ပကတိတရား၏မှော်ပဉ္စလက်

( 0 မှတ်ချက်)

45000 (ကျပ်)

လူအများစုဟာ သူတို့ မြင်တွေ့ကြားသိရတာတွေကိုအမှန်ထင်မှတ်ပြီး ယုံကြည်တတ်ကြပါတယ်။တကယ်တော့ ဒါဟာလည်း သဘာဝပါပဲ။ဝေဖန်ဆင်ခြင်ပြီး သံသယနဲ့ ရှုမြင်တာလောကဓါတ်သိပ္ပံနည်းတွေနဲ့ စစ်ကြောတာတွေကသာသဘာဝထက် ပိုမိုတဲ့ အားထုတ်မှုမျိုး ဆိုပါတော့။ဒါဟာလည်းအဆန်းတော့ မဟုတ်ပါဘူး။ လူတွေရဲ့ဦးနှောက်ထဲမှာကို ဖြစ်စဉ်တွေအပေါ် သုံးသပ်ကောက်ချက်ဆွဲတဲ့ ပရိုဂရမ်တွေ ပါလာခဲ့ပြီးသားမလို့ပါဖြစ်ရပ်တခုဟာ ဖြစ်ရပ်တခုနဲ့ ဆက်စပ်မှုရှိတယ်လို့သတိပြုမိရင် အလားတူဖြစ်ရပ်မျိုးတွေ ထပ်မံရှာဖွေပြီး အတည်ပြုဖို့ အားထုတ်ကြပါတယ်။အဲဒီလို အားထုတ်ရာမှာ အမှားနှစ်မျိုးကျူးလွန်မိလေ့ရှိကြပါတယ်။

ပထမအမှားကတော့False Positive လို့ခေါ်ပြီး ဆက်စပ်မှုမရှိတာတွေကိုဆက်စပ်တယ် ထင်တာပါပဲ။ ဒုတိယအမှားကတော့False Negative ဖြစ်ပြီး ဆက်စပ်မှုရှိတာတွေကိုဆက်စပ်မှု မရှိဘူးလို့ ထင်တာပဲ ဖြစ်ပါတယ်။အတွေးစမ်းသပ်ချက်တခု ပြုလုပ်ကြည့်ရအောင်ပါ။တကယ်လို့ စာဖတ်သူဟာ လွန်ခဲ့တဲ့ နှစ်သုံးသန်းဝန်းကျင်လောက်က လူမတိုင်ခင် လူတူသတ္တဝါတမျိုးဆိုကြပါစို့။ အာဖရိကတိုက်နေရာလောက်မှာဖြစ်ပြီးနာမည်က လူစီ ထားလိုက်ပါ။ အစာစားနေချိန်မှာအနီးတဝိုက်က မြက်ခင်းထဲကနေ ချိုးချိုးချွတ်ချွတ်အသံတသံ ကြားမိတယ် ဆိုကြပါစို့။ ဒီအသံဟာလေတိုက်လို့လား၊ ကိုယ့်ကို ချောင်းမြောင်းနေတဲ့သားရဲတကောင်ကောင်ရဲ့ ခြေသံလား ဆိုတာဆုံးဖြတ်စရာရှိလာပါပြီ။ ဒီဆုံးဖြတ်ချက်ဟာလည်းအသက်နဲ့ထပ်တူ အရေးပါလှတဲ့ ဆုံးဖြတ်ချက်ပါပဲ။လေတိုက်လို့ မြက်ပင်တွေ လှုပ်ယမ်းပြီးအသံမြည်တာကို ချောင်းမြောင်းနေတဲ့ သားရဲလို့ထင်မှတ်ပြီး ထွက်ပြေးရင် False Positive အမှားကိုကျူးလွန်မိတာ ဖြစ်ပါတယ်။ အဲဒီလို ကျူးလွန်မိလို့ဘာမှအသက်အန္တရာယ် မရှိနိုင်ပါဘူး။

နောက်ထပ်အမှားတမျိုးဖြစ်တဲ့ False Negative ကိုကျူးလွန်မိရင်၊ ကိုယ့်ကို ချောင်းမြောင်းနေတဲ့သားရဲဆီက ခြေသံကို လေတိုက်တာလို့ ထင်မိရင်အစားခံရပါလိမ့်မယ်။ ဒါဆိုရင် မိမိရဲ့မျိုးရိုးဗီဇကိုလက်ဆင့်မကမ်းလိုက်ရပဲ သေဆုံးသွားဖို့အခွင့်အလမ်းများသွားပါပြီ။ အဲဒီတော့ ပထမအမှားအမျိုးအစားကို ကျူးလွန်မိတာဟာ ဒုတိယအမှားအမျိုးအစားကို ကျူးလွန်မိတာထက်စာရင်အန္တရာယ်ကင်းတယ်လို့ မှတ်ယူထားတာဟာအလွန်ကို သဘာဝကျလှပါတယ်။

ဒီလို False Positive နဲ့ False Negative တွေကိုနေရာတော်တော်များများမှာလည်းထပ်မံတွေ့ရှိနိုင်ပါတယ်။ ကျနော်တို့ရဲ့ကိုယ်ခန္ဓာထဲကခုခံအားကာကွယ်ရေးစနစ်မှာလည်း အလားတူအခြေအနေမျိုးဖြစ်ပွားလေ့ရှိပါတယ်။ ဘာကိုဆိုလိုတာလဲလို့မေးရင် ခုခံအားစနစ် ဆိုတာကိုယ်ခန္ဓာထဲကို ဝင်ရောက်လာတဲ့ ပြင်ပပိုးမွှားတွေ၊ရောဂါဘယကို ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်၊ဘက်တီးရီးယားတွေကို တိုက်ဖျက်ရတဲ့သွေးကလာပ်စည်းထဲက ရဲတပ်ဖွဲ့လို၊ စစ်တပ်လိုကာကွယ်ရေးစနစ်ဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲမှာပြင်ပပစ္စည်းတခုခု တွေ့ရှိတိုင်း ဒါဟာ အန္တရာယ်ရှိတဲ့ပိုးမွှားလား၊ မိမိကိုယ်ခန္ဓာတစိတ်တပိုင်းလားရန်သူလား၊ မိတ်ဆွေလား ခွဲခြားရပါတယ်။ရန်သူကို ရန်သူ ထင်ပြီး မိတ်ဆွေကို မိတ်ဆွေမှတ်ရင်မှန်ကန်တဲ့ Judgment ဖြစ်ပါတယ်။ မိတ်ဆွေကိုရန်သူ ထင်ပြီး ရန်သူကို မိတ်ဆွေ ထင်ရင်တော့ခုနပြောတဲ့ False Positive နဲ့ False Negative ကိုကျူးလွန်မိတာ ဖြစ်ပါတယ်။

ကျနော်တို့ ကိုယ်ခံအားစနစ်ရဲ့ ဆုံးဖြတ်မှုအမှားတွေJudgment အမှားတွေကတဆင့် ခံစားရတဲ့ရောဂါဘယတွေအကြောင်း ပြောရမယ် ဆိုရင်False Positive ကို ကျူးလွန်မိတဲ့အခါ သို့မဟုတ်မိမိအတွက် ဘာအန္တရာယ်မှ မရှိတဲ့ အရာတွေကိုရောဂါပိုးမွှား မှတ်ထင်ပြီး အပြင်းအထန် ကာကွယ်ဖို့အားထုတ်တဲ့အခါ ဥပမာ မြေပဲ၊ ပန်းဝတ်မှုံ၊ခွေးမွေးကြောင်မွေး၊ သစ်ကြားသီး၊ ကီဝီ စသဖြင့်မိမိနဲ့ဓါတ်မတည့်ရောဂါ အလာဂျီကို ခံစားရပါတယ်ကျနော်ဆိုရင် နွေဦးပေါက်ပန်းပွင့်ချိန်ဆို ဝတ်မှုံတွေလေထဲကတဆင့် ရှုမိတဲ့အခါ မျက်ရည်ယို၊ နှာချေယားယံ အပြင်းအထန် ခံစားရတဲ့ ဟေးဖီဗာအလာဂျီကိုနှစ်တိုင်းကြုံရလေ့ရှိပါတယ်။ တချို့သူတွေဆိုမြေပဲတဆံ စားမိတာနဲ့ ဆေးရုံတင်ရတဲ့အထိပြင်းထန်တာမျိုး၊ အရေးပေါ်အသက်ကယ် Epipenမထိုးရင် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ
ပြင်းထန်တတ်ပါတယ်။ ဒါတွေဟာ မိမိအတွက်ဘာအန္တရာယ်မှ မရှိတဲ့ ပန်းဝတ်မှုံ၊ မြေပဲ၊ ကြောင်မွေးစတာတွေကို ရောဂါပိုးထင်မှတ်ပြီး ခုခံအားစနစ်ကအပြင်းအထန် တိုက်ခိုက်လို့ ဖြစ်ရတာပါ။

အလားတူပဲ ကိုယ်ဝန်ဆောင်တွေ ပျက်ကျတာဟာဒီစနစ်နဲ့ သက်ဆိုင်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်တဲ့သန္ဓေသားဟာ မိခင်တဝက် ဖခင်တဝက်မလို့ဒါကို ပြင်ပပစ္စည်း ထင်မှတ်ပြီး တိုက်ခိုက်ရင်ကိုယ်ဝန်ပျက်ကျတတ်ပါတယ်။ အခုခေတ်မှာကလေးငယ်တွေ လောကကို ရောက်ရှိခွင့်ရတာကြီးပြင်းရှင်သန်ခွင့်ရတာဟာ ဆေးဝါးကုသရေးပညာတွေ အင်မတန် အစွမ်းထက်လို့သာ ဖြစ်ပါတယ်မိမိအတွက် အန္တရာယ်ရှိတဲ့ ရောဂါပိုးမွှားကိုကိုယ့်အစိတ်အပိုင်း မှတ်ထင်ပြီး မတိုက်ခိုက်တဲ့ အမှားFalse Negative ကျူးလွန်တဲ့အခါ အဲဒီကနေအဖုအကျိတ်ဖြစ်လာပြီး ကင်ဆာလို ရောဂါဝေဒနာတွေ ဖြစ်ပွားပါတယ်။ ကင်ဆာဆဲလ်ဟာမိမိအစိတ်အပိုင်းဖြစ်ပြီး မိမိတာဝန်ကိုမထမ်းဆောင်ပဲ ရောဂါပိုးမွှားလို ပြုမူတဲ့အခါခုခံအားစနစ်ကလည်း မတိုက်ခိုက်တဲ့အခါအခြေအနေဆိုးလာတတ်ပါတယ်။ များသောအားဖြင့်ခုခံအားစနစ်က အနိုင်ရပြီး နေပြန်ကောင်းပါတယ်ခုခံအားစနစ်က ရှုံးနိမ့်သွားရင် လူလည်းသေဆုံးပါတယ်။

အလာဂျီရောဂါတွေဟာ ကင်ဆာရောဂါကိုသမိုင်းတလျှောက် တိုက်ခိုက်ရင်း ပေါ်ထွက်လာတဲ့ခုခံအားစနစ် ဘေးထွက်ဆိုးကျိုးလား၊မြင်သမျှ တွေ့သမျှ ယုံကြည်ချင်တဲ့ False Positiveအမှားဟာ ကျနော်တို့ အသက်ရှည်အောင် မွေးမြူဖို့ဘာမဆို ကြောက်လန့်စိုးရွံပြီး အသက်ဘေးကကာကွယ်ဖို့ Default System အဖြစ်ဆက်တင်လုပ်ထားတဲ့ Survival Mechanismများလား ဆိုတာကိုတော့ စာဖတ်သူပဲဆက်လက်တွေးတောကြည့်ပါ။အဲဒီလိုနဲ့ လူရဲ့ကိုယ်ခန္ဓာတွင်းကခုခံအားစနစ်နဲ့ ရောဂါပိုးတို့ဟာ စစ်ဖြစ်ခါနီးရန်စောင်နေတဲ့ နိုင်ငံတွေလို ဆင့်ကဲဖြစ်စဉ်မှာလက်နက်အပြိုင်အဆိုင် တပ်ဆင်တဲ့ Arm Raceဆိုတာမျိုး ဖြစ်လာကြပါတယ်။ နမူနာဆိုရရင်နှစ်တိုင်း ဖြစ်ပွားနေကျ Enfluenza ဗိုင်းရပ်လိုရောဂါပိုးတွေဟာ ဆေးယဉ်ပါးလို့ဖြစ်ဖြစ်ခံနိုင်ရည်မြင့်လာလို့ဖြစ်ဖြစ်၊ ဗီဇပြောင်းလဲလို့ဖြစ်ဖြစ်ပိုမိုကုသရခက်တဲ့ ရောဂါမျိုးတွေအဖြစ်ပြောင်းလဲသွားတတ်ပြီး ကာကွယ်ဆေးထိုးမထားတဲ့လူအများစုရှိရာတွေမှာ ကပ်ရောဂါလိုတောင်ဖြစ်ပွားလေ့ရှိပါတယ်။

ကာကွယ်ဆေး ဆိုတာကရောဂါပိုးအသေကိုဖြစ်စေ အနုစားကိုဖြစ်စေထိုးသွင်းပေးပြီး လူရဲ့ခုခံအားစနစ်ကနေတန်ပြန်တိုက်ခိုက်မှုအတွက် အသင့်ဖြစ်စေတာမျိုးပါအခုခေတ်မှာတော့ ပိုလိုယိုလို ဆုံဆို့ မေးခိုင်ကြက်ညှာ ဝက်သက်လို ရောဂါတွေဟာဖွံဖြိုးပြီး နိုင်ငံတွေမှာ ရှားပါးသွားပြီးကမ္ဘာ့ကပ်ရောဂါဖြစ်နိုင်ချေ နိမ့်ကျသွားတာမို့လူတွေအနေနဲ့ ပေါ့လျော့လာပြီး ကာကွယ်ဆေးမထိုးလိုတာတွေရှိလာတဲ့အတွက် အမေရိကမှာဝက်သက်ရောဂါဟာ ပြန်ခေါင်းထောင်လာခဲ့ပါပြီ။အားပြိုင်မှုနှစ်ခုရှိတဲ့အခါတိုင်းမှာ တဖက်ဖက်ကအသာစီးရပြီး ပေါ့လျော့စွာ နေထိုင်ရှင်သန်ဖို့ကြံရွယ်မိတဲ့အခါတိုင်း သဘာဝအလျောက်ရွေးချယ်မှုနဲ့ ဆင့်ကဲဖြစ်စဉ်ဟာ သူနဲ့ဆန့်ကျင်ဘက်ပြိုင်ဘက်ကို မျက်နှာသာပေးလေ့ရှိပါတယ်။ဒါကို သတိပြုဆင်ခြင်ပြီး လူသားရဲ့ခုခံအားစနစ်နဲ့ရောဂါပိုးတို့ တိုက်ပွဲမှာ သတိပေါ့လျော့တာရန်သူကို အထင်သေး လျှော့တွက်တာ စတဲ့အမှားတွေ ကျူးလွန်မိရင် သဘာဝအလျောက်ရွေးချယ်မှုနဲ့ ဆင့်ကဲဖြစ်စဉ်ဟာ ကျနော်တို့ကိုသက်ညှာမှာ မဟုတ်ပါဘူး။

စာမျက်နှာ

422 (Photo paper)

စာအုပ်အရွယ်အစား

5.7 × 0.7 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ ၊ 2025 ဒီဇင်ဘာလ၊ ပထမအကြိမ်

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပကတိတရား၏မှော်ပဉ္စလက်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ညီနောင်(Humber) စာအုပ်များ