သန်းခေါင်ထက် ညဉ့်နက်
8000 (ကျပ်)
သူ့ နာမည်က ကက်သရင်း အဲလက်ဇန်းဒါး သူ မည်သူ မည်ဝါ ဖြစ်ကြောင်း မသိသလိုသူ့ အတိတ် ဘဝ အကြောင်းလည်း သူ မမှတ်မိပါ။သူ သိသမျှမှာ သူ လက်ရှိ ဂရိ နိုင်ငံထဲရှိ ကာမီလိုက် မယ်သီလရှင်ကျောင်းမှာ ရောက်နေသည်။မုန်တိုင်းကျနေစဥ် ရေကန် တကန်ထဲမှာလှေတစင်းနှင့် မျောပါနေခိုက် သူ့ကို စစ္စတာ နှစ်ယောက်က ကယ်တင်ခဲ့ကြသည်။သူ မည်သူမှန်း သူ့ကိုယ်သူ မသိသလိုသူ့ကိို လာရောက် ရှာဖွေ မေးမြန်းသူလည်း မရှိပါ။အပြင် လောကသို့ သူ ထွက်ပြီးသူ့ဘဝကို သူ ပြန်လည် ရှာဖွေဖို့ ကြိုးစားကြည့်ချင်သည်။ကွန်စတိုင်တင် ဒီမီရီ သူက ကမ္ဘာပေါ်ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ် နှစ်ဦး သုံးဦးထဲတွင် အပါအဝင် ဖြစ်သည်။ရုပ်ရည် ရူပကာာ ထူးထူးခြားခြား ကြည့်ကောင်းသည်။ထက်မြက် စူးရှသူလည်း ဖြစ်သည်။သို့သော်လည်း သူသည် အသေးအဖွဲ ကိစ္စလေးကိုပင် မမေ့တတ်သောအလွန် အငြိုး အတေး ကြီးသူ ဖြစ်သည်။သူသည် သူ့ရန်သူတော်များကိုထောင်ချောက်ဆင်ရန် စိတ်ရှည်လက်ရှည်အကွက်ဆင်လေ့ ရှိသည်။သူက ကက်သရင်း မှီခိုရာသီလရှင်ကျောင်း၏ အဓိက အလှူရှင်လည်း ဖြစ်သည်။သည်လိုနှင့် ကက်သရင်းအပြင် လောကသို့ ပြန်လည် ဝင့်ဆံ့စေဖို့ဒီမီရီ၏ အလုပ်ခွင် တနေရာ လန်ဒန်မြို့သို့ ရောက်ရှိခဲ့သည်။လန်ဒန်မှာ ကက်သရင်း သူ့ဘဝ အသစ်ကို စတင်ရင်းသူ့ဘဝ အဟောင်းကို တစ တစ ပြန်မှတ်မိလာသည်။တချိန်တည်းတွင် သူ သတိထားမိလာသည်ကသူနှင့် ပတ်သက်သူတိုင်း အန္တရာယ် တခုခုနှင့် ကြုံတွေ့ရလေ့ ရှိသည်။
စာမျက်နှာ |
440
|
စာအုပ်အရွယ်အစား |
5.2 x 0.5 x 7.8 inches
|
ပုံနှိပ်မှတ်တမ်း |
ဘဝတက္ကသိုလ်စာပေ၊ 2022 ဇွန်လ(တတိယအကြိမ်)
|
2 in stock (can be backordered)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ