စီမံခန့်ခွဲမှုစိတ်ပညာ

( 0 မှတ်ချက်)

20000 (ကျပ်)

စီမံခန့်ခွဲတယ်၊ ခေါင်းဆောင်မှုပေးတယ်၊ ဦးဆောင်တယ်ဆိုတာ လူတွေကိုဆွဲဆောင် စည်းရုံးရင်း လုပ်ဆောင်ရတာဖြစ်ပါတယ်။ လူသားတွေနဲ့ ဆက်သွယ်၊ ထိတွေ့၊ ပြောဆို၊ ဆက်ဆံ၊ လုပ်ကိုင်ဆောင်ရွက်နေရသူတိုင်းဟာ Human Factor လို့ခေါ်တဲ့ လူ့စိတ်သဘာဝ နဲ့ လူသားတွေရဲ့ အတွေး၊ ခံစားမှုနဲ့ အပြုအမူတွေအကြောင်းကို သိရှိနားလည် သဘောပေါက်ထားဖို့ အလွန်အရေးကြီးပါတယ်။ ဘဝအရေးမှာ အောင်မြင်ထွန်းပေါက်သူတိုင်းဟာ လူ့စိတ်သဘာဝကို ကောင်းကောင်းကြီး နားလည်သဘောပေါက်ကြသူတွေဖြစ်ပါတယ်။

ဒီစာအုပ်ဟာ လူတွေနဲ့ ဆက်ဆံ လုပ်ကိုင်နေရသူတွေ သိရှိရမယ့် လူ့စိတ်သဘာဝအကြောင်းကို စိတ်ပညာရပ်ဆိုင်ရာ ရှုထောင့်ကသာမက စာရေးသူ နှစ်ပေါင်းများစွာရရှိခဲ့တဲ့ စီမံခန့်ခွဲမှု ဆိုင်ရာ ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ရေးသားထားတာဖြစ်ပါတယ်။

စာအုပ်မှာ လူတစ်ဦးချင်းစီရဲ့ အပြုအမူအကြောင်း၊ အုပ်စု အပြုအမူ အကြောင်း နဲ့ အဖွဲ့အစည်းထဲက လူတွေ အကြောင်းဆိုတဲ့ ကဏ္ဍ သုံးခုကို အခန်း ၁၉ ခန်း ခွဲပြီးရေးသားထားပါတယ်။ စာအုပ်ကို စီမံခန့်ခွဲမှု စိတ်ပညာ လို့ အမည်ပေးထားပေမဲ့ မန်နေဂျာတွေသာမက လူသားတွေနဲ့ ပေါင်းသင်း၊ထိတွေ့၊ ဆက်ဆံနေရသူတိုင်း၊ မိမိဘဝ ကို ဦးဆောင်စီမံ ခန့်ခွဲ နေရသူတိုင်း ဖတ်ရှုလေ့လာရမယ့် စာအုပ်ဖြစ်ပါတယ်

စာအုပ်ကို ဖတ်ပြီးတဲ့အခါ လူ့စိတ်သဘာဝတွေ၊ လူတွေရဲ့ အပြုအမူတွေ၊ အတွေးတွေနဲ့ ခံစားချက်တွေ အကြောင်းကို နားလည် သဘောပေါက်လာပါလိမ့်မယ်။ စာအုပ်ထဲက အသိပညာတွေဟာ လက်တွေ့ဘဝထဲမှာ အသုံးချနိုင်ပြီး ဘဝ နဲ့ ဆန္ဒ သဟဇာတဖြစ်အောင်နေထိုင်နိုင်ဖို့ အကူအညီပေးပါလိမ့်မယ်။

စာမျက်နှာ

284(Woodfree paper)

စာအုပ်အရွယ်အစား

5.6 x 0.5 x 7.9 inches

ပုံနှိပ်မှတ်တမ်း

စာပေလမ်း 2026 ၊ ဖေဖော်ဝါရီလ(ပထမအကြိမ်)

35 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စီမံခန့်ခွဲမှုစိတ်ပညာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

အောင်မင်းညိမ်း စာအုပ်များ