လရိပ်မှာ လွမ်းရတယ်
3500 (ကျပ်)
“လိုချင်စိတ်ရှိပေမယ့်ပြန်မရချင်တော့တဲ့အရာကို
အတိတ်လို့ခေါ်ပါတယ်”
“ဘယ်အရာကိုမှ မမက်မောခဲ့သလို
ဘယ်ကမ္ဘာကိုမှ မဖမ်းဆုပ်ခဲ့ပါဘူး။
ကျွန်တော်တို့မှာ စိတ်နဲ့ပိုင်ဆိုင်ရဖို့တောင်
ခက်ခက်ခဲခဲပဲ မဟုတ်လား…..”
“ပျော်စရာ ဆိုတာ ကိုယ်က လိုက်ရှာရပြီး
နာစရာတွေကိုတော့ သူများက ပေးပါတယ်
ရတိုင်းယူထားတတ်တဲ့အကျင့်က
ရယ်မောခြင်းကို ဝါးမျိုသွားတဲ့အခါ
ကျွန်တော် မပြုံးဖြစ်တာ
ကြာ ပါ ပြီ . . . . . ”
(လရိပ်မှာ လွမ်းရတယ်မှ ကောက်နှုတ်ချက်များ)
ကဗျာဆန်သော စကားလုံးများဖြင့် ခံစားချက်များကို နက်နက်ရှိုင်းရှိုင်း ရေးဖွဲ့ထားပြီး ချစ်ခြင်းမေတ္တာ၊ ဆုံးရှုံးမှု၊ အတိတ်အမှတ်တရများနှင့် လွမ်းဆွတ်ခြင်းစတဲ့ လူသားတိုင်း ကြုံတွေ့ရတဲ့ ခံစားချက်များကို နူးညံ့သိမ်မွေ့စွာ ခြယ်မှုန်းထားပါတယ်။ လမင်းရဲ့ အေးမြတဲ့ အရိပ်အောက်မှာ အမှတ်တရများကို ပြန်လည်ရှာဖွေကြည့်ပြီး၊ အတွေးနယ်ချဲ့ရင်း ဖတ်လို့ကောင်းမယ့် ကဗျာအက်ဆေး စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 109 (Creamy paper ) |
|---|---|
| စာအုပ်အရွယ်အစား | 5.3 × 0.3 × 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ ၊ 2022 ဖေဖော်ဝါရီလ၊ ပထမအကြိမ် |
2 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ