ကလေးတို့ပညာရေးအတွက် မေမေဖတ်ဖို့
8500 (ကျပ်)
SHINE Eduplex International Education Center ၏ Founder စာရေးသူ Teacher Aishlung သည် English စာမဟာဘွဲ့ သာမကနိုင်ငံတကာအသိအမှတ်ပြု သင်ကြားရေးလက်မှတ်များ ရရှိထားသည့် အပြင် Professional English Teacher တစ်ယောက်အနေနဲ့ ရပ်တည်ခဲ့တာ ၁၅ နှစ် ကျော်ပါပြီ … လက်ရှိမှာ ထိုင်းနိုင်ငံရှိ Private University တစ်ခုတွင် Ph.D Program တက်ရောက်လျက်ရှိပါတယ် ..
Teacher ၏ စာသင်သင်တမ်း ၁၅ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများစွာ၊ မိဘများစွာ နှင့် ပြောဆို ဆက်ဆံရင်း မိဘတွေအများစုရဲ့ တူညီတဲ့ ယေဘုယျ အခက်အခဲတွေကို သိခဲ့ရသလို ကလေးတွေပညာရေးနဲ့ ပတ်သတ်ပြီး မိဘတွေကို အကြံပေးတာ၊ လမ်းညွှန်တာ တွေလည်း များစွာရှိခဲ့ပါတယ်။
အဓိက ကတော့ ငွေများများ သုံးနိုင်သူ၊ မသုံးနိုင်သူ မိဘအားလုံးမိမိ ကလေးတွေကို အကောင်းဆုံး ပံ့ပိုးပေးချင်ကြတယ်။ မိမိ တတ်နိုင်တဲ့ပမာဏနဲ့ ဘယ်ကစလို့ ဘာကိုရွေးရမယ် တွေဝေနေတာတွေ …. ရွေးတာကော မှန်ရဲ့လား၊ ရေရှည် အဆင်ပြေပါ့မလား …. စသည်ဖြင့် ဝေခွဲမရဖြစ်တတ်တဲ့ ပညာရေးလောကထဲကမဟုတ်တဲ့ မိဘများကို အကြံတွေပေးခဲ့ပါတယ် ။
မိမိ ကျောင်းသားမိဘ တွေသာမက တူညီသော အခက်အခဲရှိတဲ့ မိဘတိုင်းနီးပါးကို ဥာဏ်စွမ်းရှိသလောက် ကူညီ အကြံပြုလိုတာ၊ ပြောပြချင်တာတွေကြောင့် “ မေမေ ဖတ်ဖို့” ဆိုတဲ့ စာအုပ်လေးကို Teacher Aishlung ကိုယ်တိုင်ရေးသားထုတ်ဝေလိုက်ပါတယ်။
စာအုပ်ထဲမှာ ကလေးတွေပညာရေးအတွက် ငွေကြေးစီမံပုံ၊ ကျောင်း၊ သင်တန်းရွေးရင် သိထားရမယ့် အချက်လေးတွေ၊ ကလေးပါရမီ ငုပ်မနေစေဖို့ မိဘတွေလုပ်နိုင်တာလေးတွေ၊ မိဘ၊ဆရာ၊ ကျောင်းသား ၃ ဦးကြား ဘာလို့နားလည်မှုရှိဖို့လိုလဲဆိုတာတွေ၊ မိမိ တတ်နိုင်တဲ့ဘက်ကနေ ကလေးကို ဘယ်လိုတွန်းတင်လို့ရမလဲဆိုတာတွေ၊ မိဘနဲ့ သားသမီးကြား ယုံကြည်မှု ခိုင်မြဲဖို့လုပ်နိုင်တာလေးတွေ စသည်ဖြင့်အကြောင်းအရာများကို Teacher က စိတ်ကူးယဉ် ရေးသားထားတာမဟုတ်ဘဲ စာသင်သက်တမ်း ၁၅ နှစ်အတွင်းက ရလာတဲ့ လက်တွေ့ကျကျ ကိုယ်တွေ့ တွေကို အခြေခံရေးသား အကြံပြုထားတာဖြစ်ပါတယ်။ ဒါ့အပြင် မေမေ တို့ခွန်အားဖြစ်စေမည့် စကားပုံတွေ၊ ဆိုရိုးတွေကိုလည်း ထည့်ပေးထားပါတယ်။
| စာမျက်နှာ | 105 |
|---|---|
| စာအုပ်အရွယ်အစား | 5 .2x 0.2 x 7.8 inches |
| ပုံနှိပ်မှတ်တမ်း | Academic စာပေ 2023 မေလ (ပထမအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 8.7.2025 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 8500 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
9 in stock






ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ