
ချစ်ခြင်းမေတ္တာတွေ ရှည်ကြာခိုင်မာစေဖို့ အချစ်ရဲ့ဘာသာစကား ၅ မျိုး
18000 (ကျပ်)
လူနှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ပြီး စကားတွေ ပြောနေကြတယ်။ တစ်ယောက်က မြန်မာလိုပြောပြီး ကျန်တစ်ယောက်က ဂျပန်လို ပြောနေမယ်ဆိုရင် ဘယ်လိုလုပ် နားလည်နိုင်ကြပါ့မလဲ။ချစ်သူရည်းစားတွေ၊ ဇနီးမောင်နှံတွေကြားမှာလည်း ဒီလိုပါပဲ။ ကိုယ်က ကိုယ့်နည်းကိုယ့်ဟန်နဲ့ အစွမ်းကုန် ချစ်ပြနေပေမဲ့ သူက မသိဘူး။ သူကလည်း သူ့နည်းသူ့ဟန်နဲ့ ဂရုစိုက်ပြနေပေမဲ့ ကိုယ်ကတော့ သူ ကိုယ့်ကိုမချစ်ဘူးလို့ ခံစားနေရတယ်။ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် အချစ်ကို ဖော်ပြတဲ့ဘာသာစကားတွေ လွဲချော်နေလို့ပါပဲ။
တချို့က နားလည်ပေးတဲ့ စကားလေးတစ်ခွန်းလောက် ကြားရုံနဲ့ အချစ်ခံရတယ်လို့ ခံစားရတယ်။တချို့ကျတော့ ကိုယ့်အတွက် အချိန်လေးပေးတာကို လိုလားတယ်။ တချို့က သေးငယ်ပေမဲ့ အဓိပ္ပာယ်ရှိတဲ့ လက်ဆောင်လေးတွေကို တန်ဖိုးထားတတ်သလို၊ အဲ တချို့ကျပြန်တော့ အိမ်အလုပ်လေးတွေ ကူလုပ်ပေးတာ၊ ပင်ပန်းနေချိန် ဖေးမကူညီပေးတာကိုမှ ချစ်တယ်လို့ မြင်ကြတယ်။ တချို့ကကျတော့ နွေးထွေးတဲ့ အထိအတွေ့လေးတွေကနေတဆင့် အချစ်ကို ခံစားကြတယ်။
လောကမှာ အကြေကွဲရဆုံး အဖြစ်အပျက်ဟာ အချစ်မရှိတော့လို့ လမ်းခွဲရတာ မဟုတ်ပါဘူး။ တစ်ယောက်ကိုတစ်ယောက် ချစ်ပါလျက်နဲ့ အထင်အမြင်လွဲမှားမှုတွေကြားမှာ ရေစက်ကုန်သွားကြရတာပါပဲ။ ကျွန်တော်တို့ဟာ ကိုယ် လိုချင်တဲ့ပုံစံနဲ့ပဲ တစ်ဖက်လူကို ချစ်ပြနေမိကြတာ။ ဒါဟာ အချစ်မှာရှိတဲ့ အကြီးမားဆုံး အတ္တတစ်ခုလို့ပဲ ဆိုရမလား။
တကယ်တော့ အချစ်ဆိုတာ ခံစားချက်တစ်ခုထက် ပိုပါတယ်။ နေ့စဉ်နေ့တိုင်း၊ မနက်မိုးလင်းတိုင်း ကိုယ်ချစ်တဲ့သူကို ဆက်ချစ်ဖို့ ကိုယ်တိုင်သိစိတ်နဲ့ ဆုံးဖြတ်ရတဲ့ ရွေးချယ်မှုတစ်ခုပါပဲ။ စစ်မှန်တဲ့ အချစ်ဆိုတာ အလိုလို ဖြစ်တည်လာတာမဟုတ်ဘဲ၊ တည်ဆောက်ယူရတဲ့ အနုပညာတစ်ခုပါ။
ဒီအနုပညာကို တည်ဆောက်ဖို့အတွက် ကျွန်တော်တို့ဟာ တစ်ယောက်ရဲ့ အချစ်ဘာသာစကားကို တစ်ယောက်က နားလည်ထားဖို့ လိုပါတယ်။ ကိုယ်ပေးချင်တာကို ပေးဖို့ သက်သက်မဟုတ်ဘဲ သူလိုချင်တာကို နားလည်အောင် ကြိုးစားပြီး ဖြည့်ဆည်းပေးဖို့ လိုပါတယ်။
ကိုယ်ချစ်ရတဲ့သူနဲ့ ရေရှည်ခိုင်မြဲတဲ့၊ နားလည်မှုအပြည့်ရှိတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင်တော့ ဒီစာအုပ်လေးဟာ လက်စွဲကောင်းတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။ ဒီစာအုပ်က ကိုယ်က ဘယ်လိုလူလဲ၊ ကိုယ်ချစ်တဲ့သူကရော ဘယ်လိုဘာသာစကားနဲ့ ချစ်ပြမှ နားလည်မဲ့သူလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်သွားစေပါလိမ့်မယ်။
| စာမျက်နှာ | 270(Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.6× 0.4 ×8.2 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2026 ဧပြီလ (ပထမအကြိမ်) |
21 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ