
မသိန်းရှင်ဆီပို့ပေးပါ
3000 (ကျပ်)
…
စာမျက်နှာ | 235 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.4 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုအနုပညာ၊2016 ဒီဇင်ဘာလ |
Out of stock
3000 (ကျပ်)
…
စာမျက်နှာ | 235 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.4 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုအနုပညာ၊2016 ဒီဇင်ဘာလ |
Out of stock
Yaminn –
မသိန်းရှင် တဲ့
နောက်တစ်ခေါက်ဖတ်ဖို့ ဆိုတာကို တော်တော်ကြီး အားတင်းလိုက်ရတဲ့စာအုပ်ပါ။
လောကဓံကြီးက ငါ့အတွက် ဆိုးလိုက်တာ၊ ဘဝကြီးက မတရားလိုက်တာ၊ စိတ်ဓာတ်တွေ ကျလိုက်တာ ဆိုတဲ့လူတွေ ဒီစာအုပ်ကို ဖတ်မိရင် ဘာတွေဖြစ်သွားမလဲဆိုတာ တော်တော် သိချင်တာရှင့်။
နောက်ပြီးတော့ မီးရထားစီးတိုင်း သတိရမိတဲ့၊ ဘယ်တော့မှ တဖန်ပြန်ပြီး သမိုင်းတစ်ပတ်ပြန်မလည်ချင်တော့တဲ့ စာအုပ်ပါပဲ။
၁၉၆၄ ဝန်းကျင် အာဏာသိမ်းစစ်ခေါင်းဆောင် ဦးနေဝင်းရဲ့ တော်လှန်ရေးကောင်စီခေတ်၊ တောင်းတွင်း-ကျောက်ပန်းတောင်း ရထားလမ်းက ဘဝတွေအကြောင်းကို ထဲထဲဝင်ဝင် အသေးစိတ် ရေးထားတဲ့ မသိန်းရှင်ဆီပို့ပေးပါ ဆိုတဲ့စာအုပ်ဟာ ဒီနေ့အထိ လူထုအပေါ်လွှမ်းမိုးခဲ့ လွှမ်းမိုးဆဲပါ။
မသိန်းရှင် ဆိုလို့ မသိန်းရှင် ဘယ်ကနေ ပေါ်လာမှာပါလိမ့်လို့ ထင်နေမိပေမယ့် တစ်အုပ်လုံးမှာမှ ၂ နေရာသာ ပါခဲ့တဲ့ ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ အသက် တောင်တွင်းက မသိန်းရှင်ဟာ ဒီစာအုပ်ကို ဖတ်ဖို့ စာမတတ်ရှာလေတော့ ဘေးလူကိုဖတ်ပြခိုင်းရင်းနဲ့ ငိုပါသတဲ့။
မိဘကိုလုပ်ကျွေးနေရတဲ့ လက်မှတ်စစ်ကလေး ကိုရင်မောင်ကနေပြီး ဇာတ်အိမ်တည်ထားပေမယ်လို့ ရထားတစ်စီးလုံးမှာပါတဲ့ ဇာတ်ကောင်တွေသာမက သူတို့ရဲ့မိသားစုတွေဆီက အပူတွေကိုပါ ခံစားရ၊ စာနာရပါတယ်။
ထန်းလျက်တောင်းကလေးကိုတောင် နယ်ကျော်ပြီး သယ်ခွင့်မပြုတဲ့ခေတ်မှာ ငါ့ဝမ်းပူဆာ မနေသာဆိုတာတင်မက ငါ့မိသားစုတွေရဲ့ဝမ်းတွေပါ ပူဆာလာပြန်တော့ အမျိုးကောင်းသမီးကလေးတွေ မှောင်ခိုသမားဖြစ်မှန်း မသိ ဖြစ်ရ။
ဘဝတွေ နွံနစ်ရ။
ကိုယ်ဝန်ရှိလာတာ ဘယ်သူ့လက်ချက်မှန်း မသိတာတောင် လွမ်းရေးထက်ဝမ်းရေးခက်တာမို့ ဂရုမထားနိုင်အားတဲ့ မိန်းကလေးနုနုငယ်ငယ်လေးတွေ။
တောင်မင်းကို မြောက်မင်းမကယ်နိုင်ကြတဲ့ မိသားစုတွေ။
အာဏာနှမ်းစေ့လောက်ရတာနဲ့ ရေနစ်သူဝါးကူထိုးကြတဲ့ လူတွေ။
ဒီလို ဘဝတွေကြားထဲက ဖြူစင်တဲ့ မေတ္တာတွေကို ကွက်ကွက်ကွင်းကွင်း မြင်ရအောင် ရေးထားတာပါ။
တစ်အုပ်လုံးကို မောနေအောင် ဖတ်ခဲ့ရတဲ့နောက် အဆုံးသတ်မှာ မိအို ဖအိုကြီးနဲ့ မောင်လေးကို ရှာဖွေးကျွေးနေရတဲ့ မှောင်ခိုသမလေး ညိုညို ပြောသွားတဲ့ စကားလေးမှာ အသက်ရှုရပ်မတတ်ပါပဲ။
ခေတ်စနစ်ဆိုးကြီးကို ကိုယ်တိုင်ဖြတ်သန်းနေရသလို မျက်ဝါးထင်ထင် မြင်ရမှာမို့ စိတ်မောလူမော ခံစားရမှာပါ။ ဒါပေမယ့် ဒီနိုင်ငံကြီးဟာ တစ်ချိန်က ဒီလို ဖြစ်ခဲ့ပါလားဆိုပြီး သမိုင်းအစစ်ကိုသိဖို့ ဘဝမှာ တစ်ခါတော့ ဖတ်သွားရမယ့်စာအုပ်တစ်အုပ် ဖြစ်တာကြောင့် ဖတ်ကိုဖတ်ကို တိုက်တွန်းချင်ပါတယ်။