စတင်ညှို့ငင်လိုက်ပါ (Manifest Now)

( 2 မှတ်ချက်)

11000 (ကျပ်)

စတင်ညှို့ငင်လိုက်ပါ (Manifest Now) စာအုပ်မှာ သင့်ရဲ့ စိတ်ကြိမ်နှုန်းကို မြှင့်တင်ပြီး သင်လိုချင်တဲ့ဘ၀ကို ဖန်တီးနိုင်ဖို့ လိုအပ်တဲ့နည်းလမ်းတွေ၊ လမ်းညွှန်ချက်တွေနဲ့ သက်သေပြပြီးသား အသုံးဝင်ဗျူဟာတွေကို တဆင့်ချင်း ဖော်ပြထားပါတယ်။ ဒီစာအုပ်က ညှို့ငင်ခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာကဏ္ဍတွေမှာ သင့်ကို လမ်းညွှန်ပေးပြီး သင့်နှလုံးသားက တောင့်တသမျှအရာအားလုံးကို ရယူနိုင်စေဖို့ ရည်ရွယ်ပါတယ်။

ညှို့ငင်ခြင်းဆိုတာ သင့်ရဲ့ မွေးရာပါ အခွင့်အရေးဖြစ်ကြောင်း ပြန်ရှာတွေ့နိုင်ဖို့အတွက် သင့်ရဲ့ စိတ်ခံစားချက်အစိုင်အခဲတွေကို ဘယ်လိုဖယ်ရှားရမလဲဆိုတာ ဒီစာအုပ်က သင်ယူရပါလိမ့်မယ်။ စာမျက်နှာ တစ်မျက်နှာချင်းစီကို လှန်လိုက်တိုင်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ ပိုတိုးလာပြီး စွမ်းအားပိုကြီးလာတယ်လို့ ခံစားရပါလိမ့်မယ်။ သင်က သတိရှိရှိ ညှို့ငင်နိုင်တဲ့လူတစ်ယောက်ဖြစ်ကြောင်း နားလည်လာတာနဲ့အမျှ သင့်ဘ၀ထဲက အရာအားလုံး ပြောင်းလဲလာမှာ ဖြစ်ပါတယ်။

စာမျက်နှာ

240

စာအုပ်အရွယ်အစား

5.5 x 0.6 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2024 စက်တင်ဘာလ (ဒုတိယအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

17.9.2024 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 11000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

Out of stock

စတင်ညှို့ငင်လိုက်ပါ (Manifest Now) အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Aeri Myat

    စတင်ညှို့ငင်လိုက်ပါ 🤍🦋
    IDIL AHMED ရဲ့ “MANIFEST NOW” စာအုပ်ကို Team NYĀNA မှ ဘာသာပြန်ဆိုထားတဲ့ စာအုပ်လေး ဖြစ်ပါတယ်။
    အခန်းပေါင်း(၁၆)ခန်း ပါဝင်ပြီးတော့
    ညှို့ငင်ခြင်းရဲ့ အဓိပ္ပါယ်၊ စိတ်စွမ်းအင်နဲ့ အတွေးဆက်စပ်ပုံ၊ Affirmationsပြောဆိုခြင်းနည်းများ၊စိတ်ကို သန့်စင်နိုင်မယ့် နည်းလမ်းများစွာကို ဖတ်ရှုရင်း လက်တွေ့အသုံးပြုနိုင်မယ့် စာအုပ်လေးတစ်အုပ်လို့လည်း ဆိုချင်ပါတယ်။
    တကယ်တော့ ညှို့ငင်တယ်ဆိုတာ ကိုယ့်ရဲ့ စိတ်အတွင်းစွမ်းအင်ကို အသုံးပြုခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ကျွန်မတို့ လက်လှမ်းမမှီနိုင်တဲ့ အရာတွေကို ရေးသားထားတာမျိုး မဟုတ်ပါဘူး။ဘဝမှာ ကြုံလာရတဲ့ အဖြစ်အပျက်၊
    အကြောင်းအရာတွေအပေါ်မှာ ဘယ်လိုစိတ်ထားကြမလဲဆိုတဲ့ နည်းလမ်းတွေကို ဆွေးနွေး ရေးသားပေးထားတာ ဖြစ်ပါတယ်။
    ကောင်းတာတွေလိုချင်တယ်၊ ဖြစ်ချင်တယ်။တဖက်မှာလည်း ကျွန်မတို့ ကြောက်ရွံ့တယ်၊ မထိုက်တန်ဘူးလို့ ခံစားနေရတယ်။ဒီလို စိတ်နေစိတ်ထားတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို ဒီစာအုပ်လေးထဲမှာ အသေးစိတ်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
    Self Practice လုပ်လို့ရမယ့် Affirmationsလေးတွေကတော့ တကယ်ကို စိတ်ခွန်အားရစေမယ့်
    အပိုင်းလေးပါပဲ။
    #၂၄နာရီအဆိုးမြင်စကားမပြောဘဲနေပါ
    ဒီPracticeလေး လုပ်ဖြစ်တဲ့အခါ ပထမအစမှာ တော်တော်ခက်ပါတယ်။လူက ကာယကံအမှုမပြုမိသည့်တိုင်အောင် ဝစီကံ၊ မနောကံအရ ကျွန်မတို့ ကျူးလွန်မိဖို့ အင်မတန် လွယ်ကူနေတာပါပဲ။သတိနဲ့ ပြန်ပြန်ထိန်းရင်း နေကြည့်တော့ လူကပေါ့ပါးလာတယ်။ပြုံးမိလာတယ်။အကုသိုလ်မကင်းသည့်တိုင် နည်းနိုင်သမျှ နည်းအောင်တော့ နေခဲ့နိုင်တာမို့ ကျေးဇူးတင်စရာပါပဲ🤍
    #ရေတံခွန်နည်းလမ်း
    မကောင်းတဲ့စိတ်စွမ်းအင်၊စိတ်ကြိမ်ခါနှုန်းတွေကို သန့်စင်တဲ့နည်းလမ်းတစ်ခုပါ။ကျွန်မ သဘောအကျဆုံးနည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။”စိတ်ဖုန်စုပ်စက်နည်းလမ်း”၊”ရွှေရောင်အလင်းနည်းလမ်း”စတဲ့ အခြားသော နည်းလမ်းများစွာလည်း စာအုပ်လေးထဲမှာ ရေးသား မျှဝေထားပါသေးတယ်။
    🦋ကောင်းတဲ့အတွေးတွေတွေးရင်း မ ကောင်းတဲ့ဘဝမှာ နေရတာမျိုးမရှိပါဘူး။
    🦋အကြောင်းကိစ္စမရှိဘဲ ပျော်ခွင့်ရှိပါတယ်။
    🦋အကြောင်းကိစ္စမရှိဘဲ ပြုံးခွင့်ရှိပါတယ်။
    🦋Manifestationဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီး သင်လိုချင်တဲ့ဘဝကို သင်ဖန်တီးနိုင်တယ်ဆိုတာကို သိထားခြင်းပါပဲ။
    🦋 ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်မှုရှိရင် စကြဝဠာကြီးက ကိုယ့်စိတ်ကြိမ်နှုန်းကို မြန်မြန်ဆန်ဆန် တုံ့ပြန်တတ်ပါတယ်။
    🦋သင့်ဘဝမှာ ကြုံနေရသမျှကို ဖန်တီးတဲ့သူဟာ သင်ကိုယ်တိုင်ပါပဲ။
    🦋လက်တွေ့ဘဝဆိုတာ တကယ့်အဖြစ်အပျက်တွေထက် ကျွန်မတို့ရဲ့ အတွေးတွေနဲ့ပဲ ပိုသက်ဆိုင်ပါတယ်။
    စိတ်ခွန်အားလည်းရမယ်၊ energy blockဖြစ်နေတဲ့ အပိုင်းလေးတွေကိုလည်း balanceဖြစ်အောင်၊လက်တွေ့လုပ်ဆောင်နိုင်အောင် ပြောပြပေးထားပါတယ်။
    🦋သိတာက တကဏ္ဍပါ။ ဒါပေမယ့် တကယ်လုပ်တဲ့အချိန်မှ ထူးခြားတဲ့အရာတွေ စဖြစ်လာတာပါ🤍
    “MANIFEST NOW”
    စတင်ညှို့ငင်လိုက်ပါ🦋

  2. Kyaw Zin Latt

    ဆွဲဆောင်ခြင်းနိယာမ အခြေခံသဘောတရားနဲ့လုပ်ဆောင်ချက်နည်းလမ်းကောင်းကိုဖော်ပြတဲ့ ကောင်းမွန်တဲ့စာအုပ်တစ်အုပ်ပါ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Team NYANA စာအုပ်များ