မော့ဆက်
8000 (ကျပ်)
မော့ဆက်စာအုပ်သည် တိုင်းပြည်နှင့်လူမျိုး၏ လုံခြုံရေးအတွက် စွန့်လွှတ်စွန့်စားဆောင်ရွက်ခဲ့ကြသော အစ္စရေးနိုင်ငံ၏ ကမ္ဘာကျော်ထိပ်တန်းထောက်လှမ်းရေးအဖွဲ့ အကြောင်းဖြစ်ပါသည်။ကမ္ဘာကျော်တိုင်းမ်မဂ္ဂဇင်းက မော့ဆက်အဖွဲ့သည် စီအိုင်အေ၊ကေဂျီပီ၊အမ်အိုင်-၅ စသည့် မဟာအင်အားကြီးနိုင်ငံများမှ ထောက်လှမ်းရေးအဖွဲ့များနှင့် ပခုံးချင်းယှဉ်နိုင်ပြီး တစ်ခါတရံ ၎င်းကပင် နှာတစ်ဖျားကျောသွားတက်ကြောင်းရေးသားခဲ့ပါသည်။မော့ဆက်အဖွဲ့ကြီးကို အစပျိုးခဲ့သော အီဆာနှစ်ယောက်အကြောင်းနှင့် ဂျူးခြောက်သန်းကို သုတ်သင်ရာ၌ တာဝန်မကင်းခဲ့သူ အိုက်ခမန်းကို ပြန်ပေးဆွဲကာ တရားဥပဒေကို ရင်ဆိုင်စေခဲ့သည့်အကြောင်းများက စိတ်လှုပ်ရှားစရာကောင်းလှ၏ ရန်သူနိုင်ငံတွင် ဒုတိယကာကွယ်ရေးဝန်ကြီး ဖြစ်လာလုနီးပါးအောင်မြင်ခဲ့သော သူလျှိုထိပ်သီး *အလီကိုဟင်*အကြောင်းက ဤစာအုပ်၏ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းဖြစ်သည်။ချာဘိုးဒုံးသင်္ဘောများနှင့်စက္ကူလေယာဉ်များအကြောင်း ဖတ်ရှုရသောအခါ လျှို့ဝှက်သည်းဖိုဇာတ်လမ်း တစ်ပုဒ်ကြည့်ရူရသလို တရှိုက်မက်မက် ခံစားရကြမည်ဖြစ်၏ *အစ္စရေးဘီးယား* *ခေါင်းထဲမှသူလျို* နှင့် *ကိုယ်ပျောက်သူလျို*များအကြောင်း ဖတ်ရသောအခါ သည်းထိတ်ရင်ဖိုမှုတွေ ဖြစ်ပေါ်လာလိမ့်မည်။
ယင်းအဖွဲ့ကြီး၏အမည်ကား *မော့ဆက်* သို့မဟုတ် နာမည်အရှည်မှာ *ထောက်လှမ်းရေးနှင့်အထူးတာဝန်ရပ်များအဖွဲ့ကြီး* ပင်ဖြစ်သည်…။
စာမျက်နှာ | 501 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.8 x 8.5 inches |
ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ မတ်လ 2022 (ဒဿမအကြိမ်) |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ