
နိုင်ငံတကာစာပေနှင့် အဟိံသဓမ္မ၏ဩဇာ
15000 (ကျပ်)
“နိုင်ငံတကာစာပေနှင့် အဟိံသဓမ္မ၏သြဇာ” စာအုပ်မှာ ပါရှိတဲ့ စာစုများရဲ့ အနှစ်သာရမှာ လူသားဆန်ခြင်း၊ လူအများကောင်ကျိုးလိုလားခြင်း၊ လူပီသစွာရှင်သန်လိုခြင်း၊ မေတ္တာစေတနာအခြေခံ တဲ့ လူသားကောင်းကျိုးဝါဒအရ အကြမ်းဖက်မှုဆန့်ကျင်ရေး၊ ငြိမ်းချမ်းသောလူ့ဘောင်ဖြစ်ထွန်းရေး တို့ကိုရှေးရှုနေကြောင်း ခံစားသိရှိနိုင်မှာဖြစ်ပါတယ်။
‘တော်လ်စတွိုင်း’ ရေးခဲ့တဲ့ “သင့်ကိုယ်တွင်း၌ ဘုရားသခင်၏နိုင်ငံတော်ရှိသည်” ဆိုသောစာတမ်းမှာ ‘အဟိံသ’ အကြမ်းမဖက်ဘဲ ခုခံတော်လှန်ခြင်းသဘောကိုတင်ပြထားပါတယ်။ ‘မဟတ္တမ ဂန္ဒီ’ ဟာ ‘တော်လ်စတွိုင်း’ ရဲ့ ‘အဟိံသ’ အမြင် အယူအဆကိုလက်ခံခဲ့ပြီး သူ့ရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှာ ဂန္ဒီက သူ့အသိအမြင်ထင်လင်းအောင် တော်လ်စတွိုင်းရဲ့စာတမ်းက အထောက်အကူပြုခဲ့တာကြောင့် ကျေးဇူးကြွေးတင်ခဲ့တယ်လို့ဆိုပါတယ်။
နိုင်ငံတကာစာပေနဲ့ဆက်စပ်ပြီး ထူးခြားထင်ရှားတဲ့ သိသင့်သိထိုက်တဲ့ စာပေပညာရှင်များ၊ ဒဿန ပညာရှင်များအကြောင်းကို ထုတ်နုတ်တင်ပြထားပြီး ကမ္ဘာ့စာပေကိုစိတ်ဝင်စားတဲ့စာဖတ်ပရိသတ်တွေ သိသင့်သိထိုက်တဲ့ စာပေပညာရှင်အချို့ရဲ့ အတွေးအမြင်တွေကိုမိတ်ဆက်ပေးလိုတဲ့စေတနာနဲ့ ရွေးချယ် ထုတ်ဝေခြင်းဖြစ်ပါတယ်။
| စာမျက်နှာ | 172 (woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.7 × 0.3 × 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ဂျာနယ်လစ်စာပေ၊ 2026 ဇန်နဝါရီလ (ပထမအကြိမ်) |
5 in stock


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ