ခြေတစ်လှမ်းအကွာက သူတို့နေရာ

( 0 မှတ်ချက်)

5000 (ကျပ်)

◽ စာရေးသူမှာ အလုပ်ကိစ္စဖြင့် တရုတ်နိုင်ငံ၊ ရွှေလီ နဲ့ ကျယ်ဂေါင် မြို့တွေမှာ အချိန်ကာလတစ်ခုကြာ နေထိုင်ခဲ့ပါတယ်။ အတိအကျဆိုရင် ၂၀၁၄ နှစ်ကုန်ခါနီးကနေ ၂၀၂၀ နှစ်ဆန်းထိ ငါးနှစ်ကြာ ဖြတ်သန်းခဲ့၊ မြင်တွေ့ခဲ့တဲ့ အတွေ့အကြုံနဲ့ အမြင်များကို ‘ခြေတစ်လှမ်းအကွာက သူတို့နေရာ’ မှာ ဖတ်ရှုရမှာပါ။

◽ စာရေးသူဟာ မြန်မာနိုင်ငံရဲ့ ခြေတစ်လှမ်းအကွာ ဟိုဘက်အရပ်ဒေသမှာရှိတဲ့ နိုင်ငံခြားတိုင်းပြည်မှာ နေထိုင်ပြီး ဒီစာအုပ်ကို ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစာအုပ်ထဲမှာ စာဖတ်သူတို့ ဖတ်ရှုရမှာ နားလည်မလွယ် ခေါင်းရှုပ်မဲ့ နိုင်ငံရပ်ခြား စကားလုံးတွေ၊အသုံးအနှုန်းတွေ ပါဝင်မှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံ ရွှေလီ နဲ့ ကျယ်ဂေါင်မြို့တွေက မြန်မာတစ်ယောက်ရဲ့ ခြေလှမ်းတွေကို စာရေးသူနဲ့ ထပ်တူ လိုက်လံ ဖတ်ရှုရမှာပါ။ တစ်နည်းအားဖြင့် စာရေးသူ တရုတ်ပြည်မှာ ငါးနှစ်ကြာကာလအတွင်း သွားလာ လှုပ်ရှား မြင်တွေ့ ရတာတွေကို စာဖတ်သူအား လက်ဆွဲခေါ်သွားပြီး ပြောပြနေသလို ခံစားရမှာ မလွဲပါဘူး။

◽ ရွှေလီရောက် မြန်မာတစ်ယောက်ရဲ့ အတွေ့အကြုံ မှတ်တမ်းမှာ စာရေးသူဟာ တရုတ်ပြည်နဲ့ မြန်မာပြည်ကြား ဘာတွေ ဘယ်လိုကွာလဲ ဆိုတာတွေကို စာရေးသူတစ်ယောက်ရဲ့ အတတ်ပညာနဲ့ လှလှလေး ခြယ်မှုန်းရေးသားထားတယ်။ စာရေးသူရဲ့ တင်ပြမှု ကောင်းပုံကြောင့် အချို့နေရာတွေမှာ ခွိခနဲ ရယ်ရသလို အချို့နေရာတွေမှာလည်း စုတ်တသတ်သတ်နဲ့ သက်ပြင်းချရမယ်။ သင်ခန်းစာ ယူစရာတွေ မြင်ရမှာ ဖြစ်သလို ခံပြင်းစရာများလည်း တွေ့ရမယ်။ ကိုပေါက် (မန္တလေး) ရဲ့ ရေးဟန်က ခပ်သွက်သွက်နဲ့ ဆွဲခေါ်သွားတဲ့အတွက် ဒီစာအုပ်ကို ဖတ်ရှုနေရင်း ခြေတစ်လှမ်းအကွာက သူတို့နေရာကို ကိုယ်တိုင်ရောက်သွားသလို ခံစားမိကြမယ်။ စာရေးသူ ကိုပေါက် (မန္တလေး) ကတော့ ခြေတစ်လှမ်းအကွာက သူတို့နေရာ နဲ့ ပတ်သက်ပြီး “ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်း ဆိုတာထက် အဆင်ပြေခြင်း၊ မပြေခြင်းတွေကို ဦးစားပေးလုပ်ကိုင်ပြီး ဘဝရပ်တည်ရေးအတွက် ရုန်းကန်ခဲ့ရတဲ့ အချိန်က အကြောင်းတွေပေါ့” လို့ ဆိုထားပါတယ်။

စာမျက်နှာ

130

စာအုပ်အရွယ်အစား

5.4 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊2024၊ မတ်လ(ပထမအကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ခြေတစ်လှမ်းအကွာက သူတို့နေရာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကိုပေါက် (မန္တလေး) စာအုပ်များ