ငွေကြေး၊ စျေးကွက်နှင့်ရင်းနှီးမြုပ်နှံမှု

( 0 မှတ်ချက်)

9000 (ကျပ်)

– ကျွန်ုပ်တို့ဟာ ငွေကြေး၊ဈေးကွက်တို့နှင့် ကင်းကွာအောင် နေလို့မရနိုင်ပါ။ငွေကြေး၊ဈေးကွက်တို့ဟာ လူတိုင်းနဲ့ သက်ဆိုင်မှုရှိနိုင်ပါသည်။ ငွေကြေး၊ဈေးကွက်တို့ရဲ့ အပြောင်းအလဲ ဖြစ်မှု ၊ဖြစ်စဥ်တိုင်းတို့ဟာ ဆင်းရဲတဲ့လူတွေအပေါ်မှာကော၊ ချမ်းသာတဲ့ လူတွေအပေါ်မှာပါသက်ရောက်မှုတွေရှိစေနိုင်ပါလိမ့်မည်။ ထို့ကြောင့်ကျွန်ုပ်တို့ဟာ ငွေကြေး၊ဈေးကွက်တို့အကြောင်းကို ကျွမ်းကျင်အဆင့် မဟုတ်ရင်တောင်မှ အခြေခံအဆင့် နားလည်မှုလောက်ကိုတော့ မဖြစ်မနေ ရှိထားသင့်ပါသည်။ ဤစာအုပ်၌ ငွေကြေးတို့ရဲ့အကြောင်း၊ စတော့ရှယ်ယာဈေးကွက်၊ ဘွန်းငွေချေးစာချုပ်ဈေးကွက်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နည်းဗျူဟာများတို့ကို အဓိကထား၍ရေးသားပြုစုထားပါသည်။

– ငွေကြေးများတို့ရဲ့အပိုင်း၌ Fiat currency (အစိုးရများထုတ်ငွေကြေး)၊ Central Bank Digital Currency (ဗဟိုဘဏ်ထုတ်ဒစ်ဂျစ်တယ်ငွေကြေး)နှင့် Crypto currency(ခရစ်တိုငွေကြေး)များတို့ရဲ့ အကြောင်းတွေနှင့် ဘလော့ချိန်းနည်းပညာအခြေခံ သဘောတရားများတို့ကို ရိုးရှင်းသောအသုံးအနှုန်း၊တင်စားဥပမာများတို့ကို သုံးပြီးတော့ ရှင်းပြရေးသားထားပါသည်။ ငွေကြေးများအပိုင်း၌ Fiatငွေကြေးတွေရဲ့အတက်အကျ ဘာ့ကြောင့် ရှိစေနိုင်သလဲဆိုသည့်အကြောင်း၊ အချက်တွေနှင့် ခရစ်တိုငွေကြေးဈေးကွက်သဘောသဘာဝနှင့်ရင်းနှီးမြှုပ်နှံမှုနည်းဗျူဟာတွေကိုပါ ထည့်သွင်းရေးသားထားပါသည်။ စတော့ရှယ်ယာအပိုင်း၌ စတော့ဈေးကွက်သမိုင်းကနေ ရင်းနှီးမြှုပ်နှံမှုလုပ်လို့ရတဲ့အထိရင်းနှီးမြှုပ်နှံမှု နည်းဗျူဟာတွေကိုလည်းထည့်သွင်းရေးသားထားပါသည်။ ဘွန်းငွေချေးစာချုပ်အပိုင်း၌ဘွန်းဈေးကွက်အကြောင်း၊ဘွန်းဈေးကွက်၌ရင်းနှီးမြှုပ်နှံမှု၊ဘွန်းyieldနှင့်yield curveမျဉ်းကွေးတို့ရဲ့အကြောင်းတွေကို စေ့ငုံစုံလင်စွာနဲ့ ရှင်းပြထားပါသည်။

– ၎င်းတို့အပြင် နိုင်ငံသားတိုင်း သိသင့်သိထိုက်တဲ့ နိုင်ငံ့GDPအကြောင်း၊စားသုံးသူဈေးဆညွှန်းကိန်း(CPI)ဒေတာအကြောင်း၊ Recessionအကြောင်း၊ Inflation အကြောင်းနှင့် Safe haven ငွေကြေးအက်ဆက်များတို့ရဲ့ အကြောင်းတွေနှင့် Saving&Investingတို့ရဲ့ ကွဲပြားခြားနားပုံနှင့်နိုင်ငံသားတိုင်း သိသင့်သိထိုက်စရာ အကြောင်းအရာတွေ များစွာတို့ကိုလည်း ထည့်သွင်း ရေးသားပြုစုထားပါသည်။ စာဖတ်သူတို့အတွက် အသိပညာဗဟုသုတတွေ များစွာရရှိနိုင်သလို၊ ဘဝရပ်တည် နေထိုင်မှု၌လက်တွေ့အသုံးချလို့လည်း ရနိုင်တဲ့ စာအုပ်တစ်အုပ်လည်းဖြစ်ပါသည်။

စာမျက်နှာ

357

စာအုပ်အရွယ်အစား

5.5 x 0.8 x 7.9 inches

ပုံနှိပ်မှတ်တမ်း

ဆောင်းစုရတီစာပေ၊ 2022 အောက်တိုဘာလ (ပထမအကြိမ်)

Out of stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ငွေကြေး၊ စျေးကွက်နှင့်ရင်းနှီးမြုပ်နှံမှု” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ကေနို စာအုပ်များ