
ဗုဒ္ဓဘာသာမြန်မာတို့၏ ကိုးကွယ်မှု အစဉ်အလာများ (Pre Order)
27000 (ကျပ်)
ကိုးကွယ်မှု ဆိုင်ရာ အကြောင်းတရားတွေကို လေ့လာချင်တဲ့ စာဖတ်သူများ အတွက် …
ကိုးကွယ်မှု ဆိုတာဟာ အကြောက်တရားကြောင့် ဖြစ်တည်လာတဲ့ ဓလေ့ထုံးတမ်းတခုပါ။ ကိုးကွယ်မှုတိုင်းက မှန်ကန်နေခြင်း မဟုတ်ပါဘူး။
ယဉ်ကျေးမှု အသိဉာဏ် မဖွံ့ဖြိုးသေးတဲ့ ခေတ်ကနေ ဒီကနေ့ ယဉ်ကျေးမှုစံနှုန်း မြင့်မားလာတဲ့ ကာလအထိ လူသားတွေမှာ ကိုးကွယ်မှုတရားဟာ ယှဉ်တွဲ ဖြစ်တည်လာကြောင်း သမိုင်း အထောက်အထားတွေအရ အထင်အရှား ရှိပါတယ်။
နဝမ မြစ်ကွေ့ဆရာတော် အရှင်စန္ဒသိရီဘိဝံသက ဗုဒ္ဓဘာသာမြန်မာတို့၏ ကိုးကွယ်မှု အစဉ်အလာများ စာအုပ်မှာ မြန်မာလူမျိုးတွေ၊ အထူးသဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ် ယုံကြည်ကြတဲ့ မြန်မာလူမျိုးတွေရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်လို့ ဆန်းစစ် တင်ပြထားပါတယ်။
အထူးသဖြင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ နတ်ကိုးကွယ်မှု ဆိုင်ရာ အကြောင်းခြင်းရာတွေကို လောကအမြင်၊ ပိဋကတ်တော် ရှုထောင့်တွေကနေ ပိုင်းဆစ်တင်ပြထားတဲ့ ကျမ်းစာတစောင် ဖြစ်ပါတယ်။
ပါဠိသက်သက်ချည်း မဟုတ်ဘဲ လူသာမန်များ ဖတ်ရှုနားလည်လွယ်စေအောင် စီရင် ရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖြစ်တာကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အပြင် လူသားတွေရဲ့ ကိုးကွယ်မှု ဆိုင်ရာ သဘာဝ အကြောင်း လေ့လာမှတ်သားလိုသူတွေ လက်မလွှတ်တမ်း ဖတ်ရှုလေ့လာသင့်တဲ့ စာအုပ်ကောင်း တအုပ် ဖြစ်ပါတယ်။
| စာအုပ်ထွက်မည့်ရက် | 8.12.2026 |
|---|---|
| စာမျက်နှာ | 277 (Woodfree Paper) |
| စာအုပ်အရွယ်အစား | 6 x 9 inches |
| ပုံနှိပ်မှတ်တမ်း | ဇလပ်နီစာပေ၊ ၂၀၂၆ ဒီဇင်ဘာလ၊ (ပထမအကြိမ်) |
200 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ