ဘာလဲဟဲ့…နိုင်ငံခြား
6000 (ကျပ်)
ဒေါက်တာတင်စိုး(အငြိမ်းစားပေါမောက္ခ၊ဌာနမှူး) သည် ဘောဂဗေဒ သုတစာပေကိုသာမက ၊ ရသစာပေကိုပါ နှစ်သက်သူ ၊ ရေးသားနိုင်သူဖြစ်သည်။ ၎င်းသွားရောက်ခဲ့သည့် နိုင်ငံများ၊ တိုင်းပြည်များ၏ အတွေ့အကြုံများကို အလျဉ်းသင့်သလို မကြာခဏရေးသားခဲ့သည်ကို ဆောင်းပါးများတွင် ဖတ်ရသည်။ ဆောင်းပါးများသည် ၂၀၁၁ ခုနှစ်ဝန်းကျင်က ထုတ်ဝေခဲ့သည့် အပတ်စဉ်ထုတ် ဂျာနယ်အတော်များများတွင် ရေးသားခဲ့ခြင်းဖြစ်သည်။ ၎င်းသွားရောက်ခဲ့သည့် အစိုးရပညာတော်သင် ခရီးစဉ်များဖြစ်သည့် ဂျပန်ပညာတော်သင်(၃)နှစ် ၊ ဩစတြေးလျ ပညာတော်သင် (၆)နှစ်အပါအဝင်အစိုးရကိုယ်စားလှယ်အဖွဲ့များနှင့် သွားရောက်ခဲ့သည့် နိုင်ငံခြားတိုင်းပြည်များ အတွေးကြုံများ၊ ထိုတိုင်းပြည်များတွင် ကိုယ်တိုင် မျက်မြင်ကြုံခဲ့၊ သိခဲ့ ရသည့်စိတ်ဓာတ်ရေးရာများ၊ စနစ်များ ၊ ကျင့်ထုံးများ ၊ ကျန်းမာရေး ၊ စီးပွားရေး ၊ ပညာရေးစနစ်အဆုံး ၊မှတ်သားအတုယူစရာများကို ဗဟုသုတဖြစ်ဖွယ်ရာ စိတ်ဝင်တစား ပုံဖော်ရေးသားထားသည့် သုတစာအုပ်ကောင်းတစ်ခုဖြစ်ပါသည်။
| စာမျက်နှာ | 167 |
|---|---|
| စာအုပ်အရွယ်အစား | 5.6 x 0.3 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ဧပရယ်စာပေ၊ 2023 အောက်တိုဘာလ |
7 in stock









ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ