
မထားခဲ့ခင်ကတည်းက ထွက်ပြေးချင်နေတယ်
13000 (ကျပ်)
မှားတတ်တဲ့ ဘဝမှာ ထပ်ခါထပ်ခါ မမှားမိစေဖို့၊ နောင်တတွေ မပွေ့ပိုက်ရဖို့ နဲ့လွဲတတ်တဲ့ ဖူးစာမှာ နာနာခါးခါး လက်မပြစေချင်လို့ စာရေးသူဘက်က ရည်ရွယ်ရေးသားထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။
ဝေးကြပြီ ဆိုမှတော့ အထိအခိုက် ကိုယ်စီရှိကြတာပဲ။မျက်ဝန်းက ငိုခဲ့တဲ့သူရှိသလို.. နှလုံးသားနဲ့ငိုနေရတဲ့သူလည်းရှိတယ်။ ကိုယ့်ချစ်သူ..လက်တွဲဖော်ရယ်လို့ ဆုံကြုံစေပြီးမှတော့တယောက်ကိုတယောက် နားလည်စေချင်တယ်။
ချစ်သူရည်စားဖြစ်ဖြစ်၊အိမ်ထောင်သည်တွေပဲဖြစ်ဖြစ် ဘယ်လိုRelationshipမဆို ပဋိပက္ခ သံသယနဲ့ မရေမရာ မပွင့်လင်းမှုဆိုတဲ့ အပ်မျှင်တွေရဲ့ ထိုးဆွမှုကြောင့် ထားရစ်ခဲ့ကြစတမ်း၊ နှုတ်ဆက် ထွက်ပြေးရစတမ်းဆို ကိုယ်စီရင်မှာ သိပ်နစ်နာရပါတယ်။
ဆုံးရှုံးမှု၊လက်လွှတ်ပေးလိုက်ရမှု ဒဏ်ရာတွေနဲ့ တရွေ့ရွေ့ဆက်လှမ်းရမယ့် ဘဝတွေမှာ “ဒီလိုမှန်း သိခဲ့ရင်..” ၊ “အဲဒီတုန်းက ဒီလိုသိထားရင်”ဆိုတဲ့ Awareness နဲ့ “Yes or No” ၊ “ Do or Die” လို နောက်ထပ်တစ်ကြိမ် ဆုံးဖြတ်ချက်ရတော့မယ့် အချိန်မျိုးတွေမှာ…..
ကိုယ့်ဘက် သူ့ဘက်..ကိုယ့်ရင်ထဲ သူရင်ထဲ ဝင်ကြည့်နိုင်မယ့် Balance တစ်ခုကို သင် သိရှိနေခဲ့ရင်..သူ့မှာလည်း ဒဏ်ရာနဲ့ ကိုယ့်မှာလည်း အနာနဲ့ဆိုသလို နားလည်မှုတစ်ခုကို အချိန်မှီကုသနိုင်ခဲ့ရင်..
ကျွန်တော်တို့ကြောက်တဲ့ ကွဲအက်ကြေမွမှုတွေ..
ကျွန်တော်တို့ကြောက်တဲ့ လောင်မြိုက်ရခြင်းတွေ..
ကျွန်တော်တို့ကြောက်တဲ့ အေးစက်တင်းမာမှုတွေ..
မကြုံရသေးရင် အချိန်မှီဖို့ ၊ ဝေးခဲ့ရပြီးရင် အလားတူထပ်မဖြစ်စေရဖို့ သင့်မှာသာ စိတ်ဆန္ဒ တိုက်ဆိုင်မှု တကယ်ရှိခဲ့ရင် ဒီစာအုပ်ဟာ သင့်အတွက်ဖြစ်ပါတယ်။
| စာမျက်နှာ | 206 (woodfree papaer) |
|---|---|
| စာအုပ်အရွယ်အစား | 15 x0.3x 21.5 inches |
| ပုံနှိပ်မှတ်တမ်း | ဇွဲသီဟစာပေ ၊2026 ဇွန်လ (ပထမအကြိမ်) |
10 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ