LOCKDOWN မှတ်တမ်း (20% OFF)
2000 (ကျပ်)
” ရယ်စရာကောင်းတာကတော့ တချို့တလေက mask မတပ်ဘဲ မျက်နှာကာ သက်သက်ကိုပဲ တပ်ပြီး လမ်းသလားနေကြတာပါပဲ။ သူတို့တွေဟာ မျက်နှာကာ သပ်သပ်နဲ့ mask မပါဘဲ ရောဂါမကူးစက်နိုင်တော့ဘူး။ လုံခြုံပြီလို့ ယုံကြည်နေကြပုံပါပဲ။ အထူးသဖြင့် mask မပါဘဲ မျက်နှာကာသပ်သပ်နဲ့ လမ်းပေါ်မှာ သွားလာနေကြတဲ့သူတွေဟာ အသက်ခပ်ကြီးကြီး အမျိုးသမီးကြီးတွေများပါတယ်။ ဘယ်လိုနေရာကနေ အတုယူပြီး လိုက်လုပ်ကြလည်း မသိပါဘူး။ မှားယွင်းပြီး မိမိကိုယ်ကို မလုံခြုံမှန်း မသိဘဲလုံခြုံနေပြီလို့ ယုံကြည်နေတာက အန္တရာယ်အလွန်များပြီး ကြောက်စရာပါပဲ။ ”
(စာအုပ်ကျောဖုံးပါ ကောက်နှုတ်ချက်ဖြစ်ပါတယ်။)
ဒီစာအုပ်ထဲမှာတော့ . . .
• ရုတ်တရတ်ရောက်ရှိလာသော အရာ
• ဘေးထွက်ထိခိုက်မှုများ
• ပေါ်တာဆွဲခံရသူများ
• ဖိအားများတဲ့ ကျန်းမာရေးဝန်ထမ်းများ
• အလုပ်ပြုတ်မည့်သူနဲ့အခွင့်အရေးယူသူ
• အလိမ်အညာပြဿနာများ
စသည်ဖြင့် စိတ်ဝင်စားဖွယ် ကိုယ်တွေ့အတွေ့အကြုံ ဆောင်းပါး (၂၀)ပုဒ်ပါဝင်ပါတယ်။ စာရေးသူ၏ Lockdown ကာလတွင် ရင်ဆိုင်ကြုံတွေ့ရသည့် အဖြစ်အပျက်၊ အတွေ့အကြုံများကို ရေးသားမှတ်တမ်းတင်ထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
စာမျက်နှာ | 123 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.2 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | အိမ်မက်အသစ်စာပေ ၊ 2020 ဒီဇင်ဘာလ (ပ-ကြိမ်) |
5 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ