မြကျွန်းညို မှ လိပ်ပြာဝှက်တမ်း
29500 (ကျပ်)
” လွန်း.. အချစ် ..
မိန်းကလေးတွေက ဘာပန်းကြိုက်တတ်လဲ ”
” ငါ ဘယ်သိမလဲ ။ ခင်ဗျားဘာသာစဉ်းစားလေ ”
” ဒါဆို အချစ်ရော ဘာပန်းကြိုက်လဲ ”
” ကျူးလစ် ”
* ချစ်ခြင်းမေတ္တာ ဥပဒေအရ
သေမိန့်ကျပြီးသား လူက
ငါပါ ခင်ဗျားရယ် *
| စာမျက်နှာ | 642 |
|---|---|
| စာအုပ်အရွယ်အစား | 6.1 x 1.8 x 8.4 inches |
| ပုံနှိပ်မှတ်တမ်း | ငါတို့စာပေ၊ 2023 စက်တင်ဘာလ |
| စျေးနှုန်းအပြောင်းအလဲ | 9.5.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 29500 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
2 in stock





Zuly Htun –
အရမ်းကြိုက်နှစ်သက်မိသော စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။
စိတ်ကူးယဉ်လွန်းခြင်းသည် လက်တွေ့ဘဝ၏ တင်းတိမ်ရောင့်ရဲခြင်းကိုယို့ယွင်းစေသည်တဲ့ အာ့ဒီစာသားလေးကိုလည်း စွဲလမ်းနေမိပြီး အရမ်းလည်းကြိုက်မိသောစာအုပ်လေးမို့ မြတ်နိုးမိပါတယ်။
အမည်မသိ –
စဖတ်ကတည်းကမဂ္ဂနဲ့လွန်းစတွေ့တဲ့အခန်းကစစိတ်ဝင်စားစရာကောင်းတယ် တို့ဆိုရင်၃ခေါက်တောင်ပြန်ဖတ်ပြီးပြီ ဘယ်လိုဖတ်ဖတ်မရိုးဘူး မဂ္ဂ လွန်းကိုချွဲတဲ့နေရာဆိုကိုယ့်မှာပါးစပ်ကြီးကိုပြဲလို့(ကြည်နူးတယ်လို့ပြောတာပါ)
ရသမျိုးစုံပေးတဲ့ဝတ္ထုလေးပါ စတွေ့၊ကြည်နူး၊ရန်ဖြစ်ပြီးပြန်တည့်ဲ့ကြောင်နဲ့ကြွက်၊ရီပြီးငို၊ကြေကွဲ၊ပြီးခါနီးမုန်တိုင်းပြီးအချိုတွေကျွေး အယ့်တော့ဒီမှာဆီးချိုမဖြစ်ရုံတမယ်ဘဲရှိတော့တယ် ချုံ့ပြောရရင်ကောင်းတယ်လို့ ဟီးဟီး
ပြီးတော့မမဆီးနှင်းခဲကိုလည်းအားပေးနေပါတယ်
ပြီးတော့ချစ်ပါတယ်လို့💐💐💐
W –
ကျွန်တော်က စာဖတ်ရတာသိပ်ပျင်းတယ် ပြောရမယ်ဆို social media မှာစာကြောင်း၅ပြည့်အောင်တောင်မဖတ်ခဲ့ဖူးဘူး ။ ဒါပေမယ့် သူမနာမည်ကို လွန်းလို့ထားတော့ တစ်ဖြည်း”ဒီစာအုပ်နဲ့ပတ်သက်တယ်ဆိုတာ သိလာတာပေါ့ ဆိုတော့နောက်ပိုင်း ဒီစာအုပ်ကို လိုက်ရှာတာနဲ့မတွေ့ခဲ့ပါဘူး။ ကျွန်တော် ဘယ်ကနေဘယ်လိုတေွ့လဲမမှတ်မိပေမယ့် ကျွန်တော် အရွက် ၆၀၀ကျော် ဖတ်တော့ အံ့ဩမိပါတယ် ဘာလို့ဆို စိတ်အားထက်သန်နေတဲ့စိတ်ကိုတော့ ဒီနေရာမှာတော်”ကြိုက်တယ်။ တစ်ခြားနေရာမှာဆို စာလုပ်ရင်တောင် စာမဖတ်ချင်ဘူးလေ။ ပြောချင်တာကတော့ လွန်း”ကို ဘယ်လောက်ချစ်မိသွားလဲဆိုတာပါပဲ။ လွန်း သိရင်တော့ကောင်းတာပေါ့လေ ။လွန်း ကျွန်တော့်ကိုလည်း ချစ်တယ်မဟုတ်လား…….
W
NayChiShein –
တယောက်ထဲဖြစ်နေတဲ့ဘဝမှာ စာအုပ်တွေသာအဖော်ပြုနေရတဲ့ကို့အတွက်တော့ ဒီစာအုပ်လေးရဲ့ တန်ဖိုးဆိုတာ တို့ရဲ့ နှလုံးသားနဲ့ထပ်တူပါပဲ သေဆုံးလွန်ပြီး နောင်ဘဝထိ မယူသွားနိုင်ဒီဒီမှတ်ဉာဏ်တွေအတွက်ပဲဝမ်းနည်းရမှာ ကျန်တာတော့မဖော်ပြတတ်တော့ဘူး