ကျွန်မ ကဗျာဆရာကိုမုန်းတယ်
7500 (ကျပ်)
ပန်းပွင့်များသာ ကြွေကျတတ်သည်မဟုတ်။
လူများလည်း ကြွေကျတတ်သည်။ ဝေပြတတ်သည်။
လူတို့သည်လည်း ရောင်စုံပန်းပွင့်များပင်ဖြစ်သည်ဟု
အမရာထင်သည်။
သူ့အရေးအသားတွေက ဟိတ်ဟန်မရှိ။ လူငယ်ဆန်သည်။ လတ်ဆတ်သည်။ သို့သော်..မရိုင်းပျ။ တစ်တစ်ခွခွ အတုံးလိုက် အတစ်လိုက် အချစ်ပြသည်တို့မပါ။
နဂိုစင်စစ် အချစ်သည် သိမ်မွေ့သည့်အရာ။ ခေတ်အဆက်ဆက် အချစ်ကို ရှုထောင့်မျိုးစုံဖြင့် စပ်ဆိုတင်ပြသွားခဲ့ကြပြီ။ မြန်မာ့ဂန္တဝင် စာဆိုကြီးများ အချစ်အပေါ်ထားသည့် သဘောထားများက လေးမြတ်အားကျဖွယ်။
“ကျွန်မ ကဗျာဆရာကို မုန်းတယ်” ဆိုသော်ငြား အချစ်နှင့် အမုန်းသည် နံရံပါးပါးလေးတစ်ချပ်သာ။ ဝတ္ထုထဲမှာ “အမရာ” ဆိုသော မိန်းကလေးအချစ်က “မောင့်” ဆီမှာလား။ “နှောင်” ဆီမှာလား။ ဖတ်နေရင်းနှင့် စာမူကို အသာချ၊ စိတ်ကို ရွက်လွှင့်သောအခါ တိုင်းတပါးသားတို့ အချစ်အပေါ်ထားသည့် သဘောထားများ အာရုံထဲမှာ ထင်လာသည်။
(ဆရာမ မိချမ်းဝေ၏ အမှာစာမှ ကောက်နှုတ်ဖော်ပြချက်)
ဒီစာအုပ်လေးဟာ အမရာဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်ရဲ့ တမ်းမြည့်လွမ်းမောဖွယ် ချစ်ခြင်းကို ထုံးသီရေးဖွဲ့ထားတဲ့ ရသဝတ္ထုကောင်းတစ်အုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 160 |
|---|---|
| စာအုပ်အရွယ်အစား | 5.3× 0.2× 8.2 inches |
| ပုံနှိပ်မှတ်တမ်း | Book Case By Saw၊ 2024 ဩဂုတ်လ (ပထမအကြိမ်) |
15 in stock








စိုးဘားဒိုင် –
ကျွန်တော်မဖတ်ဖူးသေးတဲ့ မျိုးဆက်သစ်တွေရဲ့ စာအုပ်တွေကို အနည်းဆုံးတစ်အုပ်တော့ ဖတ်ကြည့်လေ့ရှိပါတယ်။အထူးသဖြင့် ပထမဆုံးထွက်တဲ့စာအုပ်တွေဖြစ်ပါတယ်။
အလင်္ကာကိုတော့ ဒုတိယအုပ်ဖြစ်တဲ့ အခုစာအုပ်ကျမှ ဖတ်ဖြစ်တယ်။အမရာ၊မောင်နဲ့နှောင်။
မောင်ကကဗျာဆရာ။နှောင်က စာချစ်သူ။
အမရာကကဗျာဆရာမောင်ကို သိပ်ချစ်ပါသတဲ့။အဲဒါကြောင့်ပဲ ကျွန်မကဗျာဆရာကိုမုန်းတယ်လို့ဆိုလေတယ်။ဘယ်လိုအခြေအနေမှာ ကဗျာဆရာနဲ့သိပ်ကို ချစ်ကြသူတွေဖြစ်ကြတာလဲ။
ကဗျာဆရာကိုမုန်းတာကကောဘယ်အခြေအနေမှာလဲ။ဒီစာအုပ်ထဲကအလှည့်ကလေးပါ။
ကဗျာဆရာမောင်က သူ့ချစ်သူအမရာကို စာရေးဆရာမလေးဖြစ်စေချင်သတဲ့။ဒါပေမယ့်အမရာကစာရေးဆရာမမဖြစ်ချင်ဘူး။နှောင်နဲ့ဆုံကြရတာကျတော့ အမရာကစာရေးဆရာမလေးတဲ့။ဘယ်အခြေအနေမှာ အမရာကစာရေးဆရာမမဖြစ်ချင်တာလဲ။ဘယ်အခြေအနေမှာ အမရာကစာရေး
ဆရာမလေးဖြစ်သွားသလဲ။ဒါကလည်း ဒီစာအုပ်ထဲက အလှည့်ကလေးပဲ။
အဲဒီအလှည့်ကလေးမှာ အမရာ၊မောင်နဲ့နှောင်တို့ရဲ့ဆက်သွယ်မှုတွေကို စိတ်ကူးအာရုံပြုရေးဖွဲ့ထားတဲ့ဝတ္ထုပေါ့။
သူတို့ဘာတွေရေးကြသလဲ။သူတို့ဘယ်လိုတွေရေးနေကြသလဲ။သူတို့ရေးတာတွေကို ဘယ်သူတွေက ဘာကြောင့်ဖတ်နေကြသလဲ။သူတို့လည်းရေးနေကြတယ်၊ဖတ်တဲ့သူတွေကလည်းဖတ်နေကြတယ်၊ထုတ်တဲ့သူတွေကလည်းထုတ်နေကြတယ်ဆိုတော့ သူတို့ရှိနေကြတယ်ဆိုတာပဲမဟုတ်လား။
ကျွန်တော်လည်းဖတ်ကြည့်လိုက်တယ်။အလင်္ကာဇာတ်ကောင်က ကဗျာဆရာဆိုတော့ ကဗျာတွေလည်းဖတ်ရတယ်။ကဗျာဆန်ဆန်တွေ၊ဖန်တက်စီလေးတွေလည်း တွေ့ရတယ်။