ကျွန်တော် ဂျက်ကီချန်း(Soft Cover)
17000 (ကျပ်)
ဒီစာအုပ်ဟာ ဂျက်ကီချန်းအကြောင်း ထွက်ရှိပြီးသမျှ စာအုပ်တွေထဲမှာ သူ့အကြောင်းကို အပြည့်စုံဆုံး ဖော်ပြထားတဲ့ စာအုပ် ဖြစ်ပါတယ် .. ဂျက်ကီချန်းကိုယ်တိုင် အမှားအယွင်းမရှိအောင် သေချာစစ်ဆေးပြီးမှသာ သူ့အနုပညာသက်တမ်း နှစ် ၆၀ အမှတ်တရ အဖြစ် ထုတ်ဝေခဲ့ခြင်းလည်း ဖြစ်တယ် ..
ဂျက်ကီချန်းရဲ့ သမိုင်း ဘယ်လောက်အထိ လှလဲဆိုရင် အော်စကာဆုပေးပွဲမှာ မဲပေးတဲ့ လူအယောက် ၅၀ စလုံးက သူ့ကို တစ်သက်တာအော်စကာဆု ပေးဖို့ကို တညီတညွတ်တည်း အဆိုပြုခဲ့ကြတယ် .. အော်စကာသမိုင်းမှာ ဒီလိုဖြစ်ရပ်ဟာ ပထမဦးဆုံး ဖြစ်ခဲ့ပါသတဲ့ ..
အော်စကာဆုပေးပွဲမှာလည်း Tom Hanks က ဂျက်ကီချန်းကို Chantastic ဆိုတဲ့ စကားလုံးထွင်ပြီး ဂုဏ်ပြုချီးမြှင့်ခဲ့တာကို တွေ့ရတယ် .. Chantastic ( ချန်းနှိုင်းမရ ) ဆိုတာက တုနှိုင်းမရဆိုတဲ့ စကားလုံးထက် ဂျက်ကီချန်းလိုလူမျိုး တစ်ယောက်မှမရှိ ဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ထားခြင်း ဖြစ်တယ် ..
ဒီလိုမျိုး ကြီးကျယ်မြင့်မြတ်တဲ့ ဂုဏ်ပုဒ်တွေရှိတဲ့ လူစ်ယောက်ဖြစ်လာဖို့ နောက်ကွယ်က ပေးဆပ်ထားတဲ့ ဇာတ်လမ်းတွေအကြောင်းကို ယခုစာအုပ်လေးထဲမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။
စာမျက်နှာ | 584 |
---|---|
စာအုပ်အရွယ်အစား | 5.5 x 0.9 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2023 ဇူလိုင်လ (တတိယအကြိမ်) |
15 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ