မျက်လှည့်

( 0 မှတ်ချက်)

6500 (ကျပ်)

– လူတစ်ယောက်ရဲ့ ဘဝကံကြမ္မာကို မူလလမ်းကြောင်းကနေသွေဖည်ပြီး လုံးဝပြောင်းလဲသွားအောင် မျက်လှည့်ပြလိုက်သလို စွမ်းဆောင်ပေးခဲ့တဲ့အရာတစ်ခုအကြောင်းကို ရေးသားထားတဲ့ စာအုပ်ဖြစ်လို့ ဒီစာအုပ်ကို မျက်လှည့်လို့ အမည်ပေးထားတာဖြစ်ပါတယ်။

– ယခုစာအုပ်ကို မူရင်းရေးသားသူ ဂျိမ်းအာရ်ဒိုတီဟာ အမေရိကန်နိုင်ငံ ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ စတန်းဖို့တက္ကသိုလ် ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုပညာပါမောက္ခတစ်ဦးဖြစ်ရုံသာမက ဆေးပညာဆိုင်ရာသုတေသနလုပ်ငန်းကြီးတွေနဲ့ ပရဟိတလုပ်ငန်းကြီးတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ပညာရှင်သမားတော်ကြီးတစ်ဦးဖြစ်ပေမဲ့လည်း ဒီစာအုပ်မှာ သူ ငယ်စဉ်က ဆင်းရဲနုံချာလှတဲ့ကလေးဘဝကို ဖုံးကွယ်လျှို့ဝှက်ခြင်းအလျဉ်းမရှိဘဲ ရိုးသားပွင့်လင်းစွာ အသေးစိတ်ရေးသားဖော်ပြထားပါတယ်။

– အရက်စွဲနေတဲ့ဖခင်၊ စိတ်ကျရောဂါဖြစ်ပွားနေတဲ့မိခင်တို့နဲ့အတူ ဆင်းရဲနုံချာလှတဲ့ မိသားစုမှာနေထိုင်ကြီးပြင်းလာခဲ့ရတဲ့ စာရေးသူရဲ့ဘဝဖြစ်စဉ်ကိုအခြေခံပြီး လူ့ဦးနှောက်နဲ့ နှလုံးသားရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ အဲဒီ၂ခုရဲ့စွမ်းအားတွေကို ထိန်းချုပ်အသုံးချတဲ့အခါ ထွက်ပေါ်လာတဲ့အံ့မခန်းရလဒ်တွေကို စိတ်ဝင်စားဖွယ်တင်ပြထားပါတယ်။

– ဦးနှောက်ဟာ အသိတရားရဲ့ဗဟိုဌာနကြီးဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့လုပ်ဆောင်မှုအားလုံးကို ထိန်းချုပ်ကွပ်ကဲနေတာ မှန်ပေမဲ့လည်း ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေအပေါ်မှာ နှလုံးသားရဲ့ ခံစားမှုတွေက ဘယ်လိုလွှမ်းမိုးနေတယ်ဆိုတာကို ဒီစာအုပ်မှာရှင်းလင်းတင်ပြထားပါတယ်။ ဦးနှောက်ရဲ့ ဆန်းကြယ်တဲ့ စွမ်းအားတွေကိုဖော်ထုတ်လေ့ကျင့်ရယူပြီး မိမိရဲ့ လိုအင်ဆန္ဒတွေပြည့်ဝအောင် အတိုင်းအတာတစ်ခုအထိဖန်တီးနိုင်ပေမဲ့လည်း နှလုံးသားရဲ့ခံစားမှုကို လျစ်လျူရှုထားပါက မလိုလားအပ်တဲ့ ရလဒ်တွေ ပေါ်ထွက်လာနိုင်တာကိုလည်း စာရေးသူကိုယ်တိုင် ရင်ဆိုင်ခဲ့ရတဲ့ဘဝ အတွေ့အကြုံတွေနဲ့ဒီစာအုပ်မှာတင်ပြထားပါတယ်။

– ဒီစာအုပ်ကိုဖတ်ခြင်းအားဖြင့်ဦးနှောက်နဲ့နှလုံးသားရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို အတိုင်းအတာတစ်ခုအထိကောင်းစွာသိရှိနားလည်သွားမယ့်အပြင် မိမိဘဝမှာလစ်ဟာနေတဲ့အရာတွေကို ဖြည့်ဆည်းဖို့အတွက် စာရေးသူရဲ့ အောင်မြင်တဲ့ဘဝဖြင့် မှတ်ကျောက်တင်ပြီးဖြစ်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကျင့်စဉ်တွေကို လိုအပ်သလို ထုတ်ယူအသုံးချနိုင်မှာဖြစ်ပါတယ်။

စာမျက်နှာ

343

ပုံနှိပ်မှတ်တမ်း

သားငယ်စာပေ၊ 2022 ဧပြီလ

စာအုပ်အရွယ်အစား

5.5 x 1.1 x 8.2 inches

7 in stock (can be backordered)

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မျက်လှည့်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ဇော်ဝင်းကြူ(ပျဉ်းမနား) စာအုပ်များ