ရွက်ဟောင်းလွင့်၍ ရွက်သစ်ဝေစေ

( 0 မှတ်ချက်)

7000 (ကျပ်)

“ဘဝကို ပျော်ပျော်ဖြတ်သန်းရတာ
ကောင်းတယ်ဆိုပေမဲ့
မင်း မပါတော့ မပြည့်စုံခဲ့ဘူး
မင်းနဲ့ အတူ ဖြတ်သန်းရတဲ့ဘဝဆိုတာ
အလိုချင်ဆုံး ဆုတစ်ခုပါပဲ။”

ဆန်းဗိုလ်(လေးပင်)ရဲ့ ရွက်ဟောင်းလွင့်၍ ရွက်သစ်ဝေစေဆိုတဲ့ စာအုပ်လေးဟာ ဒီဘက်ခေတ်မှာရှားပါးသွားပြီဖြစ်တဲ့ တက္ကသိုလ်နောက်ခံအမျိုးစားထဲမှာပါတဲ့ ဝတ္ထုလေးပါ။

စာဖတ်သူတို့ရဲ့ဘဝမှာ မမေ့နိုင်စရာ တက္ကသိုလ်ကျောင်းသားနေ့ရက်များ အခိုက်အတန့်များရှိခဲ့မယ်ဆိုရင် ဒီစာအုပ်က ထိုနေ့ရက်များကို ပြန်လည်အမှတ်ရစေ ကြည်နူးရစေမယ့်စာအုပ်မို့ မဖြစ်မနေဖတ်သင့်တဲ့စာအုပ်လေးတစ်အုပ်ပါ။

တစ်ဦးကိုတစ်ဦး ကူညီရင်း ကျီစယ်ရင်း ပညာရှာရင်း အားကစားလုပ်ရင်း ရယ်မောစရာ ရင်ခုန်စိတ်လှုပ်ရှားစရာ သာယာအေးမြစရာကောင်းသော နေ့ရက်များမှာ ချစ်ရတဲ့သူကိုတွေ့ရတယ်ဆိုတာ ဘဝရဲ့သာယာလှပမှုတမျိုးပဲမလား။

ဇာတ်လမ်းလေးလည်း ရိုးရိုးလေး အချစ်လည်းရိုးရိုးလေး ချစ်သူနှစ်ဦးလည်းရိုးရိုးလေး ရိုးရိုးလေးနဲ့လှနေအောင်ဖန်တီးထားတာသည်ပင် ဆန်းကြယ်နေခြင်းဖြစ်ပါသည်။ ဒီစာအုပ်သည် ရိုးရိုးလေးနဲ့လှပဆန်းကြယ်သော အချစ်ဇာတ်လမ်းလေးဖြစ်ပါသည်။

စာမျက်နှာ

120 (Woodfree paper)

စာအုပ်အရွယ်အစား

5.4 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊ 2025 ဧပြီလ (ပထမအကြိမ်)

10 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရွက်ဟောင်းလွင့်၍ ရွက်သစ်ဝေစေ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆန်းဗိုလ်(လေးပင်) စာအုပ်များ