ကန္တာရခရီးသည်

( 1 မှတ်ချက်)

4500 (ကျပ်)

အရှေ့ဘက်ကမ်းရိုးတန်းဒေသ၏ ကြွယ်ဝချမ်းသာသော မိသားစု နောက်ခံရှိ လူငယ်တစ်ဦးသည် ၁၉၉၂ ခုနှစ်၊ ဧပြီလအတွင်း၌ အလာစကာပြည်နယ်သို့ ကားကြုံစီး ခရီးထွက်လာခဲ့ပြီး မက်ကင်းလေးတောင်၏ မြောက်ဘက်လူသူနေထိုင်ခြင်းမရှိသော ကန္တာရတောကြီးအတွင်းသို့ တစ်ဦးတည်း လမ်းလျှောက်ဝင်ရောက်သွားခဲ့သည်။ ထို့နောက် လေးလအကြာတွင် ဆတ်မုဆိုးအဖွဲ့တစ်ဖွဲ့က သူ၏ ပျက်စီးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ကြသည်။

၁၉၉၀ပြည့်နှစ် နွေရာသီကာလအတွင်း အမ်မိုရီတက္ကသိုလ်မှ ထူးချွန်စွာ အောင်မြင်ခဲ့၍ ဘွဲ့အပ်နှင်းခြင်းခံယူပြီး ချက်ချင်းဆိုသကဲ့သို့ပင် မက်ကန်းဒလက်စ်ကို မြင်တွေ့ရခြင်းမရှိတော့ချေ။ မက်ကန်းဒလက်စ်သည် သူ၏အမည်ကိုပြောင်း၊ မော်တော်ကားနှင့် သူပိုင်ပစ္စည်းများအားလုံး စွန့်လွှတ်၊ ပိုက်ဆံအိတ်အတွင်းရှိ ငွေသားအားလုံးကို မီးရှို့ဖျက်ဆီးပြီးနောက်တွင် ထိုသို့ပျောက်ကွယ်သွားခြင်းဖြစ်သည်။ ထို့နောက်တွင် သူက ဘဝအသစ်တစ်ခုဖန်တီးပြီး လူ့အသိုက်အဝန်း၏ အစွန်အဖျားဒေသတွင် သွားရောက်နေထိုင်ခဲ့သည်။ မြောက်အမေရိကားဒေသတစ်လွှား လှည့်လည်သွားလာရင်း သာမန်ထက်ထူးကဲသော အတွေ့အကြုံသစ်တို့ကို ရှာပုံတော်ဖွင့်ခဲ့သည်။ သူ၏မိသားစုက သူ ဘယ်ရောက်၍ ဘာဖြစ်နေသည်ကို မသိကြသည်မှာ အလာစကာပြည်နယ်တွင် သူ၏ရုပ်အလောင်းကို တွေ့ရှိကြသည့်တိုင်အောင်ပင်ဖြစ်သည်။

စာမျက်နှာ

359

စာအုပ်အရွယ်အစား

5.5 x 0.8 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ငါတို့စာပေ၊2018 ဒီဇင်ဘာလ (ပ-ကြိမ်)

Out of stock

ကန္တာရခရီးသည် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Min Bhone Myat

    Movie ကောင်းသလောက်၊ စာအုပ်လည်း ကောင်းပါတယ် ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ရာပြည့် စာအုပ်များ