
NARRATOR HANDBOOK
6500 (ကျပ်)
နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်ပြီး AI တွေ ဘယ်လောက်ပဲ စကားပြောပြော… လူသားတစ်ယောက်ရဲ့ အသက်ရှူသံ၊ လေသံတုန်ခါမှုနဲ့ စာနာနားလည်မှုပါတဲ့ အသံလှိုင်းတွေကိုတော့ ဘယ်တော့မှ အတုခိုးလို့ မရနိုင်ပါဘူး။
‘Narrator Handbook’ ဆိုတာက ရိုးရိုးရှင်းရှင်း စာဖတ်ပြရုံသက်သက် နည်းလမ်းများ မဟုတ်ဘဲ မိမိရဲ့အသံကို အသုံးပြုပြီး နားထောင်သူရဲ့ နှလုံးသားထဲအထိ ဘယ်လို စိတ်ချင်းဆက်သွယ်ရမလဲ (Empathy) ဆိုတာကနေစလို့၊ အသက်မွေးဝမ်းကျောင်းတစ်ခုအဖြစ် စနစ်တကျ ရပ်တည်နိုင်မယ့် နည်းပညာပိုင်းဆိုင်ရာ (Technical Setup) အထိ ဖြတ်သန်းခဲ့တဲ့ ကိုယ်တွေ့အတွေ့အကြုံတွေကို နွေးထွေးစွာ လမ်းညွှန်ပေးထားတဲ့ လက်စွဲစာအုပ် ဖြစ်ပါတယ်။
“အသံလှရုံသက်သက်နဲ့ စာနာတတ်တဲ့ Narrator တစ်ယောက် ဖြစ်မလာနိုင်ပါဘူး။ ဒါပေမဲ့ နားထောင်သူအပေါ် ထားတဲ့ သင့်ရဲ့ စေတနာပါတဲ့အသံကတော့ သင့်ကို ရေရှည်တည်တံ့တဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် (Personal Brand) တစ်ခုအဖြစ် ဖန်တီးပေးပါလိမ့်မယ်။”
သင့်အသံရဲ့ တန်ဖိုးကို လူသားဆန်တဲ့ ဩဇာသက်ရောက်မှုအဖြစ် ပြောင်းလဲပစ်ဖို့ ဒီစာအုပ်နဲ့စတင်လိုက်လို့ရပါပြီ။
( စာရေးသူ – သော်သဇင်မိုး )
===
ဤစာအုပ်သည် အသံဖြင့်ပုံဖော်တင်ဆက်ရသည့် Narration ပညာရပ်နယ်ပယ်တွင် ပထမဆုံးပေါ်ထွက်လာသည့် စာအုပ်ဖြစ်သည်။ စာအုပ်တွင် အခန်း ၆ ခန်း ခွဲကာရေးထားသည်။ အခန်းခွဲထားပုံမှာ သုတေသန ဆန်သည်။ ကိုယ်တွေ့ အတွေ့အကြုံပြုချက်များမှာ လက်တွေ့ကျသည်။ အသုံးဝင်သည်။ ကိုယ်တွေ့ အတွေ့အကြုံများလည်းဖော်ပြထားရာ ဆင်ခြင်သတိပြုစရာဖြစ်သည်။
Narrator တစ်ဦးအတွက်လိုအပ်သည့် အခြေခံအသိအမြင်မှစ၍ အသံထိန်းသိမ်းခြင်း ၊ အသံသွင်းခြင်း ၊ နည်းပညာ ၊ စိတ်နေစိတ်ထား ခံယူချက်၊ လုပ်ငန်းခွင် ကျင့်ဝတ်တို့အထိ ဖော်ပြထားရာ စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းအဖြစ် ဆောင်ရွက်လိုသူတို့အတွက် လုပ်ငန်းလမ်းညွှန်စာအုပ်ဖြစ်ပါသည်။ ဖတ်ရှုလေ့လာသူတို့အဖို့ အကျိုးထူးရှိသည်ဟု ရဲရဲယုံယုံဆိုလိုက်ရပါသည်။
( ပါမောက္ခဒေါက်တာသန်းဝင်း၏ အမှတ်တရစကားမှ )
| စာမျက်နှာ | 80 (Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.6 × 0.1 ×8.2 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2026 ဇွန်လ (ပထမအကြိမ်) |
8 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ