ဦးလည်မသုန်

( 0 မှတ်ချက်)

10000 (ကျပ်)

စိတ်ဝင်စားဖွယ် ကောင်းလှတဲ့ စပိုင် တယောက်ရဲ့ အသေးစိတ် ဇာတ်လမ်း။

‘ ဦးလည်မသုန် ‘ စာအုပ်ဟာ ဒုတိယ ကမ္ဘာစစ် ကာလက အင်္ဂလန် နိုင်ငံ ဝန်ကြီးချုပ် ဝင်စတန် ချာချီရဲ့ စိတ်အချရဆုံး လူငယ် စပိုင် တယောက်ရဲ့ဖြစ်ရပ်မှန် ဝတ္ထု တပုဒ်ပါ။
သူ့အကြောင်း တရားဝင် ဘယ်မှာမှ မဖော်ပြခဲ့ပေမဲ့ သူဟာ အမှန်တကယ် ရှိခဲ့တဲ့ လူတယောက်လို့ မူရင်း စာရေးသူက ဆိုပါတယ်။

ဒါပေမဲ့ သူ့ နာမည် အမှန်ကတော့ ဝတ္ထုထဲကလို ‘ ခရစ္စတိုဖာ ခရိုက်တန် ‘ တော့ မဟုတ်ပါဘူးတဲ့။ ခရစ္စတိုဖာနှင့် မစ္စတာ ချာချီတို့ဟာ ၁၉၃၅ ခု ဇွန်လမှာ စတင် သိကျွမ်းခဲ့ကြတယ်။
အဲဒီ အချိန်က ဒုတိယ ကမ္ဘာစစ် မဖြစ်ခင် ကာလ။ ၁၉၃၉ ခု ခရစ္စတိုဖာ အသက် ၁၄ နှစ်သားမှာ ဂျာမနီက ပိုလန်ကို သိမ်းပိုက်လိုက်တယ်။ အင်္ဂလန်က ဂျာမနီကို စစ်ကြေငြာတယ်။
မစ္စတာ ချာချီက ခရစ္စတိုဖာကို တိုးတိုးတိတ်တိတ် ဆင့်ခေါ်ပြီး ‘ အင်္ဂလန် အတွက် သူလျှို လုပ်ပေးဖို့ ‘ တောင်းဆိုလာတယ်။ ခရစ္စတိုဖာ လုပ်ရမှာက ဘယ်လ်ဂျီယံ နိုင်ငံထဲမှာ ရှိနေတဲ့
ဂျာမန်တို့ရဲ့ စစ်ရေး အနေအထားကို စုံစမ်းဖို့။ ‘ နိုင်ငံတော် လျှို့ဝှက်ချက်တွေကို
မင်းလို ကောင်လေး တယောက်က သူလျှို လုပ်နေတယ်လို့ ဘယ်သူက ထင်မှာလဲ ‘ သည်လိုနှင့် ခရစ္စတိုဖာဟာ အသက် ၁၄ နှစ်မှာ ချာချီရဲ့ အထူး လျှို့ဝှက် စပိုင် တယောက် ဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာလည်း သူဟာ အရွယ်နှင့် မလိုက်အောင် လျှို့ဝှက် စွန့်စားခန်း များစွာ လုပ်ခဲ့ရတယ်။

ပုလဲ ဆိပ်ကမ်း ဗုံးကြဲမှုကို ကြိုတင် သတင်းရထားတဲ့ မဟာမိတ် ရေငုပ် သင်္ဘော တစီးကိုလည်း သူ သွေးအေးအေးနှင့် မြှုပ်ပစ်ခဲ့ရတယ်။ ရည်ရွယ်ချက်က စစ်ကို ရှောင်ဖယ်ဖယ် လုပ်နေတဲ့ အမေရိကန်တွေ စစ်ထဲ ပါလာဖို့။ အဲဒီနောက် သူ တာဝန်ကျလာတာကတော့
ဂျာမန် စပိုင် တယောက် အဖြစ် ဟန်ဆောင် လှုပ်ရှားဖို့။ သူ့ကို စိတ်ချရတဲ့ ‘ ဂျာမန် စပိုင် ‘ အဖြစ် ယုံကြည်ဖို့ရာ နှစ်နှင့် ချီပြီး သတင်း အမှန်တွေ ပေးခဲ့ရတယ်။ နောက်ဆုံး စစ်ပွဲကြီးရဲ့ အဆုံးအဖြတ် ပေးမယ့် နော်မန်ဒီ ကမ်းတက် တိုက်ပွဲမှာမှ အရေးကြီးတဲ့ သတင်း အမှားတွေကို ဂျာမန်တွေဆီ ပေးပြီး တပတ် ရိုက်နိုင်ခဲ့တယ်။ စစ်ကြီး ပြီးသွားတဲ့အခါ ဝင်စတန်ချာချီက သူ့ကို ‘ ကမ္ဘာပေါ်မှာ ဟစ်တလာကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့တာ မင်းရယ်၊ ငါရယ်၊ ချည့်နဲ့နေတဲ့ လူ လက်တဆုပ်စာရယ်ပဲ ‘ လို့ ချီးကျူးစကား ပြောခဲ့ပါတယ်။

သူ တာဝန် ထမ်းဆောင်ခဲ့ရတဲ့ ကာလ အတွင်းမှာ ရန်သူတွေတင်မက မိတ်ဆွေတွေကော၊သူ့ရဲ့ ပထမဆုံး ရည်းစားဦးကိုပါ မကျန် သူကိုယ်တိုင် သုတ်သင်ခဲ့ရပါသေးတယ်။

စာမျက်နှာ

479

စာအုပ်အရွယ်အစား

5.2 x 0.6 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဘဝတက္ကသိုလ်စာပေ၊ 2023 ဇန်ဝါရီလ (ဒုတိယအကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဦးလည်မသုန်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

စာအုပ် မိတ်ဆက်ခြင်း

 

 

မောင်ရဲခိုင် စာအုပ်များ