စာပဲ့စာရွဲ့လေးများ
9000 (ကျပ်)
ဒီစာအုပ်က ဆန်းသစ်တဲ့အတွေးအခေါ်နဲ့ စာပေဆိုင်ရာဆောင်းပါးတွေကို ကြိုက်နှစ်သက်ကြတဲ့စာဖတ်ပရိသတ်အတွက် အကြိုက်တွေ့စေမယ့် စာအုပ်ကောင်းလေးတစ်အုပ်ပါ။
စာပဲ့စာရွဲ့လေးတွေဆိုတဲ့အမည်က သိမ်နုပ်အောင် ရည်ရွယ်ထားတာမဟုတ်။ မုန့်ဗန်းကြီးထဲ မုန့်တွေကနေ ပဲ့ကျနေတဲ့၊ ဒါမှနဟုတ် ပဲ့ကျလုနီးပါးကို ဖဲ့ယူထားတဲ့ အစအနလေးတွေလို သဘောမျိုးကိုသာ ဆိုလိုပါတယ်။ မုန့်ဆီကြော်၊ ပွဲတော်မုန့်တို့သာ စားကောင်းတာမဟုတ်၊ အပဲ့အရွဲ့လေးတွေလည်း စားကောင်းတယ်။ စားဖူးသူတွေသိမယ်။ မုန့်သည်မရဲ့သားက မုန့်နားစားရတယ်။ စာပဲ့စာရွဲ့လေးတွေဆိုတာလည်း မုန့်နားလေးတွေလိုပါပဲ။
စာအုပ်ထဲတွင်စာပေနဲ့ အတွေးအခေါ်ဆိုင်ရာ ဆောင်းပါးပေါင်း အပုဒ်(၅၀) ပါဝင်ပါတယ်။
| စာမျက်နှာ | 180 |
|---|---|
| စာအုပ်အရွယ်အစား | 5.3x 0.3 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | Academic စာပေ 2024 မေလ(ပထမအကြိမ်) |
9 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ