မှတ်ဉာဏ်ရောင်တေးသွားများ

( 0 မှတ်ချက်)

5000 (ကျပ်)

တစ်ယောက်မှတ်ဉာဏ်ထဲမှာ တစ်ယောက်ထင်ကျန်နေပုံက သိပ်ကြောက်စရာကောင်းတယ်သိလား။ သတိရစိတ်ကလေးကို ဖျောက်ဖျက်ပြီး တည်ငြိမ်ဖို့ကြိုးစားလိုက်၊ အမှတ်ရစရာ တစ်ခုခုနဲ့ ဝင်တိုက်ပြီး သေသေချာချာ စီထားတဲ့ အရာအားလုံး ဝုန်းခနဲ ပြိုကျ၊ သူ့ကို အစကနေ ပြန်သတိရသွားရတယ်။

တစ်ယောက်ကိုတစ်ယောက် ချစ်ခဲ့တယ်ဆိုတာ ခေါက်ချိုးရာတွေလေ။ ဘယ်တော့မှ ပြန်မပြန့်တော့ဘူး။ အရာထင်နေတဲ့ မျဉ်းကြောင်းလေးက ထင်သာမြင်သာရှိနေတုန်းပဲ။ တဖြည်းဖြည်းမှိန်ဖျော့သွားရင်တောင်မှ အသာလေး ပြန်ချိုးချကြည့်လိုက်ရင် အရင်အတိုင်း ခေါက်ရာပြန်ဖြစ်သွားရော။ လူတစ်ယောက်ကို သတိရတယ်ဆိုတာ အဲဒီလို ကိစ္စမျိုးတွေ။

နောက်တစ်ယောက်ကို ထပ်မချစ်နိုင်တော့ဘူးလားဆိုတော့လည်း မဟုတ်ဘူး။ ချစ်ရင်လည်း ချစ်မယ်၊ ဒါမှမဟုတ် ဒီအတိုင်း သူ့ကိုပဲ ဆက်ချစ်နေတာဖြစ်ဖြစ်၊ မချစ်တော့တာ ဖြစ်ဖြစ် မှတ်ဉာဏ်ဟာ အကွေ့တိုင်း၊ အကွေ့တိုင်းမှာ တို့ထိနေဦးမှာပဲ။ ဒီလူကြိုက်တဲ့ အစားအသောက်၊ ပန်းပွင့်များ၊ သုံးခဲ့ဖူးသော နာမည်အတိုကောက်တွေ စသည်ဖြင့် တိုက်ဆိုင်လာတဲ့အခါ ဒါမှမဟုတ် မတိုက်ဆိုင်ရင်တောင်မှ ဖျတ်ခနဲ မသိစိတ်ကဖြစ်ဖြစ် သတိရသွားတာမျိုး။

ဒီလူဟာ ဒီလူသက်သက်ပဲ။ အမုန်းတရားနဲ့ လက်ပြခဲ့ရတယ်ဆိုဦးတော့ ဒီလူကို ချစ်ခဲ့ဖူးတဲ့စိတ်က ထက်သန်လွန်းတော့ နောက်ပိုင်းကျ ဒီလူကောင်းခဲ့ဖူးတာတွေ၊ ဒီလူရဲ့ ချစ်စဖွယ်အပြုအမူတွေ၊ ဒီလူနဲ့ပတ်သတ်တဲ့ မြတ်နိုးစရာ ဖြစ်ရပ်တွေ၊ အဖြစ်အပျက်တွေချည်းပဲ သီးသန့်ကျန်နေခဲ့ပြီး နာကျင်ရရင်းတောင် တိုးတိုးဖွဖွ ပြုံးရယ်မိဦးမှာပဲသိလား။

သတိရတယ်ဆိုတာ ပန်းပွင့်ကလေးတွေပဲ။ တစ်ခက်ပြီးတစ်ခက် ချွေချလိုက်ရင်တောင်မှပဲ ပြန်ပြီး ပွင့်လန်းလာတတ်လို့ အမြစ်ကနေ ဖြတ်တောက်ဖို့လည်းမလွယ်။ အတင်းချိုးချေပစ်လိုက်လို့မရတာဟာ မှတ်ဉာဏ်တွေပဲမဟုတ်လားကွယ်။ တစ်ယောက်ကိုတစ်ယောက် သတိရပါတယ်လို့ မပြောနိုင်ခဲ့ရင်တောင်မှပဲ ဒီလူဟာ စိတ်ရဲ့တစ်နေရာမှာ ခွေခွေကလေး သိမ်မွေ့စွာနဲ့ နေရာယူထားပါရဲ့။

တစ်ယောက်မှတ်ဉာဏ်ထဲမှာ တစ်ယောက်ထင်ကျန်နေပုံက သိပ်ကြောက်စရာကောင်းတာပဲ။ မမေ့နိုင်ဘူးဆိုရင် အဲဒါတစ်သက်လုံး မမေ့နိုင်တော့တာပဲ သိလား။ သတိရဖို့မေ့သွားတိုင်း မေ့ဖို့ ပြန်သတိရသွားတယ်။ အရာအားလုံး တစ်ကနေစပြီး ပြန်နာကျင်ရပြန်ပါတယ်။

===
ယခုစာအုပ်တွင် မေတ္တာ၊ မှတ်ဉာဏ်နဲ့ မမေ့နိုင်တဲ့ခံစားချက်တွေ ဘယ်လောက်နက်ရှိုင်းပြီး လူ့စိတ်ကို ဘယ်လိုသက်ရောက်စေနိုင်လဲဆိုတာကို နူးညံ့ထိမိစွာ ဖော်ပြထားပြီး ကိုယ်တိုင်ရဲ့ အတွင်းစိတ်ကို ပြန်လည်ခံစားနားလည်နိုင်စေတဲ့အတွက် ဖတ်သင့်တဲ့ စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

112(𝐖𝐨𝐨𝐝𝐟𝐫𝐞𝐞 𝐏𝐚𝐩𝐞𝐫)

စာအုပ်အရွယ်အစား

4.9 x 0.3 x 7.3 inches

ပုံနှိပ်မှတ်တမ်း

လမ်းပြကြယ်စာအုပ်တိုက်၊ 2023 မတ်လ (ပထမအကြိမ်)

10 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မှတ်ဉာဏ်ရောင်တေးသွားများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

အိခိုင်မွန် စာအုပ်များ