မိုးတစိမ့်စိမ့်

( 0 မှတ်ချက်)

12000 (ကျပ်)

တစ်ဦးဆီ တစ်ဦး ကိုင်းနေတဲ့
ထင်းရှူးပင် နှစ်ပင်တို့ကြား
ငါတို့ကြား လ တက်လာခဲ့ပြီ
လ နဲ့အတူ အချစ်တက်လာခဲ့ပြီ
ငါတို့ ထီးတည်း ပင်စည်တို့ကို စားသုံးခဲ့ပြီ
ခုတော့ ငါတို့ အရိပ်တွေမျှ
တစ်ဦးကို တစ်ဦး တွယ်မိရဲ့၊
လေကိုပဲ နမ်းကြရ။
( နိုက်ဂျီးရီးယားကဗျာဆရာ ခရစ်တိုဖာ အိကိဘို )

===
ဆရာမောင်သာနိုးရဲ့ ယခု မိုးတစိမ့်စိမ့် စာအုပ်မှာ စုစုပေါင်း ဆောင်းပါး ၃၂ ပုဒ် ပါရှိပြီး ကဗျာများသာမက ခေတ်ပေါ်ကဗျာအဖွဲ့အနွဲ့ကိုပါ ခံစားရေးဖွဲ့ထားပါသည်။

ထင်းရှူးပင်ရိပ်၊ တောမှော်ရုံလမ်း အစရှိသည့် နိုင်ငံတကာ ကဗျာခံစားမှု စာအုပ်များကို ရေးခဲ့သူ ဆရာမောင်သာနိုး၏ စာအုပ်ဖြစ်သည်။ လွန်ခဲ့သော နှစ် ၄၀ ခန့်က စံပယ်ဖြူ စာပေ မဂ္ဂဇင်းတွင် လစဥ် ဖော်ပြခဲ့သော ဆောင်းပါးအများစု ပါဝင်ပြီး ထိုင်း၊တရုတ်၊ ဂျပန်၊ ရုရှား စသည့် အာရှတိုက်သာမက အင်္ဂလန်၊ ပြင်သစ်တို့လို ဥရောပတိုင်းပြည်များ၊ အမေရိက၊ အာဖရိက နိုင်ငံအချို့မှ ကဗျာတို့ကို မိုးတစိမ့်စိမ့်၌ အရသာခံ ဖတ်ရှု ခံစားနိုင်ရန် ရှင်းလင်း ရေးဖွဲ့ထားသည်။

စာမျက်နှာ

291 (Woodfree paper)

စာအုပ်အရွယ်အစား

5.3 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2025 နိုဝင်ဘာလ (ဒုတိယအကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မိုးတစိမ့်စိမ့်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မောင်သာနိုး စာအုပ်များ