွာဘုရင်မ

( 1 မှတ်ချက်)

6000 (ကျပ်)

စာမျက်နှာ

243

စာအုပ်အရွယ်အစား

5 x 0.4 x 8.1 inches

ပုံနှိပ်မှတ်တမ်း

အားမာန်သစ်စာပေ၊ 2007 ဇူလိုင်လ (ပ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

14.3.2024 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 6000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

5 in stock

ပန်ထွာဘုရင်မ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    ဒီနေ့တော့ စိမ့်(ပညာရေး)ရေးထားတဲ့
    ပန်ထွာဘုရင်မ အကြောင်း စာအုပ်လေး
    ဖတ်ဖြစ်ပါတယ်။

    ငယ်စဥ် ဗိဿနိုး မင်းသမီးလေး
    ဘဝကတည်းက၊ ပထွေးတော် ကုမ္ဘဝတီဘုရင်မင်းမြတ် လမ်းညွှန် သင်ယူစေတဲ့
    စစ်အတတ်ပညာ၊ ဗိဿနိုးပြည်မှာ
    ရှိတဲ့ အိုးလုပ်ငန်း၊ မြေပုတီး၊ ကျောက်ပုတီး၊ ကော်ပုတီးလုပ်ငန်း၊ ထန်းလုပ်ငန်း၊ရက်ကန်းပညာ၊ ပျူဒဂ်ါးအမျိုးအစားများ အစရှိတဲ့ ပညာရပ်အမျိုးမျိုးကို
    လေ့လာ သင်ကြားခဲ့တယ်။

    မင်းသမီးလေးက ပညာပြည့်ဝပြီး
    ယုံကြည်မှူလည်း ရှိတယ်။
    သက်တော်ရှည် ဘိုးဘိုးရဲ့
    အဆုံးအမတွေကိုလည်း နာခံတယ်။
    တကယ်ကို အဆင်းရော အချင်းပါ
    ပြည့်စုံတဲ့ မင်းသမီးလေး။

    ပထွေးတော် ကုမ္ဘဝတီဘုရင် နတ်ရွာစံတော့ ပန်ထွာပြည်ရဲ့
    ဘုရင်မ ဖြစ်လာတယ်။

    မောင်နှစ်မ ဝမ်းကွဲတော်စပ်သူ ဒွတ္တပေါင်ဘုရင်မင်းမြတ်က မေတ္တာ
    ထားသလောက် ပန်ထွာဘုရင်မ ရင်ထဲမှာတော့ အမျက်ရန်ငြိုးတွေနဲ့သာ
    ပြည့်နေခဲ့တယ်။

    ဂေါတမဘုရားအလောင်းတော်လက်ထက်….ပွေးဖို၊ ပွေးမ ဘဝကစလို့
    ဘဝအဆက်ဆက် အာဃတ တရားတွေ
    ထားခဲ့တဲ့ ပန်ထွာ….။

    ဒွတ္တပေါင်ဘုရင်ရဲ့ သိမ်းပိုက်ခြင်းကိုခံရ၊
    ဗိဿနိုးပြည်ကြီး ပျက်စီးခြင်းအဖြစ်ကိုရောက်ခဲ့ရတာတော့ ဝမ်းနည်းစရာကောင်းလွန်းတယ်။

    အဆုံးသတ်ထိ…. အမုန်းနဲ့
    လက်စားချေ သွားခဲ့တာပေါ့။

    ဒွတ္တပေါင်ဘုရင်ကလည်း မေတ္တာ
    တချက်ကလေးတောင် မပြတ်ခဲ့ဘူးရယ်။

    အမုန်းတရားတွေဟာ ကြောက်ဖို့ကောင်းတဲ့အပြင် ကြေကွဲစရာလည်း
    ကောင်းလွန်းပါတယ်။

    ဖတ်ရတာ စိတ်ဝင်စားဖို့ ကောင်းတာမို့
    ရာဇဝင်တွေ ဖတ်ရတာ သဘောကျခဲ့တဲ့
    ငယ်ဘဝကိုတောင် ပြန်သတိရမိတယ်။

    ဖတ်ရင်း သဘောကျမိတဲ့
    စကားလေး တစ်ခုလည်းရှိတယ်။…။

    အမှန်မတော့ လောကကြီးမှာ
    ကိုယ့်ဘဝကိုယ် ပျော်ဖို့က အရေးကြီးဆုံးပါပဲတဲ့….။ (တပ်မှူးလေး နန္ဒ)

    စိမ့်(ပညာရေး)ရဲ့ တခြားစာအုပ်တွေလည်း ဖတ်ကြည့်ဖို့ တွေးထားတယ်။✨️

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

စိမ့် (ပညာရေး) စာအုပ်များ