နာကျင်အချိန်ပို

( 0 မှတ်ချက်)

5000 (ကျပ်)

ဘဝက ကြမ်းတယ်။
ဘဝက နာတယ်။
ဘဝအစစ်ကို စာရေးတဲ့အတတ်နဲ့
ထင်ဟပ်ထားတဲ့
ရသ၀တ္ထုတစ်ပုဒ်…

• အာကာစိုးသူ ရေးပုံက သူ့ဘဝ သူ့ဝန်းကျင် သူတွေ့ရ ကြုံရပုံများကို ရိုးရိုးရှင်းရှင်းလေး ရေးပြသွားတာ စိတ်ဝင်စားစရာကောင်းပါတယ်။ စာဖတ်သူကို သူနဲ့အတူ ဆွဲခေါ်သွားနိုင်တယ်။ ဒီအထဲမှာပဲ ရသမျိုးစုံကိုလဲ ကျွဲကူးရေပါ ဆိုသလို ထိတွေ့ခံစားသွားရတယ်။ ဘဝမှာ ကြုံတွေ့ရတာတွေကလဲ စိတ်အားပျက်စရာ စိတ်အားတက်စရာ စိတ်နောက်စရာ စိတ်ကြည်နူးစရာအပြင် အချစ်လဲပါတယ်။ အိမ်ထောင်ရေးလဲပါတယ်။ လွမ်းမောစရာများ၊ နက်ရှိုင်းတဲ့ ခံစားမှုများကိုလဲ ရင်နင့်စရာ ကြုံရတယ်။ လူငယ်တွေဖတ်ရင် ဘဝအသိအမြင်နဲ့ ဆင်ခြင်စရာတွေရမယ်။ မိမိဘဝကို မှန်ကန်စွာ ထိန်းကျောင်းနိုင်ဖို့ အတုယူစရာများစွာရမယ်။
ဝတ္ထုကောင်းတစ်ပုဒ်ဆိုတာ ဖတ်နေစဉ်မှာ စိတ်ဝင်စားအောင် ဆွဲဆောင်မှုရှိရမယ်။ ဖတ်ပြီးသွားရင် တစ်စုံတစ်ခု ကောင်းကျိုးပြုရမယ်။ အာကာစိုးသူရဲ့ ” နာကျင်အချိန်ပို ” ဝတ္ထုဟာ ဖတ်နေစဉ် စိတ်ဝင်စားအောင် ဆွဲဆောင်မှုရှိတယ်။ ဖတ်ပြီးတော့လဲ ဘဝနေနည်းနဲ့ ပတ်သက်ပြီးဆင်ခြင်စရာများစွာရပါတယ်။
(ဆရာကြီးလယ်တွင်းသားစောချစ်)

——-
• စာအုပ်ကို လှန်လိုက်တော့ မသားမနားကြိုဆိုနေတဲ့ မိတော။ (မိတောဆိုတာ ကိုအာကာစိုးသူရဲ့ ဇာတ်ကောင်ကို ဆိုလိုခြင်းပါ။ ကိုအာကာစိုးသူရဲ့ မိခင်ကို အဂါရဝပြု​ခြင်း မဟုတ်ပါ။) မိတောတစ်ယောက် ယောက်ျားရကလည်း ဟန်မကျဘူး။ ကိုစိုးကို မျိုးရိုးတော့ ကြည့်ယူတာပဲ။ ဒါပေမဲ့ သူ့ဟာသူ ဖဲသမားဖြစ်နေတာတော့ မတတ်နိုင်ဘူးဆိုသလို။ သုံးစားမရ။ ဖဲသမားကလည်း ဖြစ်ချင်လို့ ဖြစ်တယ်တော့ မထင်နဲ့။ အူတူတူ အတတဖြစ်မှာစိုးလို့ ကိုစိုးအစ်မတွေက ရိုက်ခိုင်းသတဲ့။ အဲဒီလို။

ဘဝက ကြမ်းတယ်။
ဘဝက နာတယ်။
ဘဝအစစ်ကို စာရေးတဲ့အတတ်နဲ့ ထင်ဟပ်ထားတော့ ဆိမ့်တယ်။

ဘာပဲဖြစ်ဖြစ်ပါ။ ကိုအာကာစိုးသူ ရိုးရိုးကြီး ရေးပြထားတာ။ တစ်ခုတော့ သတိထားရမယ်။ တန်းကျမန်းကျကောင် မဖြစ်အောင်နေမှ ရမယ်လို့။

ဘောလုံးပွဲ တစ်ပွဲရဲ့ နာကျင်အချိန်ပိုဟာ ဂိုးရလဒ်ကို ပြောင်းလဲပစ်နိုင်စွမ်းတယ်။

ဒါဆို… ။
ကိုအာကာစိုးသူရဲ့ နာကျင်အချိန်ပိုကရော…။
မျှော်လင့်ချက်နဲ့ ဝယ်ဖတ်တာထက် ခံစားချက်နဲ့ ဝယ်ဖတ်ကြည့်ပါ။ အရာရာဟာ အဝါ… ။
(နိုင်ကြည်သားနေ)

စာမျက်နှာ

331

စာအုပ်အရွယ်အစား

5.4 x 0.7 x 8.0 inches

ပုံနှိပ်မှတ်တမ်း

ပထမအကြိမ် ၊မတ်လ 2022

8 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“နာကျင်အချိန်ပို” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

အာကာစိုးသူ စာအုပ်များ