လရိပ်ပိုးမျှင်

( 0 မှတ်ချက်)

11500 (ကျပ်)

သည်ဝတ္ထုတွင် ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း တိုက်ခိုက်ပြီး ပြန်လည်ထူထောင်ရေးကာလတွင် ကြုံတွေ့ရသော အခက်အခဲများကို ရေးဖွဲ့ထားသည် ..

( ဆရာမသော်တာအေးလဲ့၏ လရောင်နှင့် ခရီးအစမှ )
နာဂစ်ကာလအလွန် ပြန်လည်ထူထောင်ရေး စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုတွင် ပါဝင် လှုပ်ရှားနေသူ .. ရှယ်လီ ၊ မြမြမောင်းနှင့် ကိုနောင်မြဲတို့ ရက်ရှယ်ဖွဲ့သီအပ်သော ဖြစ်စဉ်တစ်ခုလုံး နာဂစ်အလွန်ကာလ နောက်ခံဖြင့် ကျွန်မရင်ထဲမှာ သိမ်းကျုံးနေရာယူထားခဲ့သည်မှာ ကြာပြီ ..

( ဆရာမစမ်းစမ်းနွဲ့(သာယာဝတီ)၏ တွယ်ငြိနိုင်စွမ်းလှပါသော ‘ လရိပ်ပိုးမျှင် ‘ မှ )
ကျေးရွာတွေကိုဆင်းပြီး နာဂစ်ကြောင့် ဒုက္ခပင်လယ်ထဲ နစ်ခဲ့ကြရတဲ့ ရွာသူရွာသားတွေကို ကူညီတဲ့ NGO မှာ အလုပ်တွေလုပ်ရင်း မေတ္တာငတ်မွတ်နေတဲ့ ရှယ်လီဟာ အစ်မရင်းခြာတစ်ယောက်လို ဂရုတစိုက်ရှိလှတဲ့ မမနဲ့တွေ့ဆုံခဲ့ပါတယ် .. မိန်းမသားနှစ်ယောက်ရဲ့ မေတ္တာအပြင် နာဂစ်ကြောင့် မိသားစုတွေ ဆုံးရှုံးရသူတွေရဲ့ ဘဝကိုလည်း ချန်မထားခဲ့ပါဘူး ..

၂၀၀၈ ခုနှစ်မှာ နာဂစ်ကြောင့် ဘေးဒုက္ခတွေ ကြုံတွေ့ခဲ့ရတဲ့ လပွတ္တာမြို့နယ်ထဲက ရွာကလေးတွေဆီ သူ့ဝတ္ထုစာမျက်နှာတွေက တစ်ဆင့် ကျွန်မကို ခေါ်ဆောင်သွားခဲ့ပါတယ် ..

စာမျက်နှာ

256

စာအုပ်အရွယ်အစား

5.5× 0.5×8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2024 ဒီဇင်ဘာလ (ပထမအကြိမ်)

10 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လရိပ်ပိုးမျှင်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

သော်တာအေးလဲ့ စာအုပ်များ