အိမ်ဖော်

( 1 မှတ်ချက်)

17000 (ကျပ်)

Netflix ရုပ်ရှင်အဖြစ် အောင်မြင်ထားပြီး…

ကမ္ဘာတစ်ဝှန်း စာဖတ်သူသန်းပေါင်းများစွာကို

စွဲလမ်းစေခဲ့တဲ့ Psychological Thriller Bestseller

“နောက်စာမျက်နှာမှာ ဘာဖြစ်မလဲ” ဆိုတာကို
မရပ်နိုင်အောင် ဖတ်သွားရမယ့် Plot Twist Thriller!

ထောင်က လွတ်လာကာစ၊ အလုပ်တစ်ခုကို အသည်းအသန်လိုအပ်နေတဲ့ မီလီ ဟာ ချမ်းသာတဲ့ ဝင်ချက်စတာ မိသားစုအိမ်မှာ အိမ်ဖော်အဖြစ် အလုပ်ရသွားပါတယ်။

ဒါပေမယ့်…
အိမ်ရှင်မ နီနာ က ခန့်မှန်းလို့မရတဲ့ အပြုအမူတွေ၊ စိတ်အပြောင်းအလဲတွေကြောင့် မီလီကို နေ့စဉ်နှိပ်စက်သလို ဖြစ်နေပါတယ်။

အိမ်ရှင် အင်ဒရူး ကတော့ ရုပ်ချော၊ သဘောကောင်းပြီး မီလီ့ဘက်က ရပ်တည်ပေးနေတဲ့ လူတစ်ယောက်လို မြင်ရပါတယ်။

ဒါပေမယ့်…
ဒီအိမ်ကြီးထဲမှာ မြင်နေရတာတွေက အမှန်တရား မဟုတ်ပါဘူး။
လူတိုင်းမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုစီ ရှိနေပြီး၊ ယုံကြည်မိတဲ့သူကပဲ အန္တရာယ်အကြီးဆုံး ဖြစ်လာနိုင်ပါတယ်။

မီလီရဲ့ အတိတ်၊ နီနာရဲ့ အပြုအမူ၊ အင်ဒရူးရဲ့ မျက်နှာဖုံး…
ဘယ်အရာက အမှန်လဲ… ဘယ်သူက လိမ်နေတာလဲ…
အဆုံးသတ်ရောက်မှ အရာအားလုံး ပြောင်းပြန်ဖြစ်သွားမယ့် Plot Twist တွေက ဒီဝတ္ထုရဲ့ အကြီးမားဆုံး ဆွဲဆောင်မှုပါ။

စိတ်ပိုင်းဆိုင်ရာဒရာမာ၊ သည်းထိတ်ရင်ဖိုမှု၊ စိတ်ခံစားမှု အားပြိုင်မှုတို့ကို ကျွမ်းကျင်စွာ ပေါင်းစပ်ထားတဲ့ The Housemaid ဟာ စွဲလမ်းမှု၊ အာဏာနဲ့ သစ္စာဖောက်မှုတို့ရဲ့ အမှောင်ဘက်ကို တဖြည်းဖြည်း ဖော်ထုတ်ပေးသွားမယ့် Thriller ဝတ္ထုကောင်းတစ်အုပ် ဖြစ်ပါတယ်။

Psychological Thriller နဲ့ Plot Twist ကြိုက်တဲ့ စာဖတ်သူတွေဆိုရင်တော့ လက်မလွှတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါ။

စာမျက်နှာ

368 (Burma Paper)

စာအုပ်အရွယ်အစား

5.8 x 0.7 x 8.4 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်း၊ ၂၀၂၆ ဇူလိုင်လ၊ (ပထမအကြိမ်)

26 in stock

အိမ်ဖော် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Zar Ga Nar –

    မနှစ်တုန်းကအောင်မြင်ခဲ့တဲ့ Housemaidရုပ်ရှင်ကိုမှတ်မိမယ်ထင်ပါရဲ့။
    အဲဒီရုပ်ရှင်ရဲ့မူရင်းဝတ္ထုကလဲ The housemaid ပါပဲ။
    စာရေးဆရာမ ဖရီဒါမက်ဖက်ဒင် ရဲ့လက်ရာပေါ့။
    အခု ဒီစာအုပ်ကို ဆရာသက်ပိုင်ကဘာသာပြန်ပြီးထုတ်ဝေလိုက်ပါပြီ။
    ဆရာသက်ပိုင်ရဲ့ဘာသာပြန်လက်ရာကချောလွန်းတော့ မြန်မာပင်ကိုရေးဝတ္ထုဖတ်ရသလိုပဲ။
    ဇာတ်လမ်းကတော့အထူးပြောပြစရာမလိုလောက်ပါဘူး။
    အိမ်တွင်းအကြမ်းဖက်မှု။
    ဝင်ချက်စတာစံအိမ်ကို ထောင်ထွက်လေး မီလီရောက်လာတယ်။
    အိမ်ဖော်လုပ်ဖို့။
    အိမ်ရှင်အင်ဒရူးနဲ့နီနာမှာ စီစီလီယာဆိုတဲ့သမီးတယောက်ရှိတယ်။
    နီနာဟာ စိတ်အတက်အကျမြန်တယ်။
    အခုကောင်းလိုက်အခုဆိုးလိုက်။
    မီလီခမျာ နီနာရဲ့ဒဏ်ကိုတော်တော်ခံရတယ်။
    တကယ်တော့နီနာရောမီလီပါ အင်ဒရူးရဲ့လှည့်စားမှုထဲ ရောက်နေကြတာ။
    ရုန်းထွက်နိုင်ပါ့မလား။
    တရစ်ပြီးတရစ် ကျပ်လာတဲ့လှည့်ကွက်တွေက တော်တော် ကြောက်စရာပါ။
    အိမ်တွင်းအကြမ်းဖက်မှုဆိုတာ ဒီနေ့ခေတ်မှာ စိတ်စိတ်ကလေးကြားလာရတယ်။
    အဖေကသားသမီးကို
    ခင်ပွန်းက ဇနီးသည်ကို
    အိမ်ရှင်ကအိမ်ဖော်ကို စသဖြင့် ညှင်းပမ်းကြတယ်။
    ဘာလို့လဲ။
    ဘယ်လိုရုန်းထွက်ကြလဲ။
    ဘယ်လိုအဖြေရှာကြလဲ။
    ခက်တာကအိမ်ပြင်မှာလဲအကြမ်းဖက်နေကြတော့ အိမ်တွင်းကိုသတိမမူမိတာလဲဖြစ်နိုင်တယ်။
    တအိမ်ထဲဖြစ်တဲ့ကိစ္စမဟုတ်ပါဘူး၊လူ့အသိုင်းအဝိုင်းတခုလုံးကိုအကျည်းတန်စေမှာမဟုတ်လား။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

သက်ပိုင် စာအုပ်များ