မှော်ဆရာမှတ်တမ်းပေါင်းချုပ်

( 0 မှတ်ချက်)

13000 (ကျပ်)

၁၉၃၃ ခုနှစ်ကစ၍  မှော်ဆရာမှတ်တမ်းဆိုသော အခန်းတစ်ခန်း ဖွင့်ရေးရန် စိတ်သန်လာပြန်သောကြောင့် စုန်း၊ ကဝေ၊ တစ္ဆေ၊ သရဲ၊ သိုက်သမိုင်း၀တ္ထုများကို စတင်ရေးသားခဲ့ပါသည်။ အမှန်အတိုင်း ဝန်ခံရပါမူ စုန်း၊ ကဝေ၊ တစ္ဆေ၊ သရဲ၀တ္ထုများကို ရေးသားလိုသော်လည်း  ကိုယ်တိုင်က စုန်း၊ ကဝေ၊ တစ္ဆေ၊ သရဲများကို ယုံကြည်မှုမရှိသောကြောင့်ဖြစ်ပါသည်။ မိမိကိုယ်တိုင် ယုံကြည်မှုမရှိပဲ သူတကာများ ယုံကြည်အောင် ဘယ်ကဲ့သို့ ရေးသားရပါမည်လဲဟု အခက်အခဲဖြစ်လာပြန်သည်။  သို့ကြောင့် စုန်း၊ ကဝေ ၊ တစ္ဆေ၊ သရဲ၊ သိုက်၊ သမိုင်းများကို ရှေးစာပေ၌ တွေ့ရသမျှ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေရှုဆောင်းဖတ်ရှုခဲ့သည်။ အင်းအိုင်၊ ခါးလှည့် လက်ဖွဲ့ပြုလုပ်နည်း စာပေပုရပိုဒ်ဟောင်းများ ၊ ကဝေသာရကျမ်းဟောင်း၊ ပေစာဟောင်းများကို လေ့လာရုံမက စုန်း၊ကဝေ ပညာတတ်သည်ဟု သတင်းဖြစ်နေသူများကို လေ့လာမိသည်။ ယုံကြည်မှုကား ထိုအချိန်ထိမရှိခဲ့ပေ။ သို့တစေလည်း စုန်း၊ ကဝေ၊ တစ္ဆေ၊ သရဲ၀တ္ထုများရေးသားရန် အချက်အလက်နှင့် ဇာတ်ကွက်ဇာတ်လမ်းဆင်နိုင်ရန် အထောက်အထားများ စုံလင်ပြည့်၀လာသောကြောင့် မှော်ဆရာမှတ်တမ်းခန်းကို ဖွင့်၍ စုန်းကဝေ၊ တစ္ဆေသရဲ၀တ္ထုများကို ပိုင်ပိုင်နိုင်နိုင်ရေးသားရပါတော့သည်။
(စာရေးသူ အမှာစာမှ ကောက်နှုတ်ချက်)

ယခုစာအုပ်သည် လောကတွင် မကောင်းသဖြင့် အနိုင့်အထက် နှိပ်စက်ဖမ်းစား ရမ်းကားရှုပ်ပွေ အဟိတ်ပဋိသန္ဓေမျိုးဖြစ်ကြကုန်သော မိစ္ဆာနတ်ဆိုး တစ်မျိုး၊ စုန်းကဝေ၊ တစ္ဆေ၊ ပြိတ္တာ၊မှင်စာ၊ သရဲမှစ၍  နာနာဘာ၀တို့နှင့် ပက်သက်သည့်  မျက်မြင်ကိုယ်တွေ့ အကြောင်းအရာ အတ္ထုပ္ပတ္တိတို့ကို ဒဂုန်ခင်ခင်လေး ၏ ကလောင်ခွဲဖြစ်သူ ကိုကိုလေး၏ တွေ့ကြုံမှုသဖွယ် ရေးသားဖော်ပြထားပါတယ်။

စာမျက်နှာ

846 (ကဒ်ထူအဖုံး)

စာအုပ်အရွယ်အစား

8 x 1.8 x 11.1 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2017 ဩဂုတ်လ၊ (ပ-ကြိမ်)

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မှော်ဆရာမှတ်တမ်းပေါင်းချုပ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ကိုကိုလေး စာအုပ်များ