မိမိစိတ်ကို ထိန်းချုပ်ခြင်းဆိုင်ရာအနုပညာ

( 1 မှတ်ချက်)

5000 (ကျပ်)

မိမိစိတ်ကို ကိုင်တွယ် ထိန်းချုပ်နိုင်ပြီး စိတ်ကျန်းမာ ကိုယ်ကျန်းမာစွာဖြင့် ဘဝကို တန်ဖိုးရှိရှိ ဖြတ်သန်းနိုင်စေဖို့အတွက် ရည်ရွယ်ရေးသားထားတဲ့ စိတ်ပညာအသိ ၊ စိတ်ကျန်းမာရေးဆိုင်ရာ ဆောင်းပါးပေါင်းချုပ်။

ဒီစာအုပ်လေးထဲမှာ စိတ်ကျန်းမာရေးနဲ့ပတ်သက်လို့ မြှင့်တင်ပေးခြင်းဆိုင်ရာ အကြောင်းအရာများ ပါ၀င်ပြီး။

လူငယ်ထုနှင့်ပတ်သက်လို့ လူမှုပြဿနာလျော့နည်းစေရေး ၊ လူငယ်တို့ရဲ့ ဆိုးသွမ်းမှုနှင့် မိသားစုဆက်နွှယ်မှု ၊ သိစိတ်အားနည်းမှုတို့ကို ဆွေးနွေးရေးသားထားပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါနဲ့ စိတ်ကျခြင်းဆိုင်ရာ ဆက်စပ်မှု  မိမိစိတ်ကို ထိန်းချုပ်ခြင်းနှင့် စိတ်ကျန်းမာရေးကောင်းမွန်စေရန် သတိပဋ္ဌာန်အကြောင်း  ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ၊ပူဆွေးသောကကို စီမံကိုင်တွယ်ခြင်းဆိုင်ရာ ဗုဒ္ဓစိတ်ပညာ အကြောင်းအရာများ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးနှင့် မိဘအုပ်ထိန်းသူတို့ သတိပြုရန် ဆွေးနွေးမှုများ ပါ၀င်ပါတယ်။

ဆရာမ မြမြဆွေ(စိတ်ပညာ)ရဲ့ စိတ်ပညာအသိ ၊ စိတ်ကျန်းမာရေးဆိုင်ရာ ဆောင်းပါးတွေကို စုစည်းထားတဲ့ ဒီစာအုပ်လေးဟာ လူငယ်၊ လူလတ်၊ လူကြီး အရွယ်အစားမရွေး ဖတ်သင့်တဲ့ စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

120

စာအုပ်အရွယ်အစား

5.4 x 0.3 x 8 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာအုပ်တိုက်၊ 2024 မေလ (ပထမအကြိမ်)

Out of stock

မိမိစိတ်ကို ထိန်းချုပ်ခြင်းဆိုင်ရာအနုပညာ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    မိမိစိတ်ကို ထိန်းချုပ်ခြင်းဆိုင်ရာ အနုပညာ💙
    Eternal Life Magazineမှာ ဆရာမကြီး မြမြဆွေ(စိတ်ပညာ)ရေးသားခဲ့ဖူးတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဆောင်းပါးလေးတွေကို ဒီစာအုပ်လေးထဲမှာ တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

    ခေါင်းစဥ်ခွဲပေါင်း (၁၇)ခုပါဝင်ပြီးတော့ မိဘများသာမက လူကြီး၊လူငယ်အရွယ်မရွေး ဖတ်ရှုသင့်တဲ့ စာအုပ်လေး တစ်အုပ်လည်းဖြစ်ပါတယ်။
    စိတ်ကျန်းမာရေးကို မြှင့်တင်ရာမှာ
    အရေးအကြီးဆုံးအချက်က “မိသားစုဝင်
    အချင်းချင်း ချစ်ခြင်းမေတ္တာထားခြင်း”ဖြစ်တယ်လို့ သိရပါတယ်။
    ကလေးတွေ ငယ်စဥ်ကတည်းက စိတ်မှာဒဏ်ရာမရအောင်၊ ဆိုဆုံးမတဲ့အခါမှာလည်း အပြစ်ပေးခြင်း(Punishment)ထက် အမှားပြင်ဆင်ပညာပေးခြင်း(Correction)နည်းဖြင့်သာ ဆုံးမသင့်ကြောင်း သတိပြုမိရပါတယ်။
    လူတွေအချင်းချင်း ကူညီစောင့်ရှောက်ခြင်းကလည်း စိတ်ကျန်းမာရေးမြှင့်တင်ရေးအတွက် အရေးပါအရာရောက်ပုံ၊
    ခွင့်လွှတ်တတ်စေဖို့၊လောကဓံကို ခံနိုင်ရည်ရှိစေဖို့၊စိတ်ကောင်း စိတ်မြတ်မွေးမြူနိုင်ဖို့ အကြောင်းလေးတွေကို
    မြတ်ဗုဒ္ဓရဲ့အဆုံးအမလေးတွေနဲ့ ပြောပြပေးသွားတာမို့ ဓမ္မအသိပါ တိုးစေပါတယ်။
    ဖတ်ပြီးသွားတဲ့အခါ စိတ်ကလေးမှာ သတိရှိစေဖို့၊ ဒေါသထွက်တာကို လျှော့ဖို့၊ လောကဓံကိုရင်ဆိုင်နိုင်ရန် တူညီတဲ့
    စိတ်ထားထားနိုင်ဖို့၊ ဗြဟ္မစိုရ်တရား(၄)ပါးနဲ့အညီ နေထိုင်တတ်ဖို့ စသည်ဖြင့် အသိသတိများစွာရလိုက်ပါတယ်။
    ဥပမာလေးတွေနဲ့ပါ ထည့်ရေးပေးသွားတော့ စိတ်ထဲသဘောပေါက်နားလည်လွယ်ပါတယ်။နောက်ပြီး အခြေခံအနေနဲ့ ကိုယ့်စိတ်ကို ဘယ်လိုအခြေအနေရှိလဲ ဆန်းစစ်နိုင်ဖို့ အမှတ်ပေး လေ့ကျင့်ခန်းလေးကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။
    ကျွန်မကိုယ်တိုင်လည်း စိတ်လတ်ပဲ ရှိသေးသူမို့ စိတ်မြတ်ဖြစ်အောင် ကြိုးစားရပါဦးမယ်။ အကျိုးရှိတဲ့ ဆောင်းပါးလေးတွေ ဖတ်ခွင့်ရတဲ့အတွက် ဆရာမကြီး မြမြဆွေ(စိတ်ပညာ)ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်🥰💙

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မြမြဆွေ (စိတ်ပညာ) စာအုပ်များ