နားတစ်ဖက်လည်း ကျွန်တော် ဓားတစ်လက်လည်း ကျွန်တော်
4000 (ကျပ်)
အဖွားကပြောဖူးတယ်။
တစ်ယောက်ယောက်အတွက် ရည်ရွယ်ထားရင်
အခြားတစ်ယောက်ကို ပေးမပစ်ရဘူးတဲ့။ချစ်ခြင်းမေတ္တာဖြစ်ဖြစ်
ပစ္စည်းဥစ္စာဖြစ်ဖြစ်။
———-
ပုံစံနှစ်မျိုးနဲ့ ရှင်သန်တယ်
နွေးထွေးကြင်နာရင်လဲ ကျွန်တော်ပဲဖြစ်ပြီး
မာကျောခက်ထန်ပြီး
ကြောက်စရာပုံစံဖြစ်နေရင်လည်း
ကျွန်တော်ပါဘဲ။
ယုန်သူငယ်လေးလို ထိတွေ့ဆက်ဆံရင်
နွေးထွေးကြင်နာမှာ ဖြစ်ပြီး
ကျားတစ်ကောင်လို ရောက်လာရင်
ပြန်ပြီးမာန်ဖီပစ်လိုက်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။
ဆိုက်ရောက်လာကြပုံတွေ အပေါ်မူတည်ပြီး
ကျွန်တော်ကပဲ နားတစ်ဖက်
ကျွန်တော်ကပဲ ဓါးတစ်လက်ဖြစ်သွားနိုင်ပါတယ်။
———
🌸 ဒီစာအုပ်က ကဗျာရသကို သိမ်သိမ့်မွေ့မွေ့ ခံစားနားဆင်နိုင်တဲ့ ကဗျာစာအုပ်လေးတစ်အုပ်ပါ။ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားဖို့…. လက်လွှတ်တတ်ဖို့… နှလုံးသားနဲ့တိုက်ရိုက် နားဆင်ရမယ့် ကဗျာလေးတွေပါ…
စာမျက်နှာ | 120 |
---|---|
စာအုပ်အရွယ်အစား | 5.1 x 0.3 x 7.2 inches |
ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2023 ဩဂုတ်လ (ပထမအကြိမ်) |
10 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ