ထွက်ခွာသွားသူဟာ ဘယ်တော့မှ ပြန်မလာခဲ့ပါ
6500 (ကျပ်)
မိုးဟာ အလွမ်းတွေ သယ်ဆောင်လာတတ်တယ်တဲ့။
ကိုယ်တို့ဟာ သည်းသည်းမည်းမည်းရွာတဲ့မိုးနဲ့အတူ
ကော်ဖီပူပူလေးသောက်ရင်း …
ဖတ်လက်စ စာအုပ်လေးကို ဆက်ခံစားရင်း…
အဆွေးသီချင်းလေးတွေနားထောင်ရင်း …
လူတစ်ယောက်ကို လွမ်းမိတတ်ကြစမြဲပဲလေ။
သစ်ရွက်လေးတွေပေါ် တစ်စက်တစ်စက်ကျလာတဲ့
မိုးရေစက်လေးတွေကို ကြည့်ငေးရင်း လွမ်းမောနေရတဲ့ ခံစားချက်ပေါ့… ။
အမှတ်တရတွေရဲ့ ထိုးနှက်မှုနဲ့ ဒီရာသီရဲ့ ဝမ်းနည်းစေမှုတို့ရဲ့ကြား
လွမ်းဆွတ်ခြင်းအရသာဟာ ပိုပေါ်လွင်လာလေလေ …
ဘဝထဲမရှိတော့တဲ့ တစ်စုံတစ်ယောက်ကို ပိုပြီးသတိရမိလေလေပါပဲ။
နောက်ဆက်တွဲကတော့…
အတိတ်နေ့စွဲတွေဆီကအတောမသတ်နိုင်တဲ့အတွေးတွေ
တစ်ဖန်အသက်ပြန်ဝင်လာပြီး တစ်နေ့တာကို လွှမ်းခြုံသွားတာ။
မိုးသည်းတဲ့နေ့တွေမှာ ကိုယ့်မျက်ရည်က အတိတ်ဆိတ်ဆုံး
ဖြစ်နေလောက်မှာပါ ။
ဘယ်သူမှမသိလည်းဖြစ်တဲ့ နာကျင်မှုတွေမို့ တစ်ယောက်တည်းပဲ
တိတ်ဆိတ်စွာဆက်ပြိုလဲနေပါရစေ …
ထွက်ခွာသွားသူဟာ ဘယ်တော့မှ ပြန်မလာတော့တာမို့ …
| စာမျက်နှာ | 128 |
|---|---|
| စာအုပ်အရွယ်အစား | 5.3 × 0.2 × 8.3 inches |
| ပုံနှိပ်မှတ်တမ်း | Star Dust Book House၊ 2024 ဩဂုတ်လ (ပထမ-အကြိမ်) |
Out of stock






ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ