ညီ

( 34 မှတ်ချက်)

9000 (ကျပ်)

စည်းတွေကြား ချည်နှောင်ရစ်ဖွဲ့ထားတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို အလှဆုံးဖော်ကျူးရေးဖွဲ့ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် …

စာမျက်နှာ

304

စာအုပ်အရွယ်အစား

5.5 × 1 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2023 နိုဝင်ဘာလ (စတုတ္တ အကြိမ်)

စျေးနှုန်းအပြောင်းလဲ

10.11.2023 ရက်နေ့မှစ၍ပင်ရင်းထုတ်ဝေတိုက်မှ 9000 (ကျပ်) စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

36 in stock

ညီ အား ဝေဖန်သုံးသပ်မှု 34 ရှိပါသည်။

  1. MYA MYAT CHAL

    သဘောကျတဲ့ စာရေးသူရဲ့ စာအုပ်ကို လက်ဝယ်ပိုင်ဆိုင်ရတာ အရမ်းကို ပျော်မိပါတယ်။

  2. Hnin Ei Phu Ngon

    ပထမဆုံးအကြိမ်စဖတ်ကြည့်မှာပါရှင်

  3. Swam Ye Htet (verified owner)

    သိပ်ဖတ်လို့ ကောင်းတယ်။ အရေးအသားလေး ရှုပ်နေတာကလွဲရင် ဇာတ်လမ် ဇာတ်အိမ်က သိပ်ကောင်းတယ်။

  4. Bookalicious (verified owner)

    ” ယောက်ျားနှစ်ယောက်ကရော ဒီတိုင်း တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုးနဲ့ချစ်ခွင့် မရှိတော့ဖူးလား။ ကျား/မ သဘာ၀ကျကျချစ်မှ ဖြူစင်တဲ့အချစ်လား။ အဲ့မှာကော ယစ်မူးခြင်းတွေ၊ ဆန္ဒတွေ မပါတော့ဖူးတဲ့လား။ ခု သူတို့တွေတစ်ယောက်နဲ့တစ်ယောက် ချစ်ကြတာမှာ ဘာမှမပါဘူး။ ”
    💎 💎 💎 💎 💎
    ငယ်စဉ်က‌လေးဘ၀ထဲက အမြဲတတွဲတွဲရှိခဲ့ကြတဲ့ ဇိုင်းဇက် နှင့် နေကောင်းမြတ်သူဆိုတဲ့ ကောင်လေးနှစ်ယောက်။
    မွေးချင်းမရှိတဲ့ နေကောင်းမြတ်သူကို၊ အစ်ကိုအရင်းထက်ပင် ချစ်မြတ်နိုးတွယ်တာသူ ဇိုင်းဇက်။ နေကောင်း လိုအပ်သမျှ၊ လိုချင်သမျှတွေကို မငြီးမငြူ လိုက်လံဖြည့်ဆည်းပေးရင်း အရိပ်တကြည့်ကြည့်နေတတ်သူ။
    ထိုကောင်လေး နှစ်ယောက်ရဲ့ ဘ၀ထဲကို ၀င်ရောက်လာကြမည့် သွန်းလရောင်ချို နှင့် စောမဟာဦး ဆိုတဲ့ အမျိုးသမီးနှစ်ယောက်။
    💎 💎 💎 💎 💎
    ချစ်ခြင်းမေတ္တာကို ဖုံးကွယ်ရင်း မမျှော်လင့်တဲ့အခြေအနေတွေနဲ့ ရင်ဆိုင်လာရပြီး ဖွင့်ပြောဖို့အကြောင်းဖန်လာတဲ့အခါမှာတော့……
    လူငယ်ကလေးနှစ်ယောက်ရဲ့ စည်းတွေဘောင်တွေကြား ဟန်ဆောင်နေကြရင်း ချစ်ခြင်းမေတ္တာတွေ တားမနိုင် ဆီးမရယိုဖိတ်စီးဆင်းလာရင်း တစ်ယောက်အတွက်ပင်တစ်ယောက် အသက်ပေးနိုင်လောက်အောင်အထိ ချစ်မိသွားတဲ့အခါ…..
    💎 💎 💎 💎 💎
    ယောက်ျားလေးနှစ်ယောက်ရဲ့ချစ်ခြင်းကို အခြေခံပြီး၊ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနှင့် ဖတ်ရတာ ပေါ့ပါးပြီး၊ BL ကြိုက်တဲ့ စာဖတ်ပရိတ်သတ်တွေအတွက် ဆရာမဆုခြည်ကိုရဲ့ စာအုပ်‌ကောင်းတစ်အုပ်မို့ ဖတ်ကြည့်ပါလို့ အကြံပြုပါရစေဗျ။

    #pl@tpms
    #pwwb #π
    #booklover #bookreview
    #1.11.2021

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဆုခြည်ကို စာအုပ်များ