လွတ်လပ်သော ဘဝ(Pre Order)

( 0 မှတ်ချက်)

6500 (ကျပ်)

ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူသားတွေဟာ ဘယ်သူတွေလို့ထင်ကြလဲ တချို့တွေကျ ငွေကြေးပြည့်စုံကြွယ်ဝချမ်းသာသူ၊ အောင်မြင်ကျော်ကြားသူ၊ ဂုဏ်တွေ ရာထူးတွေရှိသူလို့ ပြောကြမှာ အမှန်ပါပဲ ဒါပေမဲ့ ဒီအရာတွေရှိတိုင်း မပျော်ရွှင်ကြပါဘူး။

အခုပြောမယ့်အရာလေးရှိတဲ့လူတွေကတော့ အဲဒီအရာလေးကနေပဲ သူတို့ကို ပျော်ရွှင်သွားစေပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်က တစ်နိုင်တစ်ပိုင် စီးပွားရေးလေးလုပ်ပြီး ပျော်ရွှင်နေတဲ့ အသိတစ်ယောက်ကို တွေ့ဖူးပါတယ်။ သူ့ကိုကြည့်လိုက်ရင် ပျော်ရွှင်ပြီး ပေါ့ပါးသွက်လက်နေတာပဲ။ ”အစ်မက ဘာလို့ အဲဒီလောက် တတ်ကြွပျော်ရွှင်နေတာလဲ” လို့ မေးကြည့်တော့ အစ်မက ”လွတ်လပ်တဲ့ ဘဝမှာနေလို့”တဲ့။

ချမ်းသားနေရုံ၊ အောင်မြင်ကျော်ကြားနေရုံ၊ ဂုဏ်တွေ ရာထူးတွေ ရှိနေရုံနဲ့ အပျော်ရွှင်ဆုံးလူသားတွေ ဖြစ်မလာပါဘူး။ လွတ်လပ်သောဘဝကို ပိုင်ဆိုင်မှသာလျှင် ဒီကမ္ဘာကြီးထဲ အပျော်ရွှင်ဆုံးလူသားတွေ ဖြစ်လာပါလိမ့်မယ်။

ဒီစာအုပ်ထဲမှာ လွတ်လပ်သော ဘဝဖြစ်စေဖို့ အလေ့အကျင့်တွေကို spiritual အရ၊ mindset အရ၊ ဓမ္မအရပါ ဆက်စပ်ပြီး ရေးထားပါတယ်။ ဒီစာအုပ်‌‌လေးကို ဖတ်ပြီးတဲ့အခါ လွတ်လပ်သောဘဝဖြစ်စေမယ့် နည်းလမ်းတွေ၊ စိတ်နေသဘောထားတွေ ရလာပါလိမ့်မယ်။

စာအုပ်ထွက်ရှိမည့်ရက်

23.5.2024

စာမျက်နှာ

171

ပုံနှိပ်မှတ်တမ်း

မိုးကောင်းမြေစာပေ၊ 2024 မေလ (ပထမအကြိမ်)

185 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လွတ်လပ်သော ဘဝ(Pre Order)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ပိုင်(That's for U) စာအုပ်များ