
မြန်မာ့နိုင်ငံရေးနှင့်သခင်ဘသောင်း
18000 (ကျပ်)
“မင်းတို့ကန်တော့မှာက လူပုဂ္ဂိုလ်အဖြစ်နဲ့ကန်တော့မှာလား၊ သခင်အဖြစ်နဲ့ကန်တော့မှာလား၊ လူပုဂ္ဂိုလ်အဖြစ်ကန်တော့ရင်တော့ သခင်ကိုယ်တော်မှိုင်းက ငါ့ထက်အသက်ကြီးလို့ ငါလာကန်တော့ မယ်။ ဒါမှမဟုတ် သခင်အဖြစ်နဲ့ကန်တော့မယ်ဆိုရင်တော့ သခင်ကိုယ်တော်မှိုင်းက ငါ့ကိုလာကန်တော့ ရမှာ”
သည်စကားက သခင်ဘသောင်းပြောတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ မြန်မာစာပေလောကတွင်သာမက မြန်မာ့နိုင်ငံရေးသမိုင်းမှာပါ ဩဇာကြီးမားတဲ့စာရေးဆရာတွေထဲ သခင်ဘသောင်းလည်းပါဝင်ပါတယ်။ သခင်အစဘသောင်းကလို့ပြောစမှတ်ပြုရအောင် သူ့ကျွန်ဘဝလွတ်မြောက်ရေးမှအစ ခေတ်စမ်းစာပေ တစ်ခေတ်အတွက်ပါ စာပေတာဝန်ထမ်းရွက်ခဲ့သူဖြစ်ပါတယ်
သတင်းစာဆရာကြီး တင်ထွန်းအောင်(မြန်မာ့အလင်း) ကသခင်ဘသောင်းရဲ့ အတ္ထုပ္ပတ္တိကိုရေးသားဖို့ ခွင့်တောင်းရာမှာ “မင်းရေးချင်ရေးပေါ့၊ ငါ့အကြောင်းကိုငါကိုယ်တိုင်ပြောတာထက် လူတကာထံမေးမြန်း စုံစမ်းပြီးရေးတာ ပိုကောင်းတယ်” လို့ဆိုတဲ့အတွက် ဆရာကြီးရဲ့သင်တန်းသားတပည့်များပါမကျန် စုံစမ်းမေးမြန်းပြီး စာအုပ်စာတမ်းပေါင်း ၄ဝ ကျော် ၅ဝ ခန့်ကို ဖတ်ရှု ကိုးကားပြီးရေးသားထားတာဖြစ်ပါ တယ်။
၁၉၈၀ ပြည့်နှစ်မှာ ပထမအကြိမ်ထုတ်ဝေဖြန့်ချိခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော်မှဒုတိယအကြိမ်ပြန်လည် ထုတ်ဝေထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
အတ္ထုပ္ပတ္တိစာပေကြိုက်နှစ်သက်သူတွေအတွက် မြန်မာနိုင်ငံရေးဇာတ်ခုံမှာ ဆရာကြီး သခင်ဘသောင်း ပါဝင်ခဲ့ပုံ၊ ဘဝမျိုးစုံကျင်လည်ပုံ၊ ဆရာကြီးရဲ့အရွှန်းအဖောက်အသောအနှောတို့ကို သမိုင်းဖြစ်ရပ်တွေနဲ့ အတူ ဖတ်ရှုလေ့လာရမှာဖြစ်ပါတယ်။
| စာမျက်နှာ | 285 (woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5 × 0.4 × 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ဂျာနယ်လစ်စာပေ၊ 2026 ဖေဖော်ဝါရီလ (ပထမအကြိမ်) |
2 in stock


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ