ကိုယ်တိုင်သိရှိသွားမှု
3000 (ကျပ်)
I Love Buddha Page နဲ့ Facebookပေါ်မှာအလျင်းသင့်သလို ရေးသားမျှဝေခဲ့တဲ့ အက်ဆေး ၁၉ပုဒ်ကို
ဆရာနေမျိုးဆေးရဲ့ သရုပ်ဖော်ပုံလေးတွေနဲ့အတူကိုယ်တိုင်သိရှိသွားမှု ဆိုပြီ စုစည်းထားတဲ့ စာအုပ်ဖြစ်ပါတယ်..။
အတွေးအေးအေးလေးနဲ့အတူ သူအယူအဆ ယုံကြည်ရာကို အစွန်းတဖက် မရောက်စေဘဲ နည်းလမ်းတကျမျှတမှန်ကန်တဲ့ အယူအဆ။ တခြားသူတွေ တွေးတောဆင်ခြင် လက်ခံနိုင်အောင် ထက်မြက်တဲ့ အတွေးအခေါ်၊ထူးခြားတဲ့ ရေးဟန်လေးတွေ ရှိသူပါ။ စာစုလေးတွေကတိုချင် တိုမယ်။ ဒါပေမဲ့ ဆက်တွေးစရာက တသီကြီးကျန်နေခဲ့စေပါတယ်……။
စာမျက်နှာ | 124 |
---|---|
စာအုပ်အရွယ်အစား | 5 x 0.3 x 7.3 inches |
ပုံနှိပ်မှတ်တမ်း | ဇလပ်နီစာပေ၊2019 စက်တင်ဘာလ (ပ-ကြိမ်) |
2 in stock
Wuthmone Phyu –
စာရေးထားတာ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးရှိလို့ သဘောကျမိပါတယ်။အင်တာဗျူးတွေဘာတွေမှာ ဇဏ်ခီ စကားပြောရင် နားထောင်လို့ အရမ်းကောင်းသလိုပဲ..စာအုပ်ထွက်လာတော့လည်းရေးထားတဲ့စာကြောင်းလေးတွေက ဆွဲဆောင်မှုရှိပြီး..ဖတ်ရတာနှစ်သက်စရာကောင်းလှပါတယ်။
စာအုပ်လေးက ပါးပါးလေးဆိုပေမယ့် ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး..အင်မတန် လှပတဲ့အတွေးအခေါ်ရှိတဲ့စာအုပ်လေးလို့ပြောပါရစေ..
“ချစ်ခြင်းမေတ္တာတို့ စာနာထောက်ထားမှုတို့ဆိုတာ လူဖြစ်တုန်းပဲ .သုံးစွဲခံစားနိုင်တဲ့အရာတွေဖြစ်တာကြောင့်..လေးလေးနက်နက် ..ကျင့်သုံးသင့်တယ်..”တဲ့…
ကျွန်မအကြိုက်ဆုံး အခန်း ၂ ခန်းရှိတယ်..”နှစ်သက်တတ်မှု..နဲ့. Power of One ဆိုတဲ့ နှစ်ခန်း..အဲ့ဒီနှစ်ခန်း ကိုဖတ်ပြီးတော့..”ငါကြိုက်တဲ့အရာမှန်သမျှ..အကောင်း..ငါ့ပြိုင်ဖက်တွေကမုန်းစရာတွေချည်း…ငါ့ဘဝကမှသာယာလှပတာ..” ဆိုတဲ့အတွေးတွေ..အရင်ကလည်းမရှိခဲ့ပေမယ့် အခုပိုပြီးမထားတတ်အောင်..ပိုသတိထားမိသွားတယ်…မေတ္တာတရားရဲ့ အရေးကြီးပုံကိုလည်း..အရင်ထက်ပိုပြီးသတိထားမိသွားပါတယ်။
“ကောင်းတဲ့စာအုပ်လေးတအုပ်ပါ”
မအိမ့်အိမ့်ထူးအောင် –
ဇာဏ်ခီ – ကိုယ်တိုင်သိရှိသွားမှု
လူမျိုးလိုက် မုန်းတီးစိတ်ကို ကွယ်ပျောက်စေဖို့ အတွေ့အကြုံတွေကိုရင်းပြီး ရေးပြထားတဲ့ ဆောင်းပါး၊
မြန်မာ့ရုပ်ရှင် censor အဖွဲ့ကို နိုင်ငံနဲ့လူမျိုးရဲ့ယဥ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို မထိခိုက်စေဘဲ ပိုကောင်းမွန်၊ ပိုအဆင့်မီတဲ့ ရုပ်ရှင်အနုပညာဖြစ်လာဖို့ အစိုးရနဲ့ ဘယ်လိုညှိနှိုင်းဆောင်ရွက်သင့်ကြောင်း ပွင့်ပွင့်လင်းလင်း အကြံပေးထားတဲ့ ဆောင်းပါး၊
လုပ်ငန်းခွင်ဝင်ပြီး ကိုယ့်ဘဝလမ်းကို ဒုနဲ့ဒေး ရင်ဆိုင်လျှောက်လှမ်းရမယ့်အချိန် အဆင်မပြေတာတွေ ကြုံလာရတဲ့အခါ “ပျော်ရင်လုပ်မယ် မပျော်ရင်လစ်မယ်”ဆိုတဲ့ စိတ်မျိုးမထားဘဲ “ဒီအလုပ်ကို ငါ ဘယ်လိုပဲဖြစ်ဖြစ် ပြီးဆုံးအောင် လုပ်မယ်” ၊ ” ပိုက်ဆံဘယ်လောက် ဘဏ်ထဲ စုမိတဲ့အထိ ၊ အတွေ့အကြုံ ဘယ်လောက်ရတဲ့အထိ လုပ်မယ်” ဆိုတဲ့ စိတ်မျိုးထားပြီး အလုပ်တစ်ခုကို Moody ဖြစ်တဲ့ စိတ်မျိုးနဲ့ မဟုတ်ဘဲ အဆုံးထိ ပြီးမြောက်အောင် လုပ်ချင်စိတ်ပေါက်လာစေဖို့ အားတက်သရော ရေးပြထားတဲ့ ဆောင်းပါး၊
“တကယ်တမ်းဆိုရင် မြန်မာပြည်ဟာ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့သူ များတဲ့အလျောက် ဒီမိုကရေစီစနစ်နဲ့ ပေါ့ပါးစွာ နေထိုင်နိုင်ရမှာဖြစ်တယ်” ဆိုပြီး ဗုဒ္ဓဘာသာနဲ့ ဒီမိုကရေစီ တို့ရဲ့ တူညီတဲ့ အဓိကဆိုလိုရင်းတွေကို ယှဥ်ထိုးပြထားတဲ့ ဆောင်းပါး၊
ဘုရားရှိခိုးတာကအစ ဘယ်အလုပ်မှာပဲ ဖြစ်ဖြစ် (တာဝန်အရ ဒါမှမဟုတ် လုပ်နေကျအလုပ်ဖြစ်လို့ လုပ်တာဆိုတဲ့ စိတ်မျိုး မထားဘဲ) “ငါ ဒါလုပ်တာ ဘာအတွက်လဲ” လို့ ကိုယ့်ကိုကိုယ် အရင်မေးပြီး ရည်ရွယ်ချက် ရှင်းလင်းပြတ်သားစွာနဲ့ ကြာချိန်များများသုံးမယ့်အစား concentration (စူးစိုက်မှု)များများသုံးပြီး အလုပ်ကို ပိုထိရောက်အောင် လုပ်တတ်ဖို့ Gym Anology လေးကို ဥပမာပေးပြီး ရေးပြထားတဲ့ ဆောင်းပါး၊
“ချစ်ခြင်းမေတ္တာတို့ ၊ စာနာထောက်ထားမှုတို့၊ လေးစားမှုတို့ဆိုတာ လူဖြစ်တုန်းပဲ သုံးစွဲခံစားနိုင်တဲ့အရာတွေဖြစ်တာကြောင့် လေးလေးနက်နက်ကျင့်သုံးသင့်တယ်” ဆိုတဲ့ ယူဆချက်လေးနဲ့ တစ်ပါးသူတွေကို လေးစားချစ်ခင်တတ်အောင် ကိုယ့်ကိုကိုယ်အရင်ဆုံး လေးစားချစ်ခင်တတ်ဖို့ လမ်းညွှန်ပြထားတဲ့ဆောင်းပါးလေး၊
“အလယ်အလတ်လမ်းစဥ်” ဆိုတာ တော်ရုံတန်ရုံပဲ အားထုတ်ပါလို့ ဆိုလိုချင်တာ မဟုတ်ဘဲ ကိုယ့်မှာရှိတဲ့ စိတ်စွမ်းဉာဏ်စွမ်း လုပ်နိုင်စွမ်းရှိသမျှ အကုန်အားထုတ်ကြိုးစားပြီးမှ ရလာတဲ့ရလဒ်ကို တင်းတိမ်ရောင့်ရဲနိုင်စွမ်းရှိပါလို့ ဆိုလိုခြင်းဖြစ်ကြောင်း ကျယ်ပြန့်စွာ အဓိပ္ပါယ်ဖွင့်ဆိုပြထားတဲ့ ဆောင်းပါး၊
“သံသရာမှာ မဖြစ်ဖူးတဲ့ဘဝ မရှိပါဘူး” လို့အမြဲတွေးတောပြီး သတ္တဝါအားလုံးအပေါ် တန်းတူစိတ်ထား ထားနိုင်ဖို့ တွေးတောပြထားတဲ့ ဆောင်းပါး၊
စတဲ့ စတဲ့ ကျွန်မအရမ်းနှစ်သက်ရပါသော အထက်ပါ အကြောင်းအရာများပါရှိတဲ့ ဆောင်းပါးများအပါအဝင် စုစုပေါင်း ဆောင်းပါး (၁၈)ပုဒ် ပါရှိပါတယ်။
အမှန်အတိုင်း ဝန်ခံရရင် ဒီစာအုပ်ထွက်ထွက်ချင်း အရမ်းလူကြိုက်များ၊ နာမည်ကြီးတုန်းက သိပ်အထင်မကြီးမိခဲ့ပါဘူး။
“ဇာဏ်ခီ” ဆိုတဲ့ နာမည်တစ်လုံးနဲ့ ရုပ်ရှင်အနုပညာလောကမှာ အောင်မြင်ကြော်ကြားနေသူမို့ (စာအရေးအသား ကောင်းကောင်းမကောင်းကောင်း) အရမ်းအားပေးခံရတယ်လို့ပဲ ယူဆမိခဲ့ပါတယ်။
တကယ် ဖတ်ကြည့်ပြီးတဲ့အခါမှာတော့ လူတွေ ဘာကြောင့် ဒီစာအုပ်ကို အကြိုက်များခဲ့လဲ ၊ ဝယ်လိုအားများခဲ့လဲဆိုတာလက်တွေ့သိသွားပါတယ်။
“ဇာဏ်ခီ” ဆိုတဲ့ နာမည်ကြားမိရင်တောင် အရင်လို ရုပ်ရှင်နယ်ပယ်ထဲက ကျော်ကြားသူလို့သာ မကတော့ဘဲ အတွေးအခေါ်ကောင်းတဲ့သူ၊ စာဖတ်အားများသလောက် စာရေးကောင်းတဲ့သူ၊ အကြောင်းကိစ္စတော်တော်များများကို ပြည်ပအတွေ့အကြုံတွေနဲ့ နှိုင်းယှဥ်ချိန်ထိုးပြီး လူအများတွေးနေကျမဟုတ်တဲ့ ရှုထောင့်တွေဘက်နေ အကောင်းဆုံးထောက်ပြကာ စာသားတွေအဖြစ်ပြောင်းလဲပြီး အကြံဉာဏ်ပေးတတ်သူစသဖြင့်ပါ တွဲမြင်ယောင်မိပြီးသား ဖြစ်လာပါတော့တယ်။
ဒီစာအုပ်မှာ အရေးအသားထက် တွေ့ဖူးနေကျမဟုတ်တဲ့ အတွေးအခေါ်သုံးသပ်ချက်လေးတွေကို တွေ့ခွင့်၊ ဖတ်ခွင့် ရလို့ ပိုသဘောကျမိပါတယ်။
အကြိုက်ဆုံးဆောင်းပါးကတော့ ကျွန်မ ဘုရားရှိခိုးတိုင်း ပိုကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်မှုတွေ အမြဲတစေအကျင့်လုပ်ဖြစ်သွားစေဖို့ တွန်းအားပေးခဲ့တဲ့ “I Love Buddha but…” ဆိုတဲ့ ဆောင်းပါး နဲ့ ” ဘုရားစင် နဲ့ Gym ” ဆိုတဲ့ ဆောင်းပါးတို့ပဲ ဖြစ်ပါတယ်။
ဒီစာအုပ်ဟာ ဗုဒ္ဓဘာသာဝင်တွေသာမက လူမျိုး၊ ဘာသာမရွေး ဖတ်သင့်တယ်လို့ မြင်ပါတယ်။ ဘာသာရေးဆောင်းပါးတွေချည်း မဟုတ်သလို ဆောင်းပါးတစ်ပုဒ်ချင်းစီက attitude အသစ်အသစ်တွေ ပေါ်ပေါက်စေလို့ မဖတ်ရသေးရင် ဖတ်ကြည့်ဖို့ ညွှန်းချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
.
.
.
#ချစ်ခင်လေးစားစွာဖြင့်
#အိမ့်
Thu, Oct 8, 2020
Ye Lin Aung –
ဇာဏ်ခီစာအုပ်လေးတွေက ဖတ်လို့ အရမ်းကောင်းပါတယ်။
တိုတိုလေးတွေနဲ့ ထိထိမိမိလေးတွေပါ။
ThihaMaung (verified owner) –
အရေးအသားလေးတွေ ကောင်းပါတယ်ဗျ။ တစ်ချို့အကြောင်းအရာလေးတွေဆိုရင် တိုတိုတုပ်တုပ် ထိထိမိမိ ရေးပြထားတာကို တွေ့ရမှာပါ။ ဖတ်ကြည့်စေချင်ပါတယ်ဗျာ။