မြစံပယ်ဖြူ

( 0 မှတ်ချက်)

2000 (ကျပ်)

လူတစ်ယောက်ကိုစစ်မှန်တဲ့ချစ်ခြင်း မေတ္တာဖြင့်ချစ်တတ်လာတဲ့အခါ…မြင်မြင်သမျှအရာအားလုံးဟာသူမနဲ့ပတ်သက်တဲ့ခံစားချက်တွေဖြစ်လာတတ်ပါတယ်။ ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးဆိုတာမဟုတ်ပဲ ရင်ထဲကထွက်လာတဲ့စကားစုလေးတွေကတော့ချစ်ခြင်းမေတ္တာကဗျာစုလေးတွေပဲမဟုတ်လား ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာဘယ်မှာလဲလို့မေးရင် ကိုချမ်းမြရဲ့ “မြစံပါယ်ဖြူစာအုပ်လေးသာဖတ်လိုက်ပါတော့ချစ်သူ” လို့သာဖြေလိုက်ပါ……။

ကိုယ်တကယ်ပဲ မြစံပယ်ဖြူ ရဲ့ ပူးကပ်ခြင်းကိုခံစားရတဲ့အခိုက်မှာ စိတ်နှလုံးဟာနူးညံ့စွာဖြင့် အဝေးတနေရာကိုငေးကြည့်မိတယ်။ရွှေ့လျားလှုပ်ရှားနေတဲ့ ဟန်ပန်တွေနဲ့မြစံပယ်ဖြူ ရဲ့ ပကတိ အပြုံးတွေမြင်ယောင်မိတယ်။မြစံပယ်ဖြူ အပေါ်ထားတဲ့မေတ္တာဟာ သိသာထင်ရှားလာတယ်။နွေးထွေးစွာခံစားရတယ်။ဒါတွေဟာ ချစ်ခြင်းမေတ္တာတရားဆိုရင် ကဗျာရေးသူ ကဗျာဆရာရဲ့ချမ်းမြရဲ့ချစ်ခြင်းမေတ္တာတွေဟာ မြစံပယ်ဖြူ ထံသို့နက်နက်ရှိုင်းရှိုင်း စီးဆင်းနေပီဆိုတာ ကဗျာဖတ်သူတွေခံစားမိနိုင်ကြမယ်ထင်ပါတယ်။ကိုယ်လည်းနက်ရှိုင်းစွာခံစားမိတယ် မြစံပယ်ဖြူရေ…..ချစ်ခြင်းမေတ္တာတွေရရှိခြင်းအတွက် ထပ်တူကြည်နူးမိကြောင်းနှင့် ချမ်းမြရဲ့ မြစံပယ်ဖြူအဖြစ် ကဗျာများစွာမြင်ချင်သေးပါကြောင်း အမှတ်တရရေးသားလိုက်ပါတယ် ။

စာမျက်နှာ

55

စာအုပ်အရွယ်အစား

5.2 ×0.3×7.4 inches

ပုံနှိပ်မှတ်တမ်း

စောဦးစာပေ ၊ 2023 ဇန်နဝါရီလ (ပထမအကြိမ်)

19 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မြစံပယ်ဖြူ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ချမ်းမြ စာအုပ်များ