လူတိုင်းကြိုက်ဖို့မလိုဘူး
7000 (ကျပ်)
အနာဂတ် ကမ္ဘာကြီးဟာ ပြိုင်ဆိုင်မှုတွေ သိပ်ကို ပြင်းထန်လွန်းပါတယ်။ ဒီအတွက် အဲဒီကမ္ဘာကြီးမှာ ဆက်လက်ရှင်သန်မယ့် လူငယ်တွေအနေနဲ့ မိမိကိုယ်ကို အကောင်းဆုံးဖြစ်အောင်ပြင်ဆင်မွမ်းမံထားဖို့ လိုပါတယ်။ ဒါမှသာ တစ်ဟုန်ထိုးတိုးတက်နေတဲ့ ခေတ်ရေစီးနဲ့အတူ SMART ရှိရှိ အောင်မြင်တိုးတက်သွားမှာ ဖြစ်ပါတယ်။ ဆိုတော့ လူငယ်တွေအနေနဲ့ မိမိဘဝကို ဘယ်လိုဖြစ်စေချင်သလဲ၊ စစ်မှန်တဲ့ အောင်မြင်မှုဆိုတာကရော ဘာဖြစ်မလဲ၊ လူငယ်တွေအနေနဲ့ မိမိဘဝကို ဘယ်လိုတည်ဆောက်ယူမလဲ၊ မိမိကိုယ်ကို အစဥ်သုံးသပ်ပြီး ဘယ်လိုထိန်းကျောင်းမလဲ၊ ကိုယ့်ဘဝကို အကောင်းဆုံးတည်ဆောက်တဲ့အခါ ပတ်ဝန်းကျင်ရဲ့ ရှုမြင်ပုံတွေကို အလေးထားသင့်၊ မထားသင့် စတဲ့ မေးခွန်းတွေကလူငယ်တွေကို မသိမသာ လမ်းပျောက်စေတဲ့အတားအဆီးတွေပါပဲ။
ဒီစာအုပ်ကို မိမိကိုယ်ပိုင် ဘဝတစ်ခုကို တည်ဆောက်ချင်တဲ့ လူငယ်တွေ ကိုယ်တိုင်ဖတ်နိုင်သလို၊ မိမိသားသမီးတွေကို လက်ဆင့်ကမ်းချင်တဲ့ လူကြီးတွေအနေနဲ့လည်း ဖတ်သင့်ပါတယ်။
| စာမျက်နှာ | 142 |
|---|---|
| စာအုပ်အရွယ်အစား | 5.6 × 0.3× 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ကောင်းဆုသာစာပေ 2025 ဇွန်လ (သတ္တမအကြိမ်) |
6 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ