ကန့်လန့်ကာနီနောက်ကွယ်မှ မော် (ပထမတွဲ)
20000 (ကျပ်)
◼ ယွန်းချန်းနှင့် ဂျွန်ဟာလီဒေး တို့ ရေးသားသည့် The Unknonw Story MAO ကို ” ကန့်လာကာနီနောက်ကွယ် မှ မော် ” ဟု ဉာဏ်သစ်မှ မြန်မာပြန်ဆိုသည်။
◼ မူရင်းစာအုပ်သည် ၂၀၀၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ဘာသာပေါင်း ၄၀ ကျော် ဘာသာပြန်ဆိုထုတ်ဝေခဲ့ပြီး အုပ်ရေ ၁၅ သန်းခန့် ရောင်းချခဲ့ရသည်။ ကမ္ဘာကျော် Time မဂ္ဂဇင်းမှ “An atom bomb of a book” အဏုမြူဗုံးကြီး ခွဲလိုက်သလို အလန့်တကြား ဖြစ်စေသောစာအုပ်ဟု ထောပနာပြုခဲ့သည်။
– ဤစာအုပ်သည် တရုတ်ပြည်၏ ခေါင်းဆောင်ကြီး မော်စည်တုန်း၏ ဘဝအကြောင်းကို ရေးခဲ့ဖူးသမျှစာအုပ်များတွင် အတိကျဆုံးဖြစ်သည်။
– ဆယ်စုနှစ်တစ်စုခန့် သုတေသနပြုလုပ်ပြီး အရင်က မထုတ်ဖော် မပြောဆိုဖူးသည့် မော့်အတွင်းစည်းမှ လူအများအပြားသာမက သူနှင့် အရေးပါစွာ ဆက်ဆံဖူးသည့် တရုတ်ပြည်ပြင်ပရှိ လူအားလုံးနီးပါးတို့နှင့် တွေ့ဆုံမေးမြန်းချက်တို့ကို အခြေခံထားသည်။
– ဤစာအုပ်တွင် အလန့်တကြားဖြစ်လောက်စရာ၊ အံအားသင့်စရာ၊ လျှို့ဝှက်ချက်များ နှင့် ပြည့်လျက်ရှိသည်။
– ခရီးအရှည်ကြီး ဆိုသည့် ဒဏ္ဍာရီကို ဖောက်ခွဲပြစ်သည်။ ထို့အပြင် မော့် ကို Idealism သို့မဟုတ် Ideology တစ်ခုခုက မောင်းနှင်ခဲ့ခြင်း မရှိ ၊ မော်အာဏာရခဲ့သည်မှာ ၁၉၂၀ ပြည့်လွန် ကာလကတည်းက ရှိခဲ့သည့် သူနှင့် စတာလင်တို့၏ ရင်းနှီးနက်ရှိုင်းသည့် ဆက်ဆံရေး ကြောင့်သာဖြစ်ခြင်း။
– တရုတ်ပြည်နယ်မြေအများစုကို ဂျပန်တို့သိမ်းပိုက်သည်ကို သူ့ကိုယ်ကျိုးအတွက်အသုံးချခြင်း၊ သူ့လိုဘပြည့်ရန် လျှို့ဝှက်ကြံစဉ်ခြင်း၊ အဆိပ်ခတ်ခြင်း ၊ခြိမ်းခြောက်ခြင်း စသည်တို့ကို အကြိမ်ကြိမ်လုပ်ခဲ့ခြင်း စသည့် လူများလုံးဝမသိကြသေးသည့် မော့်အကြောင်းတို့ကို ဖော်ပြထားသည်။
– ၁၉၄၉ တွင် တရုတ်ပြည်ကို အောင်နိုင်ပြီးနောက် မော်၏ လျှို့ဝှက်ရည်မှန်းချက်မှာ ကမ္ဘာကြီးကို စိုးမိုးရန် ဖြစ်သည်။
– ဤအိမ်မက်နောက်ကိုလိုက်ရင်း လူ ၃၈သန်းကို သေစေသည့် သမိုင်းတွင်အကြီးမားဆုံး အငတ်ဘေးကို ဖြစ်စေခဲ့သည်။ မော် အာဏာရှိစဉ် စစ်မဲ့ကာလအတွင်း စုစုပေါင်း လူသန်း ၇၀ ကိုသေစေခဲ့သည်။
◼ စာအုပ်ကို အပိုင်း (၆) ပိုင်းခွဲ၍ ရေးသားထားပါသည်။ မြန်မာပြန်ဆိုထုတ်ဝေရာတွင် အပိုင်း (၁) မှ (၄) အထိ ပထမတွဲ အဖြစ် ထုတ်ဝေထားပါသည်။ အပိုင်း (၁) တွင် မော်စည်တုန်း၏ မွေးဖွားသည်မှ အသက် ၃၃ နှစ်အထိ၊ အပိုင်း (၂) တွင် အသက် ၃၃ မှ ၄၁ နှစ်အထိ (ပါတီထိပ်သီးဘဝသို့ခရီးရှည်) ၊ အပိုင်း (၃) တွင် အသက် ၄၁ မှ ၅၁ နှစ်အထိ (အာဏာအုတ်မြစ်ချခြင်း) ၊ အပိုင်း (၄) တွင် အသက် ၅၁ မှ ၅၉ နှစ်အထိ (တရုတ်ပြည်ကိုအောင်နိုင်ရေး) တို့ပါဝင်သည်။
| စာမျက်နှာ | 367 |
|---|---|
| စာအုပ်အရွယ်အစား | 7.1 × 0.6 × 9.8 inches |
| ပုံနှိပ်မှတ်တမ်း | လွင်ဦးစာပေ၊၊ 2024 ဖေဖော်ဝါရီလ၊ (ပထမအကြိမ်) |
| ဒုတိယတွဲ |
2 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ