မြင့်မြင့်တွေးမြင့်မြင့်ကြံ

( 1 မှတ်ချက်)

5500 (ကျပ်)

ယခုစာအုပ်တွင်ဖော်ပြထားသော ဥပဒေသများ၊ အတွေးအခေါ်များ၊ခံယူချက်များဟာ ဒီကမ္ဘာမြေပေါ်မှာ ရှိကြတဲ့ အကောင်းဆုံး အတော်ဆုံး ကြီးကြီးမြင့်မြင့် အဖြစ်ဆုံး လူတွေရဲ့စိတ်ထားတွေကို ကိုးကားရယူဖော်ပြထားတာပဲ ဖြစ်ပါတယ်။
စာဖတ်သူတို့၏ဘ၀ မြင့်မြင့်မားမား ဖြစ်လာစေမည့် လက်တွေ့ကျကျနည်းလမ်းများကို ဖော်ပြထားပြီး…ကြီးကြီးမြင့်မြင့်ဘဝမှာ အကြီးစား ပြီးမြောက်အောင်မြင်မှုတွေနဲ့ နေရစေမယ့် စာအုပ်ကောင်းတစ်အုပ်…

စာမျက်နှာ

457

စာအုပ်အရွယ်အစား

5.2 x 0.7 x 8.2 inches

ပုံနှိပ်မှတ်တမ်း

Wisdom House ၊ 2018 မေလ၊ (ပ-ကြိမ်)

မြင့်မြင့်တွေးမြင့်မြင့်ကြံ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Thaw Zin

    ဆရာကြည်ရွှန်းဘာသာပြန်ထားတဲ့ မြင့်မြင့်တွေးမြင့်မြင့်ကြံဆိုတဲ့ စာအုပ်ကလေးကို စာဖတ်သူတွေကို ဖတ်ကြည့်စေချင်တယ်၊ အရင်ကတော့ ၁၊ ၂ ထွက်ထားပေမဲ့ အခုတော့ နှစ်အုပ်ပေါင်းပီး ပြန်ထုတ်ထားပါတယ်။ တက်ကျမ်းတွေမဖတ်ချင်ဘူးလို့ တစ်ချို့ကပြောကြတယ် ဒီစာအုပ်အုပ်က တက်ကျမ်းလို့မဆိုနိုင်သလို တက်ကျမ်းလို့ပြောလည်းရပါတယ်။ ကျွန်တော်တို့ လူသားတွေရဲ့ဘဝဟာ ပါးစပ်ကနေထုတ်မပြောပေမဲ့ တစ်နေ့ကို အတွေးပေါင်းများစွာ တွေးတတ်တယ်။ အဲ့ဒီလိုတွေးတဲ့ အတွေးတွေဟာလည်း ရောက်တက်ရာရာတွေ အဆိုးမြင်မိတဲ့ဟာတွေရော ပါတတ်ပါတယ်။ တစ်ခါတစ်လေ စိတ်ညစ်မိတဲ့အခါ စိတ်ဓာတ်ကျတဲ့အချိန်တွေဆို ပိုဆိုးတာပေါ့၊ ကျွန်တော်တို့တွေဟာ အတွေးတွေကို ဂရုစိုက်သင့်ပါတယ် ဘာလို့လဲဆိုတော့ အတွေးတွေကနေ လက်တွေ့လုပ်ဆောင်မှုတွေဖြစ်လာလို့ပါပဲ။ ဒီစာအုပ်ထဲမှာတော့ ကိုယ်ရဲ့တွေးခေါ်ပုံတွေကို ဘယ်လိုမျိုးပြောင်းလဲသင့်တယ်၊ အတွေးတွေကနေ ထိခှိုက်မှုတွေမရအောင် ဘယ်လိုလုပ်သင့်တယ်ပေါ့။ စာသားတွေနဲ့ ဆိုရိုးတွေကြည့်ပဲ ရေးထားတဲ့ စာအုက်မဟုတ်ပါဘူး၊ ပုံပြင်လေးတွေနဲ့ တစ်လှည့်ဆီရေးဖွဲ့ထားတဲ့အတွက် လုံးဝမငြီးငွေ့စေပါဘူးနော်။ ကိုယ့်ရဲ့စိတ်ကသာ ဒါကို ငါ လုပ်နိုင်မယ်လို့ ယုံကြည်ရင် တကယ်ကိုယ် လုပ်နိုင်တယ်တဲ့။ ဒါဟာ တကယ်ကို ဟုတ်ပါတယ် ကျွန်တော်တို့ရဲ့ စိတ်တွေမှာ စွမ်းအားတွေရှိပါတယ် ယုံကြည်မှုမရှိရင်တော့ ဘာမ ရလာမှာမဟုတ်ပါဘူး။ အဲ့ဒီအတွေးအခေါ်က ကျွန်တော့်ဘဝအတွက် တကယ်အသုံးဝင်ခဲ့ပါတယ် ကျွန်တော်အလုပ်လျှောက်ခဲ့စဉ်က ဝင်ခွင့်ဖြေခဲ့စဉ် ငါ ဒါကို ရကို ရရမယ်ဆိုတဲ့စိတ်ပဲထားခဲ့တယ်။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယုံကြည်မှုက ဘယ်လောက်ထိ ခရီးရောက်သလဲဆိုတာ စာဖတ်သူတွေသိမှာပါနော်။ တကယ်ကို အကျိုးရှိတဲ့ စာအုပ်လေးမို့၊ အထူးသဖြင့် လူငယ်တွေကို ဖတ်ကြည့်စေချင်တယ်။ အကျိုးဖြစ်ထွန်းစေမည့် တစ်စုံတစ်ရာ အတွေးအခေါ်လေး ဒသနလေးဖြစ်ဖြစ်ရမယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒီစာအုပ်က ပြန်လည်ထုတ်ဝေခဲ့ရတဲ့အကြိမ်အရေအတွက်လည်း များလှပါပီ တကယ်ကို ဖတ်ကြည့်သင့်တဲ့ ဖတ်စေချင်တဲ့စာအုပ်တစ်အုပ်ပါ။ ကျွန်တော်ပြောပြနိုင်တာထက် စာအုပ်ထဲမှာပါက ပိုပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ကြည်ရွှန်း စာအုပ်များ