သောကကင်းသောပျော်ရွှင်ခြင်းကိုမင်းဝတ်ဆင်ပါ

( 0 မှတ်ချက်)

3000 (ကျပ်)

“သောကကင်းသောပျော်ရွှင်ခြင်းမင်းဝတ်ဆင်ပါ” စာအုပ်မှာဆိုရင်မင်းကိုဝေဖန်တိုက်ခိုက်လာခဲ့ရင်စိတ်ညစ်စရာ စိတ်ဓါတ်ကျစရာအဖြစ်မမြင်ဘဲ ဂုဏ်ယူစရာအဖြစ် မင်းခံယူလိုက်ပါ။ဘာမှမရှိဘာမှမဖြစ်တဲ့သူကိုဘယ်သူကမှဝေဖန်တိုက်ခိုက်နေမှာမဟုတ်ဘူးလေ။မင်းကိုဝေဖန်တိုက်ခိုက်တယ်ဆိုတာမင်းက အဆင့်အတန်းတစ်ခုရှိနေလို့ပါ။အဲဒီအဆင့်အတန်းဟာသူတို့ထက်သာလွန်နေတယ်ဆိုတာကိုဝေဖန်တိုက်ခိုက်ခြင်းနဲ့ဝန်ခံလိုက်တာပါပဲ။ ဆရာမခူးက အလွှာအသီးသီးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လူတို့ရဲ့စိတ်ကို ဝေဖန်တိုက်ခိုက်မှုတွေနဲ့ကြုံရင် စိတ်ကိုဘယ်လိုထားသင့်တယ်ဆိုတာကို မှန်ကန်တဲ့နည်းနဲ့ အကောင်းဆုံးဖြေရှင်းဖို့ စိတ်သောကတွေကို ကာကွယ်နည်းတွေကို စာဖတ်သူတွေအတွက် ရုိးရှင်းသောအရေးအသားတွေနဲ့တင်ပြထားပါတယ်။ ဒီစာအုပ်ဟာ ဆရာမခူးရဲ့ဒုတိယမြောက် စာအုပ်ဖြစ်ပြီး စိတ်ခွန်အားဖြည့်စာစုအပုဒ်(၈၀)ကို စုစည်းထားပါတယ်။ အပုဒ်တိုင်းမှာ စိတ်ညစ်စရာတွေ၊ စိတ်ဓါတ်ကျစရာတွေ၊ စိတ်သောကတွေကို ဘယ်လိုဘယ်ပုံ ဖြေရှင်းသင့်တယ်ဆိုတာကို ဆန်းသစ်သောအတွေးအရေးနဲ့တင်ပြထားပါတယ်။ ဘဝမှာ အင်မတန် အနှောက်အယှက်ကြီးကြီးမားမားပေးနေတဲ့ စိတ်သောကတွေကို ပြေပျောက်ရုံသာမက ပျော်ရွှင်တဲ့လူမှုဘဝကို ဘယ်လိုဘယ်ပုံတည်ဆောက်ရမယ်ဆိုတာ ကိုယ့်အနီးအပါးမှာ ချစ်သူကောင်းတစ်ယောက်၊ မိတ်ဆွေကောင်းတစ်ယောက်လို အကူအညီပေးမယ့် စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

94

စာအုပ်အရွယ်အစား

5.3 x 0.3× 7.8 inches

ပုံနှိပ်မှတ်တမ်း

ဆောင်းစုရတီ၊ 2022 နိုဝင်ဘာလ (ပထမအ​ကြိမ်)

37 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သောကကင်းသောပျော်ရွှင်ခြင်းကိုမင်းဝတ်ဆင်ပါ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ခူး စာအုပ်များ