နီကိုရဲ ဝတ္ထုတိုပေါင်းချုပ် (လူနှင့်သူတို့၏ဟာသများ)

( 0 မှတ်ချက်)

22000 (ကျပ်)

“မကြည်ပြာနှင့် ချစ်ခြင်း၏နဂ္ဂတစ်များ ” ဝတ္ထုတိုတို့ဖြင့် ထင်ရှားသည့် ဆရာနီကိုရဲ၏ ဝတ္ထုတိုပေါင်းချုပ် စာအုပ်ဖြစ်သည်။ ဝတ္ထုတိုပေါင်းချုပ် ဆိုသော်လည်း ၎င်းရေးသားခဲ့သော အလွဲပေါင်းချုပ်နှင့် မကြည်ပြာဝတ္ထုများ မပါဝင်ဘဲ အခြားဝတ္ထုတိုအများအပြားကို ရှာဖွေစုစည်းကာ ထုတ်ဝေခြင်း ဖြစ်၏။ နီကိုရဲဆိုလျှင် ဟာသဝတ္ထုများနှင့်သာ တွဲဖက်မြင်လေ့ရှိသော်လည်းဤစာအုပ်၌ ဟာသသာမက သူ့ပတ်ဝန်းကျင်၌ ကြုံတွေ့ရသော လူတို့၏ ကမောက်ကမဖြစ်ရပ်များ၊ “စွန့်ခွာခြင်း”လို ရသခံစားမှုအားကောင်းသော ဝတ္ထုများပါရှိရာ ရသစုံ ခံစားရပေမည်။ စာအုပ်တွင် လူနှင့် သူတို့၏ဟာသများခေါင်းစဉ်ဖြင့် ၁၅ ပုဒ်၊ သံစုံကြူးတဲ့ည ခေါင်းစီးဖြင့် ၁၁ ပုဒ်၊ ရည်းစားစာ ခေါင်းစဉ်ဖြင့် ၁ဝ ပုဒ်၊ ကြက်ဖ ခေါင်းစီးဖြင့် ၁၀ ပုဒ်၊ ပန်းပွင့်နဲ့ အိပ်မက်မျှားသူ ခေါင်းစဉ်ဖြင့် ကိုးပုဒ်၊ ခင်ဗျား ဘယ်သူပါလဲခင်ဗျာ ခေါင်းစီးဖြင့် ကိုးပုဒ်၊ ကျွန်တော်နှင့် လက်တွဲဖော်များ ခေါင်းစဉ်ဖြင့် နှစ်ပုဒ်၊ တောင်ပံမပါတဲ့ ဒန္တာသုခ ခေါင်းစီးဖြင့် နှစ်ပုဒ်၊ ထူးအိမ်သင်အကြောင်း ရေးဖွဲ့သည့် ” ကျွန်တော် ဖြတ်သန်းခဲ့ဖူးသော မျဉ်းဖြောင့်တစ်ကြောင်း ” အမည်ရှိ တစ်ပုဒ်နှင့် ထပ်မံ ရှာဖွေဖြည့်စွက်ထားသော ဝတ္ထုခြောက်ပုဒ် စုစုပေါင်းဝတ္ထုတို ၇၅ ပုဒ် ပါရှိ၏။

စာအုပ်စီစဉ်သူများက ” ပြောရန်ရှိသည်မှာ လူနှင့် သူတို့၏ဟာသများဟု အမည်ပေးခဲ့သော်ငြား ၁၉၉၀ ပြည့်နှစ်လွန် သရဖူမဂ္ဂဇင်းတွင် ဖော်ပြခဲ့သော သူ၏အစောပိုင်းလက်ရာ ” စွန့်ခွာခြင်း “လို အရေးအသားမူကွဲ ခံစားမှု ဝတ္ထုမျိုးလည်းပါဝင်နေသလို မရယ်ရသော ဝတ္ထုတိုတစ်ပုဒ်စ၊ နှစ်ပုဒ်စလည်း ပါဝင်နေနိုင်ပါသည်။ ဤအတွက်မူ သူ၏ စာဖတ်ပရိသတ်အပေါ် အနှောင့်အယှက် မဖြစ်နိုင်ဟု ယုံကြည်ပါသည် ” ဟူ၍ မိတ်ဆက်စကား၌ ပြောကြားထားသည်။ စာအုပ်မျက်နှာဖုံး သရုပ်ဖော်ပုံ စောမင်းဝေ၊ အတွင်း သရုပ်ဖော်ပုံ ဖေသစ်တည်နှင့် တော်တီဆွေတို့၏လက်ရာ ဝေဝေဆာဆာဖြင့် ရှုမငြီးဖွယ် ဖတ်ရှုရမည့် ဝတ္ထုတိုစုစည်းမှု ဖြစ်ပေသည်။

စာမျက်နှာ

876 (Woodfree Paper)

စာအုပ်အရွယ်အစား

5.7 x 1.8 x 8.3 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ ၊ 2026 နိုဝင်ဘာလ၊ (ဒုတိယ – ကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“နီကိုရဲ ဝတ္ထုတိုပေါင်းချုပ် (လူနှင့်သူတို့၏ဟာသများ)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

နီကိုရဲ စာအုပ်များ