တစ်ပတ်အတွင်း Move On လုပ်နည်း
6000 (ကျပ်)
တစ်ပတ်အတွင်း move on လုပ်နည်း” ဆိုတဲ့ ခေါင်းစဉ်ကိုမြင်တော့ မေးလာနိုင်တဲ့ မေးခွန်းတွေ ရှိလာနိုင်တယ်။ တစ်ပတ်အတွင်း လူတစ်ယောက်ကို move on လုပ်ဖို့ဆိုတာ ဖြစ်ရောဖြစ်နိုင်ပါ့မလားပေါ့၊ ကိုယ်က အဲဒီသူကို မချစ်ခဲ့ဘူးဆိုရင်တော့ ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ တစ်ကယ်ချစ်တဲ့သူအတွက်ကတော့ တစ်ပတ်အတွင်း move on လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးနော်။
တစ်ပတ်အတွင်း move on လုပ်နိုင်ဖို့ဆိုတာ ဒီစာအုပ်လေးရဲ့ ခေါင်းစဉ်တစ်ခုသာ ဖြစ်ပါတယ်။ ဒီစာအုပ်လေးဟာ move on လုပ်ဖို့ လိုနေတဲ့သူတွေအတွက်နဲ့ ချစ်ခြင်းမေတ္တာကြောင့် စိတ်ဒဏ်ရာ ရနေတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။
ဒီစာအုပ်လေးကို ဖတ်ပြီးသွားရင် ကိုယ့်ဘဝထဲကနေ ထုတ်ပစ်ဖို့ လိုအပ်တဲ့သူတွေကို ဖြည်းဖြည်းချင်း ဖယ်ထုတ်သွားနိုင်ဖို့အတွက် ကူညီပေးနိုင်ပါလိမ့်မယ်။ ကိုယ့်စိတ်ထဲက မေ့ပစ်ဖို့ လုပ်ရမယ့်သူကို ဖြည်းဖြည်းချင်း မေ့ပစ်နိုင်အောင် လုပ်ပေးပါလိမ့်မယ်။ ထိခိုက်နာ ကျင်နေရတဲ့ ခံစားမှုတွေ၊ ချစ်ခြင်းမေတ္တာကြောင့် trauma တွေ ရနေတဲ့သူတွေကို တစ်ထောင့်တစ်နေရာကနေ စိတ်သက်သာရာ ရစေဖို့၊ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး တည်ဆောက်လာနိုင်ဖို့ ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
ကိုယ့်အတွက် toxic ဖြစ်တဲ့သူတွေ ကိုယ့်ရဲ့ နှလုံးသားထဲမှာ ထည့်ထားဖို့ မသင့်တော့တဲ့သူတွေကို ရင်ထဲကနေရော၊ စိတ်ထဲကနေပါ ထုတ်ပစ်နိုင်ဖို့၊ အသည်းကွဲတဲ့ ခံစားမှုတွေ၊ ကိုယ်ချစ်ရတဲ့သူရဲ့ ဥပေက္ခာပြုမှုတွေကနေ အမြန်ဆုံး ရုန်းထွက်နိုင်ဖို့ စာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို သက်သာစေနိုင်မယ့် Move onလုပ်နိုင်တဲ့ နည်းလမ်းလေးတွေကို မျှဝေပေးထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။
| စာမျက်နှာ | 104 |
|---|---|
| စာအုပ်အရွယ်အစား | 5.2 x 0.3 x 7.5 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2024 ၊ ဇွန်လ ၊ (ပထမအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 20.11.2024 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 6000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
Out of stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ