ကိုးလောင်းကွေ့ရွာ

( 0 မှတ်ချက်)

7500 (ကျပ်)

”ပိဋကတ်သုံးပုံမှာတောင် သုတ္တန်ပိဋကတ်၊
နိကာယ်ငါးရပ်မှာလည်း ခုဒ္ဒကနိကာယ်၊
အဲဒီ့မှာတောင် ပေတ၀တ္ထု၊ ဝိမာန၀တ္ထုတွေဆိုပြီး
အထင်အရှား ရှိသေးတာ။
နာမ်လောကကို မယုံရင် ဘုရားဟောတာကို
မယုံသလို ဖြစ်သွားမှာပေါ့။”
====

ဆရာရဲမြတ်တေဇရဲ့ ‘ကိုးလောင်းကွေ့ရွာ’ စာအုပ်ဟာ Thriller Fiction စာပေအမျိုးအစား ဖြစ်ပါတယ်။ ၀တ္ထုတစ်ပုဒ်ပေမယ့် ယုတ္တိကျကျ ဇာတ်လမ်း ဇာတ်အိမ်တွေနဲ့ စ-လယ်-ဆုံး ရင်တထိတ်ထိတ် ဖတ်ရမယ့် ‘ဘယာနကရသ’ အပြည့် ဖန်တီးရေးဖွဲ့ထားမှုကို စာဖတ်သူ နှစ်နှစ်ခြိုက်ခြိုက် ခံစားရပါလိမ့်မယ်။

‘မဖဲဝါ’ ပြန်ဝင်စား ရှင်သန်လာမှုဟာ ဇာတ်လမ်းတစ်ခုလုံးရဲ့ ညှို့အားအပြင်းဆုံးဖြစ်ပြီး စာဖတ်သူအတွက် လက်ကမချ ထိတ်လန့်စိတ်ဝင်စားမှုကို ပေးစွမ်းပါလိမ့်မယ်။

Thriller Fiction ကြိုက်နှစ်သက်သူတွေ၊ ဝိဉာဉ်တစ္ဆေ ဇာတ်လမ်းရုပ်ရှင် နှစ်သက်သူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားရမယ့် စာအုပ်ကောင်းတစ်အုပ်ကို မိတ်ဆက်ပေးလိုက်ပါပြီ။

‘ကိုးလောင်းကွေ့ရွာ’ (တတိယမြောက်မဖဲဝါ)

စာမျက်နှာ

208 (Burma Paper)

စာအုပ်အရွယ်အစား

5.6 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2024 ဒီဇင်ဘာလ (ပထမအကြိမ်)

Out of stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကိုးလောင်းကွေ့ရွာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ရဲမြတ်တေဇ စာအုပ်များ