ကျွန်မနှင့်ကိုရီးယား (မြန်မာဘာသာ)
14000 (ကျပ်)
စာအုပ်ထဲတွင် ကိုရီးယားမှာ ကူညီကြသူတွေအကြောင်း ပညာရေးအတွက်ကြိုးစားရတဲ့အတွေ့ကြုံအကြောင်းတွေ၊ အမြတ်ထုတ်ကြတဲ့အကြောင်း၊ အမှောင်ဘက်ခြမ်းအကြောင်း၊ သစ်လွင်နုပျိုတိုးတက်သောမြို့ပြနေ့ရက်များအကြောင်း၊ ရာသီဥတုနဲ့ ရှုခင်းများအကြောင်း၊ သူငယ်ချင်းမိတ်ဆွေများအကြောင်း၊ အများနဲ့နေထိုင်တဲ့အခါ လူ့ကျင့်ဝတ်ဆိုင်ရာ ရှောင်ရန် ဆောင်ရန်များအကြောင်း၊ K pop ရေစီးနဲ့Concert ပွဲတော်ညများအကြောင်း၊ သူ့အရေးအသားလေးတွေကတခါတရံသူငယ်ချင်းကိုရင်ဖွင့်နေသလိုမျိုးတခါတရံ တပည့်လေးတွေ၊ သူ့အောက်က အငယ်လေးတွေကို သွန်သင်နေသလိုမျိုး ဖြစ်ပါတယ်။
ဘာသာစကားသင်ယူမှုကိုချစ်တတ်အောင် ကိုယ့်ကိုယ်ကိုယ် ရှာဖွေတတ်အောင် အိမ်ရဲ့အဝေးမှာ အခက်ခဲတွေနဲ့အတူတူနေနိုင်အောင် သူ့စာလေးတွေက သင်ပေးတဲ့အပြင် စာအုပ်လေးတွေကို စနစ်တကျဖတ်တတ်အောင် ချစ်တတ် အောင်လည်း ယခုစာအုပ်က သင်ပေးပါတယ်။
====
သင်ပေးတယ်ဆိုပေမယ့် အခုခေတ် Motivation speaker တွေလို “မင်းဘာကောင်ကြီးဖြစ်ရမယ် သန်မာရမယ် ပိုက်ဆံရှာပါ ဘာလုပ်ပါ လူရာဝင်အောင်လုပ်ပါဆိုတာမျိုးတွေကို အတုံးလိုက်အတစ်လိုက် လူတွေနားထဲ နုနယ်တဲ့နှလုံးသားတွေထဲ ရို/က်သွင်းတာမျိုးမဟုတ်ပါဘူး။ ကျမကတော့ ငယ်သည့်အလျောက် မသိနားမလည်ခင်က ဒီလိုအမှားတွေလုပ်မိလို့ ဒီလိုဆုံးရှုံးရတယ်ကွယ် ။ ဒီလိုအခွင့်အလမ်းလေးတွေကို လက်မလွှတ်ခဲ့လို့ တချိန်ချိန်မှာ ဂုဏ်ယူရပါတယ် ဆိုတာမျိုးလေးတွေနဲ့ နှလုံးသားနုနုလေးတွေအတွက် လိုက်နာလို့သင့်တော်မယ့် စာနုနုလေးတွေ ရေးထားတာပါ။ အထူးသဖြင့် အိမ်ရဲ့အဝေး ပြည်ပအလုပ်အကိုင်သွားမယ့်သူတွေနဲ့ ပညာတော်သင်သွားမယ့် ညီငယ် ညီမငယ်လေးတွေ မဖြစ်မနေ ဖတ်ဖို့သင့်တော်တဲ့စာအုပ်လေးတစ်အုပ်ပါ။
( ဆရာမအမှာစာမှ ကောက်နှုတ်ဖော်ပြချက် )
| စာမျက်နှာ | 100 (Creamy paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.4 x 0.2 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2025 အောက်တိုဘာလ (ပထမအကြိမ်) |
| ကျွန်မနှင့်ကိုရီးယား (ကိုရီးယားဘာသာ) |
5 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ