ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနိဒါန်း
20000 (ကျပ်)
စာအုပ်တွင် စီမံခန့်ခွဲမှုကျင့်ဝတ်၊ ဝန်ထမ်းကျင့်ဝတ်နှင့် စွမ်းဆောင်ရည်အပါအဝင် နိုင်ငံ့ဝန်ထမ်းများအား စိတ်ဓာတ်မြှင့်တင်ခြင်းဆိုသည့် အခန်း(၂)ခန်း ပါဝင်ပါသည်။ ဝန်ထမ်းတစ်ဦးတွင် ရှိထိုက်သည့်စွမ်းဆောင်ရည်၊ ကျင့်ဝတ်နှင့် စံတန်ဖိုးများကို ခိုင်မာအောင် အရှည်သဖြင့် တည်ဆောက်ချိန်မရဘဲ မြန်မာ့နိုင်ငံရေးဂယက်၏ ရိုက်ခတ်မှုဒဏ်ကို ခေတ်အဆက်ဆက် ကျောကော့အောင် ခံခဲ့ကြရသော နိုင်ငံ့ဝန်ထမ်းများကို သက်မွေးကျင်ကျင်ပညာရှင်များအဖြစ် ခေါင်းမော့ရင်ကော့ကာ ရပ်တည်နိုင်ရေး၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးယန္တရားတွင် အရေးပါသော အစိတ်အပိုင်းအဖြစ် အသုံးတော်ခံနိုင်ရေးနှင့် အရေးပါသော မူဝါဒများချမှတ်ရာတွင် တန်ဖိုးရှိသော အကြံဉာဏ်ကောင်းများ ပေးနိုင်ရေးတွင် ရည်ရွယ်ပါသည်။
ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှု၊ ပြည့်သူ့ရေးရာစီမံခန့်ခွဲမှုနှင့်ပတ်သတ်သည့် ပညာရပ်သဘောတရားများစွာကို အလုံးစုံခြုံငုံမိစေရန် ရိုးရှင်းစွာရေးသားထားနိုင်မှု၊ စာဖတ်ပရိတ်သတ်များအား လွယ်ကူစွာ ထိုးထွင်းသိမြင်၊ နားလည်သဘောက်ပေါက်နိုင်အောင်၊ ဘာသာပြန်ဆိုထားနိုင်မှုတို့ကြောင့် ပြည့်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် ပညာရပ်များကို လေ့လာဆည်းပူးလိုသည့် စာဖတ်ပရိတ်သတ်များ၊ ကျောင်းသား၊ ကျောင်းသူများအတွက် အခက်အခဲမရှိ နားလည်သဘောပေါက်နိုင်ခြင်း၊ ပြည့်သူ့ရေးရာစီမံခန့်ခွဲမှုပညာရပ် သဘောတရားများကို အခြေခံမှစ၍ ၂၁ရာစု ပြည့်သူ့ရေးရာစီမံခန့်ခွဲမှုအကြောင်းအခြင်းအရာများအထိ အချိန်တိုအတွင်း နားလည်သဘောပေါက်နိုင်သည့်အတွက် လွန်စွာအထောက်အကူပြုစေမည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
| စာမျက်နှာ | 317 (woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.8 x 0.5 x 8.3 inches |
| ပုံနှိပ်မှတ်တမ်း | ဦးချစ်မောင်မောင်စာပေ၊ 2025 ဇွန်လ (ဒုတိယအကြိမ်) |
6 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ