Love Diary
4500 (ကျပ်)
ချစ်ခြင်းဖြင့်ဖွဲ့သီထားတဲ့စာအုပ်အချစ်နဲ့မကင်းတဲ့ချစ်တတ်သူတိုင်းအတွက် ချစ်ခြင်းမေတ္တာရဲ့ခမ်းနားထည်ဝါမှုတွေကို ရေးသားထားတဲ့စာအုပ်လေးပါ။အချစ်ကိုအပေါ်ယံခံစားမှုသက်သက် စာတိုလေးတွေနဲ့ ဖီးလ်ထားတာမျိုးမဟုတ်ဘဲ လေးနက်လွန်းတဲ့ချစ်ခြင်းတရားတွေအကြောင်းကို ပြည့်ပြည့်စုံစုံ ပေါ့ပေါ့ပါးပါးလေး ရေးထားတာဖြစ်ပါတယ်။ ပေါပေါလောလော မဟုတ်ကြောင်း အာမခံပါတယ်။
ကိုယ်တိုင်ဖန်တီး ရေးသားထားတဲ့ချစ်ခြင်းသဘောနဲ့ နိုင်ငံတကာက စာရေးသူတွေရေးသားထားတဲ့ချစ်ခြင်းသဘောတွေကို ရောနှောပြီး အချစ်ကို ပိုမိုလေးနက်စေတဲ့ ဇာတ်လမ်း ၁၇ ပုဒ်ထိ ထည့်သွင်းပုံဖော်ထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။လူတိုင်း အချစ်နဲ့မကင်းပေမဲ့ အချစ်ရဲ့လေးနက်တဲ့သဘောတရားကိုတော့ လူတိုင်းမသိကြပါဘူး။
ဒီစာအုပ်မှာ အချစ်ရဲ့လေးနက်ခြင်း၊ ခမ်းနားခြင်း၊ သိမ်မွေ့ခြင်းနဲ့ စွမ်းအားကြီးခြင်းတို့ကို တွေ့မြင်ရမှာပါ။ အိန္ဒိယက တပ်ဂျ်မဟာလ် အချစ်စံအိမ်ကြီးရဲ့နောက်ခံသမိုင်းနဲ့အတူ ဘုရင့်အရိုက်အရာအာဏာကိုတောင် စွန့်လွှတ်ပြီး အချစ်ရဲ့ကြီးမားခြင်းတွေကိုပြသခဲ့တဲ့ အင်္ဂလန်က ဘုရင်တစ်ပါးရဲ့ အကြောင်းလဲပါဝင်ပါမယ်။
စာအုပ်ကိုဖတ်တဲ့အခါပိုချစ်တတ်လာမယ်ပိုနားလည်လာမယ်ပိုပြီးလေးလေးနက်နက် ချစ်တတ်လာမယ်
အချစ်ကိုအမြတ်တနိုးတန်ဖိုးထားနိုင်လာပါလိမ့်မယ်။
စာမျက်နှာ | 166 |
---|---|
စာအုပ််အရွယ်အစား | 5.5 x 0.2 x 8.1 inches |
ပုံနှိပ်မှတ်တမ်း | ရွှေပေစာပေ၊ 2022 ဇူလိုင်လ (ပ-ကြိမ်) |
31 in stock (can be backordered)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ